Wednesday, October 10, 2012

ဂိုးသွင်းကောင်းသော ကွင်းလယ်လူ တစ်ဦး ဖြစ်လာရန် ကလီဗာလေ မျှော်လင့်

Ever November | 10/10/2012 02:32:00 PM | Best Blogger Tips
ဂိုးသွင်းကောင်းသည့် ကွင်းလယ် ကစားသမား ဖြစ်ချင်သည့် ကလီဗာလေ

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ဂိုးသွင်းကောင်းသော ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်လာရန် ဆန္ဒရှိကြောင်း တွမ်ကလီဗာလေက ဖွင့်ဟ ပြောကြားလိုက်သည်။
တစ်ချိန်က ပေါလ်စခိုးလ်၊ ရိုင်ယန်ဂစ်နှင့် ဒေးဗစ်ဘက်ဟမ်းတို့သည် မန်ယူအတွက် သွင်းဂိုးများဖြင့် အကူအညီ ပေးခဲ့ပုံများကို စောင့်ကြည့်ရင်း လူလားမြောက်ခဲ့သော အင်္ဂလန် ကစားသမားက မိမိသည်လည်း နောင်တော်များ၏ ခြေရာကို နင်းလိုကြောင်း ဝန်ခံခဲ့သည်။ ကလီဗာလေသည် နယူးကာဆယ်လ် ယူနိုက်တက်ကို အနိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်ယူအတွက် တတိယဦးဆောင်ဂိုးကို အလွန်လှပသော ကန်ချက်ဖြင့် သွင်းယူပေးခဲ့သည်။ ကလီဗာလေက အလားတူ သွင်းဂိုးများကို နောက်ထပ်လည်း အသင်းအတွက် ရယူပေးလိုကြောင်း ပြောဆိုခဲ့သည်။
"ပြီးခဲ့တဲ့ ရာသီက ကျွန်တော် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ လူတိုင်း သိပါတယ်။ ခုချိန်မှာတော့ ကျွန်တော် အနာဂတ်အတွက်ပဲ စိတ်လှုပ်ရှားနေမိပါပြီ။ မန်ယူနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရတာဟာ ကျွန်တော့်အတွက် အရမ်း ဂုဏ်ယူရတဲ့ ပုံရိပ်တစ်ခု ဖြစ်ပါတယ်"ဟု ကလီဗာလေက ဆိုသည်။ ကလီဗာလေသည် မန်ယူအတွက် ၎င်း၏ ပထမဆုံး ပြိုင်ပွဲအဆင့် သွင်းဂိုးကို ကက်ပီတယ်လ်ဝမ်း ဖလားပြိုင်ပွဲတွင် နယူးကာဆယ်လ်ဘက်သို့ သွင်းယူခဲ့သလို Sports Directတွင်လည်း ပြောင်မြောက်လှသည့် နောက်တစ်ဂိုးကို ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက "နယူးကာဆယ်လ်ဘက်ကို အံ့ဩစရာ ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာ တကယ့်ကို ကြည်နူးစရာပါ။ ခုရာသီမှာ ကျွန်တော်ဟာ ဂိုးသွင်းဖို့ ပိုပြီး တာဝန်ယူနိုင်မယ်လို့ ခံစားရပါတယ်။ ကျွန်တော့်ရဲ့ အဆုံးသတ် ဂိုးသွင်းစွမ်းရည် မြင့်တက်လာအောင် ဆက်ကြိုးစားမှာပါ။ ကွင်းလယ် ကစားသမားတွေရဲ့ အရည်အသွေးတွေထဲမှာ ဂိုးသွင်းနိုင်စွမ်းကလည်း လိုအပ်ပါသေးတယ်။ ကျွန်တော့် အနေနဲ့ ဂိုးတွေ သွင်းယူနိုင်တဲ့ အလယ်တန်း ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ကလီဗာလေက နယူးကာဆယ်လ်ဘက်သို့ အဝေးမှ လှမ်းကန်ခဲ့သည့် သွင်းဂိုးနှင့် ပတ်သက်ပြီး "ကျွန်တော် ဂိုးပေါက်ကို လှမ်းကြည့်လိုက်တော့ ဂိုးသမားက နည်းနည်းလေး ရှေ့ထွက်နေတယ်။ သူ့ကို ကျော်ကန်ရင် ဂိုးရနိုင်မယ်လို့ ကျွန်တော် ရုတ်တရက် တွေးလိုက်မိတယ်။ အဲဒီအချိန်မှာပဲ ဘောလုံးကို ကန်မိပြီးသား ဖြစ်နေပြီ။ ထိချက်ကလည်း တိတိကျကျ မှန်သွားပါတယ်။ အဲဒီတော့ သိပ်ကောင်းတဲ့ ဂိုးတစ်ဂိုး ဖြစ်သွားတော့တာပါပဲ"ဟု ရှင်းပြသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1