Wednesday, October 10, 2012

တိုက်စစ်ဆင် ကစားပုံနှင့် ပတ်သက်ပြီး ဖာဂူဆန်ထံမှ အကြံပြုချက် ရရှိခဲ့ကြောင်း ကာဂါဝါ ဖွင့်ဟ

Ever November | 10/10/2012 01:55:00 PM | Best Blogger Tips
မန်ယူ ကွင်းလယ် ကစားသမား ကာဂါဝါ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ရှင်ဂျီ ကာဂါဝါက အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည်မိမိအားတိုက်စစ်နှင့်ပတ်သက်ပြီးအကြံဉာဏ်ကောင်းများ ပေးခဲ့ကြောင်း ပြောကြားသွားသည်။
အသက်(၂၃)နှစ်ရှိ ဂျပန် လက်ရွေးစင်နှင့် ပတ်သက်ပြီး ဖာဂူဆန်က "မန်နေဂျာ တစ်ယောက် အနေနဲ့ကတော့ ကစားသမားတွေ တိုးတက်ဖို့ကို အမြဲတမ်း မျှော်လင့်နေတာပါပဲ။ ကျွန်တော်တို့ အနေနဲ့ ကာဂါဝါဆီက ပိုကောင်းလာတဲ့ အခြေအနေတွေကို လိုအပ်ပါတယ်"ဟု ပြောကြားခဲ့သည်။ ဖာဂူဆန်က တောင်ပံ ကစားသမား အန်တိုနီယို ဗလန်စီယာကိုလည်း ဂိုးပိုသွင်းရန် တိုက်တွန်းခဲ့သေးသည်။ ယခုနွေရာသီတွင် ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်ထံမှ ပြောင်းရွှေ့လာသည့် ကာဂါဝါက အသင်းမန်နေဂျာထံမှ အကြံဉာဏ်ကောင်းများ ရရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
"ဆာအဲလက်စ် ကျွန်တော့်ကို ပြောချင်တာကတော့ ဂိုးပေါက်ကို ကျောခိုင်းမနေဖို့ပါ။ ဂိုးပေါက်ကို မျက်နှာချင်းဆိုင်ထားတဲ့ အခြေအနေမှာ ကိုယ်က ပြိုင်ဘက်ရဲ့ ဂိုးကို ဦးတည်ဖို့ အကွာအဝေး ပိုလျော့သွားမှာ ဖြစ်ပါတယ်။ ဆာအဲလက်စ် ပြောချင်တာ ရှင်းရှင်းလေးပါ။ ကိုယ်က ဂိုးပေါက်ကို မျက်နှာချင်း မဆိုင်ထားရင် ကိုယ့်ဆီက ခြိမ်းခြောက်နိုင်စွမ်းမျိုး မရှိဘူးပေါ့"ဟု ပြောကြားသွားသည်။ ၎င်းက ကလပ်ဟောင်း ဒေါ့တ်မန်နှင့် ယှဉ်လျှင် မန်ယူအသင်းသည် အတွေ့အကြုံပိုင်း အလွန်အားကောင်းကြောင်းလည်း သုံးသပ်ခဲ့သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1