Thursday, October 11, 2012

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဂျပန်နိုင်ငံ၌ နိုင်ငံတကာ ဆွေးနွေးပွဲကျင်းပ

Ever November | 10/11/2012 03:26:00 PM | Best Blogger Tips

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန်ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေး သမားများနှင့် အကူအညီပေးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆန်ဒိုင်းမြို့၌ အောက်တိုဘာ ၉ ရက်က တွေ့ဆုံကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ဆန်ဒိုင်းမြို့သည် လွန်ခဲ့သည့်နှစ်က မြေငလျင်နှင့် ဆူနာမီရေလှိုင်း ဘေးအန္တရာယ်ကို ခံစားခဲ့ရသော မြို့တစ်မြို့ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် တွေ့ကြုံရချိန်တွင် ထိခိုက် ပျက်စီးမှုနှင့် လူအသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရမှုတို့ကို လျှော့ချနိုင်ရေးအတွက် ကြိုတင်အစီအစဉ်များ ရေးဆွဲ၍ ချမှတ်ဆောင်ရွက်ကြရန် နှစ်ရက်ကြာ ကျင်းပသော ဆွေးနွေးပွဲတွင် သဘောတူညီကြသည်။ ဆန်ဒိုင်းမြို့၌ ကျင်းပသော ဆွေးနွေးပွဲသို့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ အကြီးအကဲများလည်း တက်ရောက်ကြသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1