Thursday, October 11, 2012

လက်နက်များသယ်လာသူ လော့စ်အိန်ဂျလိစ်လေဆိပ်၌ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး

Ever November | 10/11/2012 03:54:00 PM | Best Blogger Tips

ဂျပန်နိုင်ငံမှ ပျံသန်းလာသော လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါလာသော အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို လက်နက်များနှင့်အတူ တွေ့ရှိရသဖြင့် လော့စ်အိန်ဂျလိစ်လေဆိပ်၌ ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။ အဖမ်းခံရသူမှာ ယောင်ဒါဟွန်ဟဲရစ် ဆိုသူဖြစ်ပြီး တရုတ်မျိုးနွယ် တစ်ဦးဖြစ်ကာ အမေရိကန် နိုင်ငံသား ခံယူထားသူဖြစ်သည်။ ၄င်းသည် ကျည်ကာအင်္ကျီ ၀တ်ဆင်ထားပြီး မီးလောင်ကျွမ်းနိုင်ခြင်း မရှိသော ဘောင်းဘီကိုလည်း ၀တ်ဆင်ထားကြောင်း၊ လက်နက်ငယ်များ သယ်ယူလာမှုဖြင့် ၄င်းကို ဖမ်းဆီးလိုက်ကြောင်း လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ်၌ အောက်တိုဘာ ၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၄င်းကို ထိန်းသိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ဟဲရစ်သည် မကြာသေးမီက ဂျပန်နိုင်ငံ၌ နေထိုင်ခဲ့ပြီး အမေရိကန်နိုင်ငံ ဘော်စတွန်မြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။ ဟဲရစ်၏ ခရီးဆောင်သေတ္တာကို စစ်ဆေးရာတွင် ပိုင်ရိုတက်စနစ် မီးခိုးလက်ပစ်ဗုံးတစ်လုံး၊ ဓားမြောင်များ၊ ဓာတ်ငွေ့ကာမျက်နှာဖုံး၊ ဘေးအန္တရာယ်ကာကွယ်ရေး ၀တ်စုံတို့ကို ရှာဖွေတွေ့ရှိရကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1