Friday, June 7, 2013

Ballon d'Or ဆုအတွက် ရော်နယ်လ်ဒို တစ်ဦးသာ ထိုက်တန်ကြောင်း အိုဇေးလ်မှတ်ချက်ပြု

Ever November | 6/07/2013 10:48:00 AM | Best Blogger Tips

ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် လာမည့်နှစ် Ballon d'Or ဆုအတွက် ထိုက်တန်သည့် တစ်ဦးတည်းသော ကစားသမားဟု မီဆွတ်အိုဇေးလ်က ပြောကြားလိုက်သည်။

အသက်(၂၄)နှစ်ရှိ ဂျာမန် လက်ရွေးစင်က ၎င်း၏ ရီးယဲလ်မက်ဒရစ် အသင်းဖော် ကစားသမားသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် အသိအမှတ်ပြု ချီးမြှင့်သော အဆိုပါဆုကို ရယူနိုင်ရန် အဖြစ်သင့်ဆုံးဟု ထောက်ခံခဲ့သည်။ ယခုနှစ်အတွက် အဆိုပါဆုကိုမူ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်လ် မက်ဆီက (၄)နှစ်ဆက်အဖြစ် ရယူထားသည်။ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒိုသည် ရီးယဲလ်အတွက် ပြီးခဲ့သည့် ရာသီက ပြိုင်ပွဲစုံ (၅၅)ဂိုးထိ သွင်းယူပေးထားခဲ့သည်။ ရီးယဲလ်၏ Playmaker ကစားသမား အိုဇေးလ်က လက်ရှိ အနေအထားတွင် ရော်နယ်လ်ဒိုသည် Ballon d'Or ဆုကို မက်ဆီ၏ လက်မှ လွှဲယူရန် ဖြစ်သင့်နေပြီဟု ထောက်ခံသွားသည်။
"ရော်နယ်လ်ဒိုဟာ အသင်းအတွက် သိပ်အရေးပါတဲ့ ကစားသမားပါ။ တစ်ရာသီလုံး ပွဲတိုင်းလိုလိုမှာ သူပါဝင်ခဲ့တယ်။ ဘယ်လို ပြိုင်ပွဲဆိုတာက အရေးမကြီးဘူး။ သူအမြဲတမ်း တက်တက်ကြွကြွ ကစားတယ်။ လေ့ကျင့်ရေးကွင်းမှာ သူဘာတွေလုပ်တယ်၊ ဘယ်လိုတွေ အားထုတ်တယ်ဆိုတာ ကျွန်တော် နေ့တိုင်းနေ့တိုင်း မြင်ခွင့်ရခဲ့တယ်။ ယုံပါ။ ရော်နယ်လ်ဒိုသာ အကောင်းဆုံး ဖြစ်ပါတယ်။ ကျွန်တော့် လက်ရွေးစင် အသင်းဖော်တွေအတွက် စိတ်တော့ မကောင်းပါဘူး။ သူတို့တွေအတွက် ဥရောပ အကောင်းဆုံးဆုကိုတော့ မျှော်လင့်ခွင့် ရှိပါတယ်။ Ballon d'Orအတွက်ကတော့ ရော်နယ်လ်ဒိုမှတစ်ပါး အခြားမရှိပါပဲ"ဟု အိုဇေးလ်က မှတ်ချက်ပြုသွားသည်။

ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းသည် ယခုရာသီ အဓိက ဆုဖလားကြီး (၃)လုံးကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အိုဇေးလ်က ဘိုင်ယန် ကစားသမားများထက် ရော်နယ်လ်ဒိုသာ Ballon d'Orနှင့် ထိုက်တန်ကြောင်း ပြောကြားသွားခြင်းလည်း ဖြစ်သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1