Wednesday, January 9, 2013

မအူ ပင်မြို့၌ NLD ညီလာခံ ကျင်းပ မည့်နေ့ တွင် ဆန္ဒပြ ရန်ရှိနေ

Ever November | 1/09/2013 06:08:00 PM | Best Blogger Tips
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြမည်ဟု ပါတီဝင် အဖြစ်မှ ယာယီထုတ်ပယ်ခြင်း ခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီ လ၊  ၈ ရက်နေ့တွင် ပြောကြားသည် ။

အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ် ညီလာခံကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို  ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလော ဆယ်တော့ မြိ့နယ်ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။

ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့  ခွင့်ပြုမိန့် တောင်းထား တာပါ ။ ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော် ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံကျင်းပရေးကော်မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စားလှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပပြီးစီးချိန် အထိ ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇) ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှ ပုဒ်မ (၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင် ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းတဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ (၁၈) ရက်နေ့က ထုတ်ပေးထားတာ ၊ ကျွန်တော်တို့ ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊  ညီလာခံက (၂၈)ရက်နေ့ ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်း လိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒ လည်းပြရော ခွင့်ပြုမိန့်မရှိတော့  ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။

သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမလုပ်ဖြစ်တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာ ကတော့ ရှိသင့်ပါ တယ် ။ ဒါပေမယ့် လိုအပ်တာထက် ပိုနေရင်တော့ မကောင်းပါဘူး  " ဟု ပြောကြားသည် ။

အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံကျင်းပရေးကော် မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စု အနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်း ပပြီး စီးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီလာခံကိုလည်း ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဌ ဒေါက်တာအေးကြူ ကလည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက်ကနေ လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားမှာပါ ။ ဒီတိုင်းပြည်က မင်းမဲ့ တိုင်းပြည်မှ မဟုတ်ပဲ ။

မအူပင်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း သဘောတူညီထား ပြီးသားပါ။ သူတို့ဆီကနေ နှုတ်ကတိ ရထားပါတယ် ။  ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေ အတိုင်း ဆို အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။  မအူပင်မှာတင် မရရင် တိုင်းဝန်ကြီးချုပ် အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် " ဟု ပြောကြားခဲ့သည် ။

မအူပင်မြို့တွင် ကြားဖြတ်ရွေးကောက်ပွဲပြီးစီးချိန်မှစ၍ NLD ပါတီတွင်း မကျေလည်မှုများစတင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှကိုင်တွယ်စီမံမှုညံ့သောကြောင့် ယခုကဲ့သို့ ပြဿနာများ ကြီးထွား လာခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ၎င်း၏ အမြင်ကို ပြောကြားသည် ။
The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1