Wednesday, May 1, 2013

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့လည်း ဖွင့်လှစ်သွားရန်စီစဉ်

Ever November | 5/01/2013 02:48:00 PM | Best Blogger Tips

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom ကို မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး

မြန်မာတစ်နိုင်ငံလုံးအနှံ့ Showroom အများအပြားကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။ “ရန်ကုန်မြို့မှာချည်းပဲ Showroom (၂၀) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အချက်အချာမြို့ကြီးတွေမှာ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Branded Shop အဖြစ် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” ဟု Huawei မှတာဝန်ရှိသူကပြောသည်။ အသစ်ဖွင့်မည့် Huawei Showroom တွင် Handset များအပြင် Huawei Media Pad နှင့် MBB (Mobile Broad Band) များလည်း ၀ယ်ယူရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ Huawei အနေဖြင့် ပြည်တွင်း မိုဘိုင်းအရောင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ Huawei ၀န်ဆောင်မှုစင်တာများကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်း မိုဘိုင်းအရောင်းကုမ္ပဏီများနှင့်ပူးပေါင်း၍ Huawei ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးရာ၌ တရားဝင်တင်သွင်းသော ထုတ်ကုန်များအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Huawei ထုတ်ကုန်များမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိ စတင်ဖွင့်လှစ်တော့မည့် Huawei Showroom များတွင် Huawei တံဆိပ်နှင့်ပတ်သက်၍ ထုတ်ကုန်များကို သီးသန့်ရောင်းချသွားခြင်းဖြစ်ကြောင်း မေလ ၅ ရက် နေ့တွင် ရန်ကုန်မြို့၌ဖွင့်လှစ်မည့် Huawei Showroom တွင်လည်း Huawei ၏ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်သည့် D2 နှင့် Mate များအား အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးသွားမည်ဟု Huawei မှ တာဝန်ရှိသူကဆိုသည်။ အဆိုပါ Showroom ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ရွှေပြည်အေးကွန်ဒိုတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က Huawei Smart Phone (၃၆) သန်းအား တစ်ကမ္ဘာလုံး နေရာအနှံ့အပြားသို့ ရောင်းချနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ၀ယ်လိုအား (၁) သန်းရှိခဲ့ကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1