Wednesday, October 10, 2012

ရုရှားတွင် ဥရောပနိုင်ငံများသို့ ဖြန့်ဖြူးပေးမည့် ဓာတ်ငွေ့ပိုက်လိုင်းသစ်များ တည်ဆောက်

Ever November | 10/10/2012 01:51:00 PM | Best Blogger Tips

ရုရှားနိုင်ငံက ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့များ ဖြန့်ဖြူးပေးပို့နိုင်ရေးအတွက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်းသစ်များ တည်ဆောက်လျက်ရှိရာ ပိုက်လိုင်းသစ်နှစ်ခုကို ထပ်မံတိုးချဲ့ တည်ဆောက် သွားမည်ဖြစ်ကြောင်း နော့ဒ်စတမ်း ပိုက်လိုင်းသွယ်တန်းရေး ကုမ္ပဏီက အောက်တိုဘာ ၉ ရက်၌ ပြောကြားသည်။ ထိုသို့ ပိုက်လိုင်းအသစ် သွယ်တန်းရန် ရုရှားနိုင်ငံမှ ဂတ်စ်ပရွမ် ဓာတ်ငွေ့ကုမ္ပဏီနှင့် နော့ဒ်စတမ်း ပိုက်လိုင်းကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ပြီးဖြစ်သည်။ ယခုအသစ် တည်ဆောက်မည့် တတိယနှင့် စတုတ္ထဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ရေးအတွက် နည်းပညာများနှင့် နည်းစနစ်အသစ်များ ထပ်မံဖြည့်ဆည်းကာ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။ နော့ဒ်စတမ်း ပိုက်လိုင်းကုမ္ပဏီသည် ရုရှားတွင် ဓာတ်ငွေ့ပိုင်လိုင်း နှစ်လိုင်း တည်ဆောက်ပေးခဲ့ရာ အရှည် ၁၂၂၄ ကီလိုမီတာရှိသည်။ ယင်းဓာတ်ငွေ့ပိုက်လိုင်းများကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလကတည်းက စတင်တည်ဆောက်ခဲ့ရာ ယခုပြီးဆုံးခဲ့ပြီဖြစ်ပြီး အောက်တိုဘာ ၈ ရက်မှ စတင်ကာ ဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိသည်။ အသစ်ထံမံ တည်ဆောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းသစ်ကို မကြာမီ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1