Thursday, October 11, 2012

ကြိုတင်ငွေပေးချေစနစ်ဖြင့် ပြောင်းလဲသုံးစွဲလိုသည့် GSM ဖုန်းများ အောက်တိုဘာလ၃၁ရက်နေ့နောက်ဆုံးထားပြောင်းလဲရမည်

Ever November | 10/11/2012 04:20:00 PM | Best Blogger Tips

ကြိုတင်ငွေပေးချေစနစ်(Prepaid) ဖြင့် ပြောင်းလဲသုံးစွဲလိုသည့်GSMမိုဘိုင်းဖုန်းများသည် အောက်တိုဘာလ ၃၁ရက်နေ့ နောက်ဆုံးထား၍ ၄င်းစနစ်သို့ ပြောင်းလဲနိုင်ပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ GSM Postpaid စနစ်ဖြင့် ဆက်လက်သုံးစွဲ မည့်ဖုန်းများမှာမူ ၄င်းတို့၏ ခေါ်ဆိုခကျသင့်ငွေများအား သတ်မှတ်ထားသည့်ဘဏ်များမှသာ ပေးချေရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြေငြာချက်
များအရ သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့ များရှိ GSM Postpaid စနစ် ဆက်လက်သုံးစွဲမည့်သူများအနေဖြင့်  ၂၀၁၂ သြဂုတ်လသုံးစွဲခကျသင့်ငွေများအား အောက်တိုဘာလ ငွေတောင်းခံကာလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်
ငန်းရှိ ငွေလက်ခံကောင်တာများတွင် ပေးသွင်းရမည်ဖြစ်ပြီးစက်တင်ဘာလအတွက်ကျသင့်ငွေများကိုမူ နိုဝင်
ဘာလမှစတင်၍သတ်မှတ်ဘဏ်များဖြစ်သည့်  မြန်မာ့စီးပွားရေးဘဏ်၊အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊သမ၀ါ
ယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့်ယူနိုက်တက်အမရဘဏ်များမှတဆင့်သာ ပေးချေရတော့
မည်ဖြစ်ကြောင်း သိရသည်။
ကျန်ပြည်နယ်နှင့်တိုင်းများမှPostpaidစနစ်ဖြင့်သုံးစွဲလိုသူများမှာမူဖုန်းခေါ်ဆိုခကျသင့်ငွေများအား  မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်း၏ လက်ရှိငွေလက်ခံကောင်တာများတွင် ဆက်လက်ပေးသွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင်၂၀၁၂ခုနှစ် အောက်တိုဘာလ၁ရက်နေ့နောက်ပိုင်းPrepaid(ကြိုတင်ငွေပေးချေစနစ်) ဖြင့်သုံးစွဲလို
သည့် ဖုန်းများမှာမူ အောက်တိုဘာလ၃၁ရက်နေ့ နောက်ဆုံးထား၍ ၁၈၈၁၂ သို့  Yes ဟု SMS ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1