Thursday, October 11, 2012

မန်စီးတီးမှ ထွက်ခွာမည် မဟုတ်ဟု ဂျက်ကို ကတိပြု

Ever November | 10/11/2012 02:51:00 PM | Best Blogger Tips
မန်စီးတီးမှ ထွက်ခွာရန် အစီအစဉ် မရှိသည့် ဂျက်ကို

မန်ချက်စတာ စီးတီး အသင်းမှ ထွက်ခွာရန် အစီအစဉ် မရှိကြောင်း အီဒင်ဂျက်ကိုက အာမခံ ပြောကြားလိုက်သည်။
မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ်လ် ဖယ်လ်ကာအိုအား ပေါင်စတာလင် (၄၈)သန်း အကုန်အကျခံ ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စသည် မိမိနှင့် မပတ်သက်ဟု ဂျက်ကိုက ဆိုသည်။ ဘော့စ်နီးယား လက်ရွေးစင် တိုက်စစ်မှူးသည် မန်စီနီ အားအထားဆုံး တိုက်စစ်သမား တစ်ဦး မဟုတ်သော်လည်း ယခုရာသီတွင် အသင်းအတွက် အရေးပါသော ဂိုးများကို သွင်းယူပေးလျှက် ရှိနေသည်။
အသက်(၂၆)နှစ်ရှိ ဂျက်ကိုအား အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ် အသင်းက စိတ်ဝင်စားလျှက် ရှိသည်။ ဖယ်လ်ကာအိုနှင့် မန်စီးတီး သတင်းများ ထွက်ပေါ်လာပြီးနောက် ဂျက်ကိုအပြင် မာရီယို ဘာလော့တယ်လီနှင့် ကားလို့စ်တီဗက်ဇ်တို့၏ အနာဂတ်အပေါ် ထင်ကြေးအမျိုးမျိုး ထွက်ပေါ်လာသော်လည်း ဂျက်ကိုက "သတင်းစာတစ်စောင် ဖတ်လိုက်တာနဲ့ လိုတာထက်ပိုတဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေ မြင်နေကျပါ။ ကျွန်တော် မန်စီးတီးကို စွန့်ခွာမယ်၊ ဒါမှမဟုတ် ကျွန်တော်က အသင်းက ထွက်ချင်နေပြီ ဆိုတာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစကားမျိုး ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့သလို မန်စီးတီးမှာပဲ ဆက်နေပြီး နေရာအတွက် တိုက်ပွဲဝင်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ကျွန်တော့် ဆောင်ပုဒ်က ဘယ်တော့မှ အရှုံးမပေးနဲ့ ဆိုတာပါပဲ။ ကျွန်တော့်အပေါ် အမြဲတမ်း နှစ်နှစ်ကာကာ အားပေးခဲ့တဲ့ မန်စီးတီး ပရိသတ်တွေကို ကျွန်တော်က ဂိုးတွေ ပိုသွင်းပြီး ပေးဆပ်ချင်ပါတယ်။ ဒါဟာ ကျွန်တော် ရှေ့ဆက်မျှော်လင့်ထားတဲ့ တစ်ခုတည်းသော အရာပါပဲ"ဟုလည်း ဖွင့်ဟသွားခဲ့သည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1