Wednesday, January 9, 2013

KIA နယ်မြေအတွင်း ဘိန်းစိုက်ပျိုးမှု ပိုမို မြင့်တက်လာ

Ever November | 1/09/2013 05:48:00 PM | Best Blogger Tips
ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးခဲ့သည်မှာ ကာ လကြာမြင့်ခဲ့ပြီဖြစ်သည်။ 
ကချင် လူမျိုးယောကျာင်္းလေး ၁၀ ယောက်တွင် ၆ ယောက်မှာ ဘိန်းအားနည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။ အစိုးရအနေဖြင့် KIA ထိန်း ချုပ်မှုနယ်မြေအတွင်းရှိ ဘိန်းစိုက်ခင်းများအား အုပ်
ချုပ်မှုအလှမ်းဝေးသဖြင့် ဖျက်ဆီးရန်မလွယ်ကူခဲ့ပါ။ ယခင်က KIA အဖွဲ့အနေ ဖြင့် ကျောက်စိမ်းမှော် ၊ ရွှေမှော်များ၊ ကျေးရွာများမှ ဆက်ကြေးကောက်ခံခြင်း၊ ကချင်ပြည် နယ်ရှိ သဘာဝ သယံဇာတများ အားနည်းလမ်းမျိုးစုံဖြင့်ထုတ်ယူခြင်း၊ တရုတ်ပြည်သို့သွားသော မှောင်ခိုလမ်းကြောင်းများမှ အခွန်ကောက် ခံခြင်းစသော ၀င်ငွေများဖြင့် ရပ်တည် နိုင်ခဲ့သော်လည်း ယခုအခါတိုက်ပွဲဖြစ်ပွားသဖြင့်ဝင်ငွေ ကျဆင်းပြီး ရပ်တည်နိုင်ရန် ခက်ခဲလာခဲ့သည်။
KIA အဖွဲ့အနေဖြင့် စစ်အသုံးစရိတ်ကာမိစေရန် ယခင်စိုက်ပျိုးခဲ့သော ဘိန်းစိုက်ခင်းများအား တိုးချဲ့စိုက်ပျိုး ခဲ့သည်။ KIA၏ ဘိန်းအများအပြားစိုက်ပျိုးရာဒေသများမှာ လိုင်ဇာနှင့် လိုင်စင်ပို့စ်အကြား လိုင်စင်ပို့စ်နှင့် ပန်ဝါကြား ဒေသများပင်ဖြစ်သည်။ ၎င်းအပြင် တပ်မဟာ(၂)၊ တပ်ရင်း(၆)ရှိရာ ကံဆီးဘက်တစ်ဝိုက်နှင့် ဆမားဟော်ဘက်တွင်လည်း ပိုမိုစိုက်ပျိုးလာကြောင်း DAE ၏ ၂၀၁၂ အစီရင်ခံစာအရ သိရှိရသည်။ KIA အဖွဲ့အတွင်း ဘိန်းသုံးစွဲမှုမှာ ယခင်ကတည်းကရှိခဲ့ပြီး လက်အောက်ခံအဖွဲ့များတွင်မက လိုင်ဇာရှိ KIA လူကြီးများကပါ သုံးစွဲကြသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်နေသည်ဟု ဗိုလ်ချုပ်ဂမ်ရှောင် မှ ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ ငွေရလွယ်သော ဘိန်းစိုက်ပျိုးမှုကို ပိုမိုတိုးမြှင့် လုပ်ဆောင် လာခဲ့ကြသည်။

ပွိုင့်- ၇၇၁ တောင်ကုန်းအား သိမ်းပိုက်ရရှိချိန်တွင် စခန်းအတွင်းမှ ဘိန်းစိမ်းအပါအ၀င်စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်းလည်း သိရသည်။ KIA ခေါင်းဆောင်များသည် အသေခံတပ်သားများအဖြစ် မူးယစ် ဆေးဝါးများကို တိုက်ကျွေးပြီး အသုံးချနေကြောင်း ဤအချက်က ပိုမိုထင်ရှားပေါ်လွင်စေသည်။ KIA အဖွဲ့သည် ယခင်က အကြမ်းဖက်လုပ်ငန်းများကိုသာ ဆောင်ရွက်သောအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ရာမှ ယခုအခါ ဘိန်းမှောင်ခိုလုပ်ငန်းကိုပါလုပ်ကိုင်လာပြီဖြစ်သည်။ KIA အဖွဲ့အတွင်း မူးယစ်ဆေး ၀ါးသုံးစွဲပါက ပြစ်ဒဏ်ပေးမည်ဟု ကြေငြာထားသော်လည်း လက်ရှိကာလတွင် KIA အဖွဲ့သားအားလုံးနီးနီး မူးယစ်ဆေးဝါးကိုသုံးစွဲနေကြသဖြင့် အရေးမယူနိုင်ဖြစ်နေသည်။ ၎င်းအပြင် စစ်အသုံးစရိတ်အတွက် KIA ခေါင်းဆောင်များကိုယ်တိုင် ဘိန်းအားပိုမိုတိုးချဲ့စိုက်ပျိုးစေခြင်းကြောင့်လည်း ဖြစ်သည်။
KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကချင်ပြည်နယ်တစ်ခုလုံးဒုက္ခရောက်ခဲ့ရသည့်အပြင် လူသား မျိုးနွယ်တစ်ခုလုံး အညွန့်တုံးစေနိုင်သော မူးယစ်ဆေးဝါးကို တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိပါ သည်။
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1