Wednesday, January 9, 2013

ဘတ္တနာကို လာမည့် ရာသီတွင် မန်ယူ အငှား ချထားဖွယ်ရှိ

Ever November | 1/09/2013 05:52:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဘယ်နောက်ခံ ကစားသမား အလက်ဇန္ဒား ဘတ္တနာကို အငှား ချသွားရန် စဉ်းစားနေကြောင်း သိရှိရသည်။
ယခုနှစ် ဘောလုံးရာသီ အပြီးတွင် နယ်သာလန် ဘယ်နောက်ခံ ကစားသမားအား အိုးလ်ထရက်ဖို့ ပြင်ပတွင် အတွေ့အကြုံ သိုမှီးရန် မန်ယူက စေလွှတ်ဖွယ် ရှိနေသည်။ အသက်(၂၃)နှစ်ရှိ ဘတ္တနာသည် လတ်တလောတွင် မန်ယူ ခံစစ်ကြောင်း၌ ပြင်သစ်ဝါရင့် ပက်ထရစ် အီဗရာ၏ နေရာကို စိန်ခေါ်နိုင်ခြင်း မရှိသေးဘဲ အရန်ခုံတွင်သာ ရုန်းကန်နေရသည်။ ပြီးခဲ့သည့် နွေရာသီကမှ ဗီတက်ဆီ အန်ဟမ်း အသင်းမှ ပြောင်းရွှေ့လာသော ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ (၁)ပွဲသာ ကစားခွင့် ရထားသည်။ ၎င်းသည် ထိုပွဲတွင်ပင် ဝီဂန်ဘက်သို့ ပရီးမီးယားလိဂ် အဖွင့်ဂိုးကို သွင်းယူပြခဲ့သည်။
ဘတ္တနာသည် မန်ယူအသင်း၏ ဖလားပြိုင်ပွဲများတွင်မူ မကြာခဏ ပါဝင်ခွင့် ရခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဉ်အချို့တွင် ပွဲထွက်နိုင်ခဲ့သလို FAဖလားတွင် ဝက်စ်ဟမ်း ယူနိုက်တက်နှင့် (၂)ဂိုးစီ သရေကျရာ၌ မိနစ်(၉၀)ပြည့် ကစားခဲ့သည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဘတ္တနာ၏ အနာဂတ် အလားအလာအပေါ် ယုံကြည်ကြောင်းနှင့် ယင်းအတွက် ၎င်းကို အတွေ့အကြုံပိုင်း ပိုမို အားကောင်းလာစေလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။ ဖာဂူဆန်က "ဘတ္တနာကို ခေါ်ခဲ့တာက အနာဂတ်အတွက်ပါ။ ပြောရရင် အီဗရာ့ နေရာကို ဆက်ခံစေဖို့ပါ"ဟု ဆိုသည်။
၎င်းက "ကျွန်တော်တို့ လိုလားတာက တိုက်စစ် ဗီဇာညာဉ်မျိုး ရှိတဲ့ ဘယ်နောက်ခံ ကစားသမားမျိုး ဖြစ်ပါတယ်။ သူ့ဆီမှာ ဒီဟန်ပန်မျိုး မြင်နိုင်တယ်။ သူဟာ အသင်းမှာ အကောင်းဆုံး လေ့ကျင့်နေပါတယ်။ ပြီးတော့ အင်္ဂလန်မှာလည်း အခြေကျနေပါပြီ။ ဒါပေမဲ့ မတူညီတဲ့ နိုင်ငံတစ်ခုက အသင်းကြီး တစ်ခုမှာ ပုံမှန်ကစားဖို့ ဆိုရင် အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေမယ်ဆိုတာ မပြောဘဲ သိနိုင်မှာ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြုခဲ့သည်။ မန်ယူသည် အကယ်၍ ရာသီကုန်တွင် ဘတ္တနာကို အငှားချလိုက်ပါက ၎င်းနေရာတွင် မည်သို့ ပြန်လည် ဖြည့်တင်းမည်ကို ရှင်းရှင်းလင်းလင်း မဆုံးဖြတ်သေးချေ။

ဘရာဇီးလ် လူငယ် ကစားသမား ဖေဘီယို ဒါဆေးလ်ဗားမှာ QPRတွင် အငှားရောက်ရှိနေပြီး အိုးလ်ထရက်ဖို့ဒ်သို့ ရာသီကုန်၌ ပြန်လည် ခေါ်ယူခြင်း ရှိမရှိ မသေချာသေးချေ။ မန်ယူသည် အဲဗာတန် အသင်းမှ လေတန်ဘိန်းစ်ကို ချိတ်ဆက်နေသည်ဟု ယုံကြည်ရသလို အသက်(၁၈)နှစ်အရွယ် လူငယ် ကစားသမားလေး တိုင်လာဘလက်ကက်ကိုလည်း အထိုက်အလျှောက် နေရာပေးလာဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1