Thursday, October 11, 2012

ရှေးဟောင်းထန်းလုံးအမြောက်တစ်လက် တူးဖော်တွေ့ရှိ

Ever November | 10/11/2012 03:41:00 PM | Best Blogger Tips

အရှည် ၁၃ ပေကျော် ရှည်လျား သည့် ရှေးဟောင်း ထန်းလုံး အမြောက်တစ်လက်ကို ရန်ကုန် မြို့ ပြည်သူ့ဥယျာဉ်အတွင်း အောက်တိုဘာ ၁၀ ရက်က ရှာ ဖွေတွေ့ရှိခဲ့သည်။


အဆိုပါအမြောက်သည် ၁၃ ပေ ၁ လက်မ ရှည်လျားပြီး အကြီး ဆုံးနေရာတွင် လုံးပတ် ၁၀ ပေ ၃ လက်မအထိရှိကြောင်း၊ ပြောင်း အ၀၏ အကျယ်သည် ကိုးလက်မ အထိရှိကြောင်း ယင်းအမြောက် ကို လာရောက်စစ်ဆေးသော လုံ ခြုံ
ရေးတပ်ဖွဲ့ဝင်များထံမှ သတင်း ရရှိသည်။

ရွှေတိဂုံစေတီတော် အနောက် ဘက်မုခ်အနီး ပြည်သူ့ ဥယျာဉ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြေတူးဖော်စဉ် အဆိုပါအမြောက်ကို အောက် တိုဘာ ၁၀ ရက် ညနေ ၄ နာရီခွဲ ခန့်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမြောက်၏ သက်တမ်းနှင့် မည် သူအသုံးပြုခဲ့သည်တို့အပါအ၀င် အသေးစိတ်အချက်အလက်များ ကို လတ်တလော ပြောရန်ခက်ခဲ ပြီး လေ့လာရဦးမည်ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ရှေးဟောင်းသုတေသနပညာရှင် များကပြောသည်။
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1