Wednesday, January 9, 2013

မိမိကို နွေးထွေးစွာ အားပေး ထောက်ခံနေသည့် မန်ယူ ပရိသတ်အား ကျေးဇူးတင်ကြောင်း ဗန်ပါစီ ဖွင့်ဟ

Ever November | 1/09/2013 06:28:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက မိမိ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာသည့် အချိန်ကတည်းက အားပေး ထောက်ခံခဲ့သည့် ပရိသတ်များအား ကျေးဇူးတင်ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဗန်ပါစီသည် မန်ယူသို့ ရောက်ရှိလာကတည်းက ပေါ်လွင်စွာ ခြေစွမ်းပြနေပြီး အသင်း၏ ဂိုးသွင်း အများဆုံး တိုက်စစ်မှူးလည်း ဖြစ်နေသည်။ ၎င်းသည် ယခုနှစ် ဘောလုံးရာသီတွင် မန်ယူအတွက် ပြိုင်ပွဲပေါင်းစုံ သွင်းဂိုး (၂၀)ထိ ရယူပေးထားပြီး မန်ယူကိုလည်း ပရီးမီးယားလိဂ်တွင် ချန်ပီယံဆု အတွက် (၇)မှတ်ဖြတ်ကာ ဦးဆောင်ခွင့် ရနေစေခဲ့သည်။ နယ်သာလန် လက်ရွေးစင် ကစားသမားသည် မန်ယူ ပရိသတ်များက ရွေးချယ်သည့် ဒီဇင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။
၎င်းသည် ဒီဇင်ဘာလတွင် (၆)ပွဲ၌ (၅)ဂိုးထိ သွင်းယူပြနိုင်ခဲ့သည်။ ဗန်ပါစီက မိမိကို ယုံကြည်စွာ ထောက်ခံမှု ပြသခဲ့သည့် ပရိသတ်များအား ကျေးဇူးတင်ရှိကြောင်း ဖွင့်ဟခဲ့သည်။ "ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ခံရတာဟာ အမြဲတမ်း ကျေနပ်စရာပါ။ မန်ယူမှာ လျင်လျင်မြန်မြန် အထိုင်ကျလာသလို ဒီအသင်းနဲ့ ကစားရတာကိုလည်း သိပ်ကျေနပ်ပါတယ်။ ပရိသတ်တွေ အားလုံးကို သူတို့ရဲ့ အားပေးထောက်ခံမှုအတွက် ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ်။ ဒီအချက်ဟာ ဂိုးတွေသွင်းနိုင်ဖို့တင် မကဘူး၊ ကျွန်တော့်အတွက် အကူအညီကောင်းတွေလည်း ဖြစ်စေပါတယ်"ဟု ဗန်ပါစီက ပြောကြားခဲ့သည်။

၎င်းက "သိတဲ့အတိုင်းပါပဲ။ အင်္ဂလန်ကလပ် တစ်ခုအတွက် ဒီဇင်ဘာဟာ အမြဲတမ်း ဖြတ်သန်းရခက်တဲ့ ကာလမျိုးပါ။ ဒီကာလကို ကျွန်တော်တို့ အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ခုချိန်မှာ ရှေ့ဆက်လာမယ့် ရာသီအတွက် အကောင်းဆုံး မျှော်လင့်ဖို့ပဲ ရည်စူးရတော့မှာပါ"ဟုလည်း မှတ်ချက်ပြုသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1