Thursday, October 11, 2012

တာလီဘန်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ်၏ကိုယ်ခန္ဓာမှ ကျည်ဆန်ကိုဖယ်ရှားနိုင်

Ever November | 10/11/2012 03:47:00 PM | Best Blogger Tips

ပါကစ္စတန်နိုင်ငံ ဆွက်တောင်ကြားဒေသတွင် တာလီဘန်စစ်သွေးကြွတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရသော အသက် ၁၄ နှစ်အရွယ် တာလီဘန်ဆန့်ကျင်ရေး လှုပ်ရှားတက်ကြွသူ မိန်းကလေးငယ်၏ ကိုယ်ခန္ဓာအတွင်းမှ ကျည်ဆန်ကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆရာဝန်များက ဖယ်ရှားပေးနိုင်ခဲ့ကြောင်း သိရသည်။ ပက်ရှ်ဝါမြို့မှ ဆရာဝန်များက အဆိုပါမိန်းကလေးငယ်၏ ဦးခေါင်းမှ ဖောက်ကာ ပခုံးတွင် စိုက်ဝင်နေသည့် ကျည်ဆန်ကို ကော်ထုတ်ဖယ်ရှားပြီးနောက် ၄င်းမှာ အခြေအနေ တည်ငြိမ်မှုရှိနေသည်ဟု ဆိုသည်။ မာလာလာယူဆွမ်ဇိုင်းအမည်ရှိ အသက်(၁၄)နှစ်အရွယ် ယင်းကျောင်းသူကလေးမှာ ဆယ်ကျော်သက် အင်တာနက်ဘလော့ဂါအဖြစ် ပိုမိုထင်ရှားသည်။ ၄င်းသည် စစ်သွေးကြွ ဆန့်ကျင်ရေးစကားများကို တိုးမြှင့်ပြောကြားနေသူဖြစ်ပြီး ၄င်း၏ အင်တာနက်ဘလော့တွင် ဆွက်ဒေသ၌ တာလီဘန်တို့၏ အုပ်စိုးမှုအောက်မှ ဆိုးရွားလှသောဘ၀ကို ထုတ်ဖော်ရေးသားသူလည်း ဖြစ်သည်။ အောက်တိုဘာ ၉ ရက်တွင် ကျောင်းသူလေး မာလာလာ စာသင်ကျောင်းမှ ကျောင်းကားဖြင့် အိမ်သို့ပြန်လာစဉ်တွင် တာလီဘန်စစ်သွေးကြွတစ်ဦးက ၄င်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1