Thursday, October 11, 2012

ရမှတ် အသာစီး ရထားမှုကို ကြိုးစား ထိန်းသိမ်းရန် ဘာစီလိုနာကို ဖာဘရီဂက်စ် တိုက်တွန်း

Ever November | 10/11/2012 03:44:00 PM | Best Blogger Tips
ရမှတ် အသားစီး ရထားမှုကို ထိန်းသိမ်းရန် ပြောလိုက်သည့် ဖာဘရီဂက်စ်

စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲများတွင် စောစောစီးစီး ရမှတ် အသာစီး ရထားမှုကို ထိန်းသိမ်းရန် အသင်းဖော်များအား ဘာစီလိုနာ ကွင်းလယ်လူ ဆက်စ်ဖာဘရီဂက်စ်က တိုက်တွန်းလိုက်သည်။
နည်းပြ တီတို ဗီလာနိုဗာ၏ အသင်းသည် လက်ရှိ ချန်ပီယံလည်း ဖြစ်သော မဟာ ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ်ကို (၈)မှတ်ဖြတ်ကာ အမှတ်ပေး ဇယား ထိပ်ဆုံးမှ ဦးဆောင်နေသည်။ ဘာစီလိုနာသည် အမှတ်ပေးပွဲ (၇)ပွဲတွင် (၁၉)မှတ် ရရှိကာ အရှိန်ကောင်းကောင်း ဆက်လက် ချီတက်နေပြီး စပိန် လက်ရွေးစင် ဖာဘရီဂက်စ်က မိမိတို့၏ ပွဲစဉ်များအပေါ် စူးစိုက်မှုကို လျှော့မချ လိုက်ရန် အသင်းဖော်များအား သတိပေး ပြောကြားခဲ့သည်။ အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် တာဝန် ယူခဲ့ဖူးသည့် ဖာဘရီဂက်စ်က ဘာစီလိုနာ အနေဖြင့် အမှတ် အသာစီး ရမှုကို မြှင့်တင်နိုင်သမျှ မြှင့်တင် ရပ်တည်ရန် လိုကြောင်း ဆိုသည်။
"ကျွန်တော်တို့ဟာ ရာသီ အစပိုင်းမှာ အမှတ် အသာစီးရမှု ကြီးကြီးမားမား ရှိထားပါပြီ။ ဒါကို အကောင်းဆုံး ထိန်းသိမ်း ရှေ့ဆက်ဖို့ လိုပါတယ်။ ရာသီ အစောပိုင်းမှာ ကတည်းက ရမှတ်တွေ မြင့်မြင့်မားမား ပိုင်ဆိုင်ထားတာ သိပ်ကောင်းပါတယ်။ လက်ရှိမှာ အရေးကြီးတာက ဘာစီလိုနာဟာ ခုလိုပဲ တူညီတဲ့ စူးစိုက် နှစ်မြှုပ်မှု စိတ်ဓာတ်နဲ့ ရှေ့ဆက်နေဖို့ပါပဲ"ဟု ဖာဘရီဂက်စ်က သုံးသပ်ခဲ့သည်။ ဖာဘရီဂက်စ်က နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် အသင်းအတွက် ပထမဆုံး လေ့ကျင့်ခန်း ပြန်ဆင်းနေသည့် အဲရစ် အဘီဒယ်လ်ကိုလည်း အားပေးစကား ပြောခဲ့သည်။
"ခုလို ခွဲစိတ်မှုကြီး ပြီးတဲ့နောက်မှာ အသင်းနဲ့ ပြန်ပူးပေါင်းတဲ့ သူ့ကို မြင်ရတာ ထူးဆန်းနေပါတယ်။ ကျွန်တော်သာဆို အကြာကြီး နားနေရမလားလို့ ထင်မိတယ်။ အဘီဒယ်လ်ကတော့ အရာရာကို ပုံမှန်ဖြစ်အောင် ကြိုးစားနိုင်ပါတယ်။ သူ့ရဲ့ အကောင်းမြင်စိတ်နဲ့ ကြိုးစားမှုကိုတော့ တကယ်ပဲ လေးစားသင့်ပါတယ်"ဟု ဖာဘရီဂက်စ်က ပြောဆိုသွားသည်။
Ref: Soccerway
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1