Thursday, October 11, 2012

နိုင်ငံပိုင်သတင်းစာများကို လာမည့်အောက်တိုဘာလ ၁၈ ရက်မှစတင်၍ ရောင်စုံထုတ်ဝေတော့မည်ြ

Ever November | 10/11/2012 03:51:00 PM | Best Blogger Tips

နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar တို့ကို လာမည့်အောက်တိုဘာလ ၁၈ ရက်မှစတင်၍ ရောင်စုံထုတ်ဝေတော့မည်ဖြစ်ပြီး၊ ရောင်းဈေးကို ပြောင်းလဲရန်မရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ကြေညာသည်။

နေပြည်တော်နှင့် မန္တလေးတွင် သတင်းစာအားလုံးကို နေ့စဉ် ရောင်စုံထုတ်ဝေမည်ဖြစ်ပြီး၊ ရန်ကုန်တွင်မူ မြန်မာ့အလင်းနှင့် ကြေးမုံတို့ကို တစ်ပတ်ခြားစီ ရောင်စုံထုတ်ဝေမည်ဖြစ်သည်။
ဒီဇင်ဘာလလယ်မှစတင်၍ သတင်းစာအားလုံးကို ရောင်စုံထုတ်ဝေမည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ ``ပြည်သူလူထု ဗဟိုပြု အသိအမြင်ဗဟုသုတပေးဝေမည့် အသွင်သစ်ရောင်စုံသတင်းစာများ မကြာမီ ပြည်သူ့ထံမှောက်ရောက်ရှိပါတော့မည်´´ဟု ရောင်စုံသတင်းစာထုတ်ဝေမည့်အကြောင်း ကြော်ငြာတွင် ရေးသားဖော်ပြထားသည်။

ထိုသို့ ရောင်စုံသတင်းစာများ ထုတ်ဝေရန်အတွက် နိုင်ငံပိုင်သတင်းစာများက ပုံနှိပ်စက်အသစ်များကို မကြာသေးခင်က ၀ယ်ယူထားကြောင်းလည်း သတင်းရရှိသည်။
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1