Wednesday, May 1, 2013

ကျောက်ပန်းတောင်းအနီး ရွာ(၄၀)၌ သောက်သုံးရေရှားပါးနေ

Ever November | 5/01/2013 02:39:00 PM | Best Blogger Tips
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် အနီးတ၀ိုက်ရှိရွာများမှ ယမန်နှစ်မိုးခေါင်မှုများကြောင့် ရွာပေါင်း(၄၀)ရှိ လူဦးရေ ထောင်ဂဏန်းခန့်သောက်သုံးရေပြတ်လတ်မှု ကြုံတွေ့လျက်ရှိကြောင်း ဒေသခံများ ထံမှ သိရှိရသည်။ 
 
အဆိုပါ သောက်သုံးရေအခက်အခဲကြုံတွေ့နေရသော ရွာများအနေဖြင့် ရေအလှူရှင်များက လာရောက် လှူဒါန်သည့် ရေများကိုသာ အသုံးပြုလျက်ရှိသည်ဟု သိရသည်။
 
ကျွန်တော်တို့ဒေသမှာ ကန်ကြီးကြီးတွေရှိတယ်၊ ရေမ၀င်ဘူး၊ ရေအ၀င်နည်းတယ်ပေါ့ဗျာ၊ ပြီးခဲ့တဲ့နှစ်က မိုးပျက်သွားတဲ့ ပြဿနာကြောင့် တနယ်လုံးရေရှားတယ်၊ မြို့နားပတ်ဝန်းကျင်တ၀ိုက်မှာ ရှိတဲ့ ရွာတွေကို   သောက်သုံးရေ ပတ်လှူ ရတယ်ပေါ့ဗျာ၊ လက်ရှိကြုံနေတဲ့ အခက်အခဲတွေ   ပြေလည်ဖို့ဆိုရင် စက်ရေတွင်းတူးမှ အဆင်ပြေနိုင်မယ် စက်ယန္တရားက မလုံလောက်ဘူးဖြစ်နေတယ် ဟု ရေများသွားရောက်လှူဒါန်းသူ ကိုမျိုး ကိုကိုက ပြောသည်။
 
ရေရှားပါးမှုမှာ ကျောက်ပန်းတောင်းမြို့ပေါ်တွင် ကြုံတွေ့ရခြင်းမရှိသေးသော်လည်း ယခုနှစ်မိုးရာသီတွင် မိုးခေါင်မှုဖြစ်ပေါ်ပါက ရေရှားမည့်အနေအထားကြုံတွေ့နိုင်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
 
 “မြို့အတိုင်းအတာက နယ်တွေနဲ့ပတ်သတ်လို့ ရေရှားတယ်လို့တော့ မခေါ်နိုင်သေးဘူး ဒါပေမယ့် ဒီနှစ်သာ မိုးမမှန်ဘူးဆိုရင်တော့ ရှားမယ့်အနေအထားမှာရှိတယ်၊ စည်ပင်က ဒီရွာတွေမှာ ရေတွင်းတူးပေးဖို့ အမိန့်ကျ တယ်၊ သူ့အပိုင်းနဲ့သူစီစဉ်နေတာတွေ ဘယ်အင်ဂျင်နီယာက ဘယ်ရွာတွေ စသည့်ဖြင့် အနေအထားတွေ ရှိတယ် အဲလိုမျိုးတွေ လုပ်ပေးဖို့တော့ စီစဉ်နေတာတော့ရှိတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။
 
သောက်သုံးရေအခက်အခဲ ကြုံတွေ့နေသော ရွာများသို့ အစိုးရအနေဖြင့် စက်ရေတွင်းများ လာရောက် တူးပေးခြင်းများရှိသော်လည်း ထွက်ရှိသည့် ရေများမှာ သံချေးကဲ့သို့ရေများ ချဉ်ငံရေများသာ ထွက်ရှိ ခြင်းကြောင့် အသုံးပြုနိုင်ခြင်းမရှိဟုလည်း သိရသည်။
 
ရေကနေ့တိုင်းလှူနေကြရတာ စက်ရေတွင်းတွေတော့ တူးပေးကြပါတယ်။ ရေလည်း ထွက်ပါတယ်၊ ဒါပေမယ့် ထွက်တဲ့ရေက သံချေးရေတွေလို ချဉ်ငံတွေဖြစ်နေတယ်၊ အသုံးပြုလို့မရဘူး၊ အလှူရှင်ကိုပဲ အားကိုးနေ ရတယ်။ ရောဂါဖြစ်တဲ့ အနေအထားတော့ မကြုံတွေ့ရသေးဘူး ဟု ဒေသခံတစ်ဦးက ပြောသည်။
 
သောက်သုံးရေရှားပါးမှုမှာ ဆိုးဝါးလျက်ရှိပြီး ရေကန်များ၌ ရေလုံးဝမရှိတော့ဘဲ ရေခန်းခြောက်မှုဖြစ်ပေါ်ကာ တစ်နှစ်ပတ်လုံးရေရှိနေသည့် ကန်များတွင် ရေခန်းမှုများဖြစ်ပေါ်နေပြီး အရင်နှစ်များတွင် ယခုနှစ်ကဲ့သို့ ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရခြင်း မရှိကြောင်းကိုလည်း သိရှိရသည်။
 
ကျောက်ပန်းတောင်းမြို့နယ်ရှိ ရေအခက်အခဲများအား စက်ရေတွင်းတူးမှ အဆင်ပြေနိုင်မည်ဖြစ်ပြီး စက်ယန္တရား မလုံလောက်မှုများ စက်ရေတွင်း၌ အသုံးပြုသော စက်များပျက်ဆီးလျှင် ပြင်ဆင်ရာတွင် အခက်အခဲများ ရှိနေခြင်းကြောင့် ရေရှားပါးမှု၏ အကြောင်းအရင်းတစ်စိတ်တစ်ဒေသဖြစ်နိုင်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
 
 “ရေအခက်အခဲတွေ ပြေလည်ဖို့ဆိုရင်စက်ရေတွင်းတူးမှ အဆင်ပြေနိုင်မယ်။ စက်ယန္တရား မလုံလောက်ဘူး ဖြစ်နေတယ်။ တချို့ဆိုရင် စက်ရေတွင်းရှိတယ်။ ဒါပေမယ့် ပျက်နေတယ် စည်ပင်ကို အကူအညီတောင်းပြီး ပြင်ခိုင်းရတာတွေရှိတယ်။ အလှူရှင်နဲ့ ပြင်ခိုင်းရတာတွေလည်း ရှိတယ်ဟု ဒေသခံတစ်ဦးက ပြောသည်။ 
 
ယခုနှစ် နွေရာသီကာလတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာဒေသအများအပြားတွင် ရေခန်းမှု ရေပြတ်လတ် မှုများကြုံတွေ့နေရပြီး သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်းကိုလည်း သိရှိရသည်။ 
ထွန်းနေအောင် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1