Wednesday, January 9, 2013

ကြံ့ချိုများ မှောင်ခိုသယ်ဆောင်သူကို ဗန်ကောက် နိုင်ငံတကာလေဆိပ်၌ ဖမ်းမိ

Ever November | 1/09/2013 05:46:00 PM | Best Blogger Tips

ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်ရှိ နိုင်ငံတကာ လေဆိပ်တွင် ကြံ့ချိုများ မှောင်ခိုသယ်ဆောင်သူ ဗီယက်နမ်လူမျိုး တစ်ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းတာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။ အဆိုပါ ဗီယက်နမ် အမျိုးသားသည် ဒေါ်လာ ၆ဝဝဝဝဝ ကျော်ခန့် တန်ဖိုးရှိ ကြံ့ချိုများကို ၄င်း၏ ခရီးဆောင်သေတ္တာ အတွင်း၌ထည့်ကာ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းကြံ့ချိုများကို မိုဇမ်ဘစ်နိုင်ငံမှ သယ်ဆောင်လာခဲ့သည်ဟု ယူဆရကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အာဏာပိုင်များက ပြောကြားသည်။ အသက် (၅၆)နှစ် အရွယ်ရှိ ဗီယက်နမ် အမျိုးသားသည် ဇန်နဝါရီ ၆ ရက်က အီသီယိုးပီးယားနိုင်ငံမှ ပျံသန်းလာသော ခရီးသည်တင် လေယာဉ်တစ်စင်းဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း၊ ၄င်းသည် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ ထွက်ခွာမည့် လေယာဉ်တစ်စင်းနှင့်အတူ လိုက်ပါရန် စောင့်ဆိုင်းနေချိန်အတွင်း ကြံ့ချိုများနှင့်အတူ အဖမ်းခံရခြင်းဖြစ်ကြောင်း သုဝဏ္ဏဘူမိလေဆိပ်မှ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အရာရှိတစ်ဦးက ပြောသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1