Wednesday, October 10, 2012

အမေရိကန်အထိ ပစ်ခတ်နိုင်သော ဒုံးလက်နက်များ ပိုင်ဆိုင်ထားကြောင်း မြောက်ကိုရီးယားပြောကြား

Ever November | 10/10/2012 02:07:00 PM | Best Blogger Tips

တောင်ကိုရီးယားနိုင်ငံက ၄င်း၏ဒုံးကျည်များ ရောက်ရှိနိုင်မည့် အကွာအဝေးကို ချဲ့ထွင်ရန် အမေရိကန် ပြည်ထောင်စုနှင့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီး နှစ်ရက်အကြာ အင်္ဂါနေ့တွင် အမေရိကန်ပြည်ထောင်စု ကုန်းတွင်းပိုင်းအထိ ပစ်ခတ်နိုင်သော ဒုံးလျက်နက်များအား ပိုင်ဆိုင်ထားကြောင်း မြောက်ကိုရီးယားနိုင်ငံက ပြောကြား ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် အကွာအဝေး ၆၇၀၀ ကီလိုမီတာအထိ ရောက်ရှိနိုင်သော တာဝေးပစ်ဒုံးကျည် အမျိုးအစား သို့မဟုတ် အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်သော ဒုံးကျည်အမျိုးအစားကို တည်ဆောက်နေကြောင်း ယုံကြည်ရသည်။ သို့ရာတွင် မြောက်ကိုရီးယားနိုင်ငံ၏ အစောပိုင်းကာလ တာဝေးပစ်ဒုံး စမ်းသပ်လွှတ်တင်မှုနှစ်ရပ်မှာ အောင်မြင်ခြင်း မရှိခဲ့ပေ။ အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအရ ခြိမ်းခြောက်မှုများကို ပြန်လည် တုံ့ပြန်ရန် ပြင်ဆင် ထားကြောင်း မြောက်ကိုရီးယားနိုင်ငံ၏ အမျိုးသား ကာကွယ်ရေးကော်မရှင် သတင်းထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြထားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1