Wednesday, January 9, 2013

လီဗာပူးလ်သည် အင်္ဂလန်တွင် အကြီးကျယ်ဆုံး အသင်းဟု စတားရစ်ဂ်ျ ညွှန်းဆို

Ever November | 1/09/2013 06:03:00 PM | Best Blogger Tips

လီဗာပူးလ် အသင်းသည် အင်္ဂလန်တွင် အကြီးကျယ်ဆုံး ကလပ်အသင်း တစ်ခုအဖြစ် တည်ရှိဆဲဟု တိုက်စစ်မှူးသစ် ဒန်နီရယ်လ် စတားရစ်ဂ်ျက ညွှန်းဆိုလိုက်သည်။
လီဗာပူးလ်သည် (၁၉၉၂)ခုနှစ် ကတည်းက အမှတ်ပေး ချန်ပီယံဆုနှင့် ကင်းကွာခဲ့ရာ ပြည်တွင်းချန်ပီယံဆိုသော ဂုဏ်ပုဒ်ကို (၂၃)နှစ်တိုင်အောင် မပိုင်ဆိုင်တော့ဘဲ ဖြစ်နေသည်။ ထိုအတောအတွင်း အင်္ဂလန် ဘောလုံးလောက၏ သရဖူကို မန်ချက်စတာ ယူနိုက်တက်က အဓိက လွှမ်းမိုးလာခဲ့ပြီး လတ်တလောတွင်လည်း မန်ယူသည် မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနှင့် လန်ဒန် အခြေစိုက် ချယ်လ်ဆီးစသော အသင်းများနှင့်သာ ချန်ပီယံဆုကို ယှဉ်လုနေသည်။ လီဗာပူးလ်မှာမူ ချန်ပီယံလိဂ် ဝင်ခွင့်နေရာ အတွက်ပင် မသေချာနိုင်ဘဲ ရုန်းကန်နေရသည်။ သို့သော်လည်း ချယ်လ်ဆီးမှ ပေါင်စတာလင် (၁၂)သန်းဖြင့် အန်းဖီးလ်သို့ ရောက်ရှိလာသည့် စတားရစ်ဂ်ျကမူ အသင်းသစ်၏ ရပ်တည်မှုကို အထင်ကြီး လေးစားဆဲဟု ပြောကြားသွားသည်။
"လီဗာပူးလ်ဟာ ကျွန်တော် ကစားဖူးသမျှ အကြီးကျယ်ဆုံး ကလပ်အသင်း ဖြစ်ပါလိမ့်မယ်"ဟု လီဗာပူးလ်အသင်း အမှတ်ပေး ချန်ပီယံဆုကို နောက်ဆုံးပိုင်ဆိုင်ခဲ့စဉ် ကာလများအတွင်းက မွေးဖွားခဲ့သည့် အသက်(၂၃)နှစ်အရွယ် ကစားသမားက ဆိုသည်။ ၎င်းက "ပရီးမီးယားလိဂ်မှာတော့ လီဗာပူးလ်ထက် ပိုကြီးမားတဲ့ အသင်းမျိုး မရှိတော့ပါဘူး"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ စတားရစ်ဂ်ျက "ကျွန်တော့်ကို ဒီလို အသင်းမျိုးမှာ ကစားဖို့ အခွင့်အရေး ပေးတဲ့အတွက် မန်နေဂျာကိုလည်း ကျေးဇူးတင်ပါတယ်။ အပြောင်းအရွှေ့ ဖြစ်စေခဲ့တဲ့အတွက် ဘုရားသခင်ကိုလည်း ကျေးဇူးတင်မိတယ်။ ကျွန်တော့်အပေါ် မန်နေဂျာက ထားတဲ့ ယုံကြည်မှုက အံ့ဩစရာပါ။ ကျွန်တော် သူ့အတွက် ပေးဆပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဘောလုံးကွင်းထဲမှာ ခြေစွမ်းပြနိုင်ဖို့ပဲ ဖြစ်ပါတယ်"ဟုလည်း ဖွင့်ဟသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1