Wednesday, October 10, 2012

"စင်ကာပူမှာ ပြုလုပ်မယ့် Rဇာနည်ရဲ့ တစ်ကိုယ်တော်ရှိုး အကြောင်း"

Ever November | 10/10/2012 02:53:00 PM | Best Blogger Tips

Acid အဖွဲ့နဲ့အတူ ဂီတလမ်းကြောင်း ပေါ်ကို လျှောက်လှမ်း လာခဲ့ပြီး "ငါ့ကိုချစ်တဲ့ သူ"ဆိုတဲ့ ပထမဆုံး တေးစီးရီးနဲ ပရိသတ် အားပေးမှုရရှိခဲ့သူ၊ "စည်းတစ်ဖက်ခြား"၊ "အဆိပ်တက်အိပ်မက်"စတဲ့ တစ်ကိုယ်တော် စီးရီးသုံးခွေ ထွက်ရှိထားပြီး အတွဲခွေပေါင်း များစွာမှာ မပါမဖြစ် အဆိုတော် တစ်ဦးဖြစ်တဲ့ Rဇာနည်ဟာ ၂၁ရာစုမှာ ပရိသတ်ရဲ့ ရင်ကို သီချင်းကောင်း များစွာနဲ့ လှုပ်ခတ် စေခဲ့သူဖြစ်ပါတယ်။ ပေါ့ပ်၊ရော့ခ်တေးသံရှင် တစ်ဦးဖြစ်တဲ့ Rဇာနည်ဟာ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေမှာလည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့သူဖြစ်ပါတယ်။ အခု Rဇာနည်ရဲ့ နောက်ထပ် တစ်ကိုယ်တော်ရှိုး ကိုတော့ စင်ကာပူနိုင်ငံမှာLucky Boss ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Thousand Islands ခရီးသွား လုပ်ငန်းရဲ့ စီစဉ်မှုနဲ့ အတူ အောက်တိုဘာ ၂၇ရက်နေ့မှာ ကျင်းပ ပြုလုပ်တော့ မှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲ ခရီးစဉ်ကတော့ ၅ရက် ကြာမှာ ဖြစ်ပြီး အလည်အပတ် ခရီးများ လည်းပါဝင်တာကြောင့် မြန်မာပြည်ကနေ လိုက်လံ အားပေးမယ့် သူများ အနေနဲ့ ၅ရက် ခရီးစဉ်ကို အပြီးအစီး ဒေါ်လာ၁၂ဝဝနဲ့ လိုက်ပါခွင့် ရရှိမှာဖြစ်ပါတယ်။ စင်ကာပူက နေအားပေးကြမယ့် ပရိသတ်တွေ အနေနဲ့ တော့ လက်မှတ်များကို ဒေါ်လာ ၃ဝ၊၄ဝ၊ ၅ဝ၊၆ဝနဲ့ ဝယ်ယူ အားပေးနိုင်မှာ ဖြစ်ပါတယ်။ စင်ကာပူမှာ ပထမဆုံး ပြုလုပ်မယ့် Rဇာနည် ရဲ့တစ်ကိုယ်တော်ရှိုး အတွက် Rဇာနည်ကို စင်ကာပူက ပရိသတ်အားကိုရော ဘယ် လောက်ထိ ယုံကြည်မှု ရှိလဲလို့မေးတော့..
"ကျွန်တော်တို့ရှေ့မှာ အဖွဲ့လိုက်သွား တဲ့ဖျော်ဖြေပွဲတွေ မှာတော့ ကျွန်တော် တို့ တစ်ယောက် ချင်းစီကို အားပေးကြပါတယ်။ အခု အဖွဲ့မှာလည်း ကျွန်တော့် ကို လာအားပေး ဖို့မျှော်လင့်ပါတယ်။ သီချင်းကတော့ ဒီမှာပဲ တိုက်သွားမယ်။ The Trees နဲ့ ဆိုတော့ တအားကြီးတော့ တိုက်စရာ မလိုပါဘူး။ သီ ချင်းအပုဒ် ၃ဝ နီးပါးတော့ ဆိုမှာပါ"လို့ ပြောတဲ့ Rဇာနည် ရဲ့ပွဲမှာ စုံတွဲအဆိုအဖြစ် ထွန်းအိန္ဒြာဗို၊ ဝိုင်းစုခိုင်သိန်းနဲ့ အိမ့်ချစ်တို့ပါဝင်ကြမှာ ဖြစ်ပြီး သူတို့နဲ့ တွဲဆိုမယ့် သီချင်းတွေ ကိုတော့ ရွေးချယ် တုန်းပဲလို့ Rဇာနည်က ပြောပါတယ်။ စင်ကာပူမှာ တစ်ကိုယ်တော် ရှိုးပြုလုပ်တယ် ဆိုပေမယ့်လည်း ကိုယ့် မြန်မာနိုင်ငံသားတွေကိုပဲ ဖျော်ဖြေရတာ ဖြစ်ပြီး သူများနိုင်ငံ က နိုင်ငံခြားသားတွေက စိတ်ဝင်တစားနဲ့ စောင့်ကြည်ရတဲ့ အနေ အထား ရောက်အောင်တော့ ကြိုးစားရဦး မယ်လို့ Rဇာနည်က ပြောပါတယ်။
"သူများနိုင်ငံက နိုင်ငံခြားသားတွေက ကြည့်လာတဲ့ အဆင့်ရောက်အောင် ကျွန်တော်တို့ ဘက်က ကြိုးစားရဦးမှာပါ။ ဟို တုန်းက ဆိုရင် အင်္ဂလိပ် သီချင်းတို့ ကုလား သီချင်း၊ တရုတ် သီချင်းတွေပဲ ကမ္ဘာမှာများတယ်။ အခုဆို ကိုရီးယားတွေရဲ့ သီချင်းတွေ ကတော်တော် နေရာယူလာပြီ။ အဲဒီအတွက် ကိုယ့်အလုပ်ကို မှန်မှန်ကန်ကန်နဲ့ တစိုက်မတ်မတ် လုပ်ရင် ကောင်းရင် ကောင်းသလို ပတ်ဝန်းကျင်က အသိ အမှတ်ပြုမှာပါ။ ကျွန်တော်တို့ အနေနဲ့ လိုသေးတယ်လို့ပဲ ပြောရမှာပေါ့" လို့ Rဇာနည် က ပြည်ပ ကို ထိုးဖောက်စေချင်တာတွေကို ပြောပါတယ်။
Rဇာနည်က အခု လက်ရှိမှာတော့ စင်ကာပူမှာ ပြုလုပ်မယ့် သူ့ရဲ့ တစ်ကိုယ်တော် ရှိုးအတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် သီချင်း တိုက်နေပြီး တတိယ အခွေ "အဆိပ်တက်အိပ်မက်" ဗီစီဒီ အတွက်တော့ အားလုံးပြီးသွားပြီ ဖြစ်ပြီး ယွန်းဝတီလွင်မိုး နဲ့ ရိုက်ထားတဲ့ ၁၆နှစ် နတ်သမီး သီချင်း တစ်ပုဒ် ပဲ နည်းနည်းထပ်ရိုက်ဖို့ လိုတော့ တာကြောင့် သီတင်းကျွတ်ြ ပီးရင်တော့ ထွက်ရှိလာမှာ ဖြစ်တယ်လို့လည်း Rဇာနည်က သူ့ပရိသတ် ကို သတင်းပေးခဲ့ပါတယ်။
ရဲရဲ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1