Wednesday, January 9, 2013

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ

Ever November | 1/09/2013 06:00:00 PM | Best Blogger Tips
ရန်ကုန်မြို့အတွင်းရှိမိုဘိုင်းအရောင်းဆိုင်များမြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင် အဆိုင် ရောင်းချနိုင် ရန် အတွက် ပြင် ဆင်မှုများပြုလုပ်လာကြောင်းရန်ကုန်မြို့အတွင်းမိုဘိုင်းအရောင်းဆိုင်များမှတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များအနေဖြင့် ဆိုင် အတွင်းပြင်ဆင်မှုများအပြင် ၀ယ်ယူသူများကို ၀န်ဆောင်မှုပေးနိုင်ရန်အတွက်ပြင်ဆင်ထားလျက်ရှိပြီး One Stop Service ဖြင့် ရောင်းချနိုင်ရန် အတွက်ကိုပါ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှ မန်နေဂျာ ဦးကိုကိုအောင်က ''ဆက်သွယ်ရေး ဖုန်းတွေ ဈေးလျော့ပေး မယ် ဆိုတာတော့ ကြားပြီးပါပြီ။ ဒါက အရင်လိုပါပဲ ဈေးကျမယ်ဆိုတာနဲ့ ဆိုင်တိုင်းကတော့ အပြင် အဆင်တွေရော၊ ၀န်ဆောင်မှုပိုင်းရော၊ အကုန်လုံးကို ပြင်ဆင်လာကြပါတယ်။ နှစ်သိန်းဈေး ကျတုန်း ကတော့ တော်တော်ရောင်းရတယ်။ ဟန်းဆက်တွေရော ဖုန်းကတ်တွေရော ရောင်းရတယ်။အခု လည်း ရောင်းရမယ်လို့တော့ ထင်ပါတယ်။ ဆိုင်မှာကတော့ ၀န်ထမ်းအင်အားရော ပစ္စည်းပိုင်း ကိုပါ ဖြည့်ထားပါတယ်'' ဟုပြောသည်။

Today Mobile အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုနေလင်းထွန်းက ''ဈေး ကျမယ်ဆိုတော့ ဆိုင် တိုင်းက ပြင် ဆင်မှုတွေရှိပါတယ်။ တချို့ဝယ်တဲ့သူတွေဆိုရင် အခုကတည်းက ဟန်းဆက်တွေကို ကြိုတင်ပြီးတော့ ၀ယ်ကြတာတွေ ရှိပါတယ်။ အခုက တစ်သိန်းဝန်းကျင်ဆိုတော့ ဖုန်းတွေကို အမြင့်တွေပဲ ၀ယ်ကြတာ များမယ် ထင်ပါတယ်။ ငါးသိန်းတုန်းကတောင် ၀ယ်ကြတာပဲ၊ အခုက တစ်သိန်းဆိုတော့ ပိုတောင် ၀ယ်ကြ မယ်လို့ ထင်ပါတယ်'' ဟု ပြောပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဆင်းမ်ကတ်များ၏ ဈေးနှုန်းများကို ၂၀၀၉ ခုနှစ်တွင် ငွေကျပ် ငါး သိန်းဖြင့် ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်ငွေကျပ်နှစ်သိန်းဖြင့် ရောင်းချပေးခဲ့ကာ ယခု ၂၀၁၃ ခုနှစ်တွင် မိုဘိုင်း ဆင်းမ်ကတ်များ ဈေးနှုန်းများကို တစ်သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1