Thursday, October 11, 2012

လော်ရန်တေးကို ကမ်းလှမ်းရန် စိတ်ဝင်စားနေသည့် ဝင်းဂါး

Ever November | 10/11/2012 03:16:00 PM | Best Blogger Tips
အာဆင်နယ်မှ စောင့်ကြည့်နေသည့် လော်ရန်တေး

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဆောင်းရာသီ ဈေးကွက်ထဲတွင် အက်သလက်တီကို ဘီလ်ဘာအို တိုက်စစ်မှူး ဖာနန်ဒို လော်ရန်တေးကို ကမ်းလှမ်း ခေါ်ယူရန် ကြိုးစား လာနိုင်ကြောင်း သိရသည်။
နွေရာသီ အပြောင်းအရွှေ့ ကာလတွင် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီ မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ သွားပြီးနောက် ပုံမှန် ဂိုးသွင်းစွမ်းရည် မြင့်မားသည့် တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေသော ဝင်းဂါးသည် စပိန် လက်ရွေးစင် လော်ရန်တေးကို မျက်စိ ကျနေဆဲ ဖြစ်သည်။ လော်ရန်တေးကို ဘီလ်ဘာအို အသင်းက ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃၅)သန်း သတ်မှတ် ထားသော်လည်း ကစားသမား၏ စာချုပ်သက်တမ်း နောက်ဆုံးနှစ် အတွင်း ရောက်ရှိ နေခြင်းကြောင့် ဇန်နဝါရီ ဈေးကွက်တွင် လျှော့ဈေးဖြင့် ရောင်းထုတ်ရဖွယ် ရှိနေသည်။
ဝင်းဂါးသည် တိုက်စစ်ကို အားဖြည့်ရန် အတွက် အာဆင်နယ် နည်းပြအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ဂိုးမုဆိုး တစ်ဦးကို ဥရောပ တလွှားတွင် လိုက်လံ ရှာဖွေလျှက် ရှိနေဆဲ ဖြစ်သည်။ ပြင်သစ် လက်ရွေးစင် အိုလီဗီရာ ဂီရော့ဒ်မှာ အမ်းမရိတ်စ်တွင် ဂိုးသွင်းခြေစွမ်း အကောင်းဆုံး အနေအထား မရသေးသည့်နောက် ဝင်းဂါးသည် တောင်ပံလူ ဂါဗင်ဟိုကို တိုက်စစ်တွင် ထားကစားခဲ့ရာ အောင်မြင်မှုအချို့ ရခဲ့သော်လည်း ယင်းသည် အကောင်းဆုံး အဖြေ မဟုတ်ဟု ယူဆထားသည်။
ဝင်းဂါးသည် လော်ရန်တေးကို စိတ်ဝင်စားနေသလို အသင်းမှ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆိုထားသည့် သီအိုဝဲလ်ကော့တ် နေရာတွင် အစားထိုးရန်အတွက် ခရစ္စတယ်လ် ပဲလေ့စ်မှ ဝီလ်ဖရက်ဒ် ဇာဟာကိုလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။ ထို့အပြင် ဝင်းဂါးသည် ဆွမ်ဆီးဂိုးသမား မိုက်ကယ်ဗွမ်းကိုလည်း စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1