Wednesday, May 1, 2013

လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် အာဆီယံနှင့် ဟောင်ကောင် လက်မှတ်ရေးထိုး

Ever November | 5/01/2013 02:04:00 PM | Best Blogger Tips

တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် စီးပွားရေးအရ မဟာမိတ်ပြုဆောင်ရွက်ရေးဟူသော မဟာဗျူဟာ ရည်မှန်းချက်နှင့် အညီ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟောင်ကောင် ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဂရီဂိုရီဆိုးက ပြောကြားသည်။ အာဆီယံအသင်းသည် ဟောင်ကောင်ဒေသအတွက် ကုန်ပစ္စည်းကုန်သွယ်မှုအရ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ၀န်ဆောင်မှုအရ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်ဒေသဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ အာဆီယံနိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုရှိကြသော ဟောင်ကောင်ကုမ္ပဏီများနှင့် မိမိတို့ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ လွတ်လုပ်သော ကုန်သွယ်ရေးဒေသ ထူထောင်ရေးကိစ္စသည် လုပ်ငန်းစဉ်အရ ရှုပ်ထွေးလှသဖြင့် အချိန်ဇယား သတ်မှတ်မထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1