Wednesday, May 1, 2013

ဆာဘီးယားလူငယ် မာကိုဗစ်ကို ချယ်လ်ဆီး ခေါ်ယူရန် နီးစပ်

Ever November | 5/01/2013 01:59:00 PM | Best Blogger Tips

ချယ်လ်ဆီးအသင်းသည် ဆာဘီးယား လူငယ်ကြယ်ပွင့်လေး လာဇာ မာကိုဗစ်ကို ခေါ်ယူရန် တစ်စထက်တစ်စ နီးစပ်လာနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၁၉)နှစ်သာ ရှိသေးသည့် ပါတီဇန်ဘဲလ်ဂရိတ်အသင်း တိုက်စစ်မှူးလေးသည် အင်တာမီလန်၊ လီဗာပူးလ်စသော အသင်းများ၏ စိတ်ဝင်စားမှုကို မျက်ကွယ်ပြုကာ နွေရာသီတွင် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရှိရသည်။ မာကိုဗစ်သည် ဘောလုံးရာသီ မကုန်မီ စတမ်းဖို့ဒ်ဘရစ်ဂ်ျနှင့် ဆက်သွယ်မှုများ အားကောင်းလာပြီး ပေါင်စတာလင် (၆)သန်းတန် ပြောင်းရွှေ့ကြေးဖြင့် ကလပ်နှစ်ခုကြား သဘောတူညီမှု တည်ဆောက်နိုင်ဖွယ် ရှိနေသည်။ ချယ်လ်ဆီးတွင် မာကိုဗစ်နှင့် တစ်နိုင်ငံတည်းသား ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကလည်း အပြောင်းအရွှေ့ ညှိနှိုင်းမှုများအတွက် တစ်စိတ် တစ်ဒေသမှ ကူညီခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးကို ယာယီမန်နေဂျာအဖြစ် တာဝန်ယူခဲ့ဖူးပြီး လက်ရှိ ပါတီဇန်အသင်း နည်းပြဖြစ်နေသည့် အေဗရမ်ဂရန့်ကလည်း ကစားသမားလေး၏ အပြောင်းအရွှေ့ကို ထောက်ခံလိုက်လျောထားကြောင်း သတင်းများက ဆိုသည်။ မာကိုဗစ်သည် မြန်နှုန်းမြင့်ပြီး ဘောလုံးကို တိုက်ရိုက်ကျကျ အပေးအယူလုပ် ကစားတတ်ကာ နောက်ချန် တိုက်စစ်သမား နေရာတွင် အဓိက တာဝန်ယူလေ့ ရှိသည်။ ချယ်လ်ဆီးအသင်း၏ အခြားလူငယ် ကစားသမား တစ်ဦးဖြစ်သည့် တောင်ပံလူ ကီဗင်ဒီဘရွမ်းမှာမူ ၎င်း၏ အနာဂတ်ကို လာမည့်သီတင်းပတ်တွင် ချယ်လ်ဆီး တာဝန်ရှိသူများနှင့် ဆွေးနွေးမည် ဖြစ်သည်။

၎င်းသည် ဂျာမန်ကလပ် ဝါဒါဘရီမင်တွင် အငှားကစားလျှက် ရှိနေပြီး ရာသီကုန်တွင် မိခင်ကလပ်သို့ ပြန်ရေး၊ သို့မဟုတ် ၎င်းကို စိတ်ဝင်စားနေသည့် ဘိုရပ်ရှားဒေါ့တ်မန်နှင့် ဘေယာလေဗာကူဆင် တစ်သင်းသင်းကို ချိတ်ဆက် ဆွေးနွေးရေး အဖြေတစ်ခုခု ထွက်ပေါ်လာရန် ဒီဘရွမ်းက မျှော်လင့်လျှက်ရှိသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1