Wednesday, October 10, 2012

ချန်ပီယံ ဆုကို အာဆင်နယ် မျှော်လင့်နိုင်ကြောင်း ဂီရော့ဒ် သုံးသပ်

Ever November | 10/10/2012 02:12:00 PM | Best Blogger Tips
ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နေသည့် ဂီရော့ဒ်

အာဆင်နယ် တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်က မိမိတို့ အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အရေးပါသော စိန်ခေါ်သူ အဆင့်တွင် ရှိနေပြီဟု ပြောကြားလိုက်သည်။
ယခုနွေရာသီတွင် မွန့်ပယ်လီယေး အသင်းမှ ပေါင်စတာလင် (၁၂)သန်းဖြင့် ပြောင်းရွှေ့လာသော ပြင်သစ် လက်ရွေးစင်သည် ၎င်း၏ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို ဝက်စ်ဟမ်း ယူနိုက်တက်အား (၃-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့သည်။ အာဆင်နယ်သည် အိမ်ကွင်းတွင် ချယ်လ်ဆီးကို စိတ်ပျက်ဖွယ် အရေးနိမ့်ခဲ့သော်လည်း အဝေးကွင်းတွင် ကစားရသည့် အချိန်၌ တန်းတက် အသင်းထံမှ (၃)မှတ် အပြည့်ယူကာ လမ်းကြောင်းမှန် ဆက်လက် ချီတက်လာခဲ့ခြင်း ဖြစ်သည်။
ဂီရော့ဒ်က "ကျွန်တော်တို့ အသင်းဟာ အနာဂတ်မှာလည်း ယုံကြည်မှု အပြည့်နဲ့ ဆက်ပြီး ရှေ့ဆက်နေမှာပါ။ ခုဆိုရင် အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး အခြေအနေမျိုးထိ ရှိလာပါပြီ"ဟု ပြောကြားသွားသည်။ ၎င်းက ယခုအခါ မိမိသည် ပရီးမီးယားလိဂ်နှင့် ပိုမို အံဝင်လာပြီဟု ခံစားရကြောင်းလည်း ဆိုသည်။ Canal+နှင့် အင်တာဗျူးတွင် ဂီရော့ဒ်က "ကျွန်တော်က ပရီးမီးယားလိဂ်ဟာ ပြင်သစ် လီဂူးထက် အဆင့်မြင့်တာကြောင့် အခြေကျဖို့ နည်းနည်း ခက်ခဲမယ်လို့ တွေးပြီးသားပါ။ ခုတော့ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ အများကြီး ယုံကြည်မှု တိုးပွားစေပါတယ်"ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1