Wednesday, January 9, 2013

အာဆင်နယ် ပစ်မှတ် ဗီလာကို ရောင်းမည် မဟုတ်ဟု ဘာစီလိုနာ အတည်ပြု

Ever November | 1/09/2013 05:56:00 PM | Best Blogger Tips
ဘာစီလိုနာတွင် ဆက်ရှိနေနိုင်သည့် ဗီလာ

အာဆင်နယ် အသင်းက အလေးအနက် ချိန်ရွယ်နေသော်လည်း ဒေးဗစ် ဗီလာကို ရောင်းမည် မဟုတ်ဟု ဘာစီလိုနာဘက်က ကြေညာလိုက်သည်။
သတင်း အချို့က ဘာစီလိုနာသည် ပေါင်စတာလင် (၁၆)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါက အသက်(၃၁)နှစ်ရှိ ကစားသမားကို ဇန်နဝါရီ ဈေးကွက် အတွင်းတွင်ပင် လက်လွှတ်ဖွယ် ရှိနေကြောင်း ဖော်ပြခဲ့ကြသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ယခုဈေးကွက် ကာလအတွင်း အသင်းအတွက် လိုအပ်သော ကစားသမား တစ်ဦး၊ နှစ်ဦးမျှ ဝယ်ယူနိုင်ကြောင်း ဝန်ခံခဲ့ပြီးနောက် ဗီလာနှင့် အာဆင်နယ်တို့ ပိုမို သတင်းကြီးလာသည်။ စပိန်လက်ရွေးစင် ဗီလာသည် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဘာစီလိုနာထံ တောင်းဆိုမည်ဟုပင် သတင်းအချို့က ခန့်မှန်း ရေးသားခဲ့သည်။
သို့သော်လည်း ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က အဆိုပါ ထင်ကြေး အားလုံးကို ငြင်းဆန်သွားသည်။ (၂၀၁၀) ပြည့်နှစ်က ဗလန်စီယာ အသင်းထံမှ ပေါင်စတာလင် (၃၁)သန်းဖြင့် ဝယ်ယူခဲ့ရသော ကစားသမားကို မိမိတို့ ယခုဈေးကွက် ကာလအတွင်း မရောင်းနိုင်ဟု ရိုဆဲလ်က ဆိုသည်။ "ဆောင်းရာသီ ဈေးကွက်မှာ ဗီလာရဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်တယ်ဆိုတဲ့ ကိစ္စကို ကျွန်တော် လုံးဝ ပယ်ချလိုက်ပါတယ်။ သူဟာ ကျွန်တော်တို့ ကစားသမားပါ။ သူ့ကို လိုအပ်နေဆဲ ဖြစ်ပါတယ်။ ပြီးတော့ ဘောလုံး ရာသီက ဖြတ်သန်းဖို့ အချိန် အများကြီး ကျန်နေဆဲပါ" ဟု ရိုဆဲလ်က ပြောကြားသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1