Friday, June 7, 2013

World Economic Forum တွင် ပြုပြင်ပြောင်းလဲမှု၊ မီဒီယာ၊ တိုင်းရင်းသား ရင်ကြားစေ့ရေး စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ စကားစစ်ထိုးပွဲကျင်းပ

Ever November | 6/07/2013 10:59:00 AM | Best Blogger Tips

ဘီဘီစီရုပ်သံလိုင်းမှ အပတ်စဉ် ကျင်းပသည့် စကားစစ်ထိုးပွဲအား နေပြည်တော်တွင်ကျင်းပသည့် အရှေ့ အာရှ ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ ဖွင့်ပွဲတွင် လာရောက်ပြုလုပ်ခဲ့သည်။အဆိုပါ စကားစစ်ထိုးပွဲမှ ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပြုပြင်ပြောင်းလဲမှု
Nick Goring (Presenter) -
မြန်မာနိုင်ငံရဲ့ လက်ရှိအပြောင်းအလဲ ဖြစ်စဉ်အား နောက်ပြန် ပြန်လှည့် သွားနိုင်လား။

ဒေါ်အောင်ဆန်းစုကြည် - တကယ်မေးရမယ့် မေးခွန်းက ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန် လှည့်နိုင် သလား ဆိုတာထက် လူတချို့ရဲ့ စိတ်နေစိတ်ထားတွေဟာ ပြောင်းလဲသွားနိုင်သလား ဆိုတဲ့မေးခွန်းကို ပိုမေးသင့်ပါတယ်။ တကယ်လိုအပ်တဲ့အရာက အမျိုးသားရင်ကြားစေ့ရေးပါ။ ပြည်သူအများစုဆီက ရှေ့ ဆက် သွားလိုတဲ့ဆန္ဒရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်ချက်တွေနဲ့ ဆုံးဖြတ်မှုတွေ အပေါ်မှာ အများကြီးမူတည်ပါတယ်။ တကယ်ဆန္ဒရှိရင် နောက်ပြန်လှည့်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါ တယ်။

ဇင်မာအောင် (နိုင်ငံရေး အကျဉ်းသားဟောင်း) -
ကျွန်မ အဓိက စိုးရိမ်တဲ့ အချက်ကတော့ ဒီပြုပြင်ပြောင်လဲရေး လုပ်ငန်းစဉ်တွေဟာ ရှေ့ဆက်သွားနေတာ လား၊ ဒါမှမဟုတ် စက်ဝိုင်းလို လည်နေတာလား ဆိုတာပဲ။

အောင်ဇော် (ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ်) - ဒီပြုပြင် ပြောင်းလဲမှုဟာ လုပ်ငန်းစဉ်တစ်ခုပါပဲ။ ဒီကနေပြီးတော့ ပြည်သူတွေ အတွက် အကျိုးရှိမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော် မြန်မာနိုင်ငံ ကို ပြန်ရောက်လာကတည်းက ပြည်သူတွေဟာ စိတ်လှုပ်ရှား ပျော်ရွှင်နေကြပါတယ်။ ကျွန်တော် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပြင် တိုင်းရင်းသား လူမျိုး စုတွေနဲ့ တွေ့ခဲ့ဖူး ပါတယ်။ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ကောင်းမွန်တဲ့အစိုးရ၊ တရားဥပဒေစိုးမိုးရေး စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောတာတွေ ခဏခဏ ကြားဖူးပါတယ်။ ဒါပေမဲ့ တကယ့် ပြဿနာကတော့ လက်တွေ့ လုပ်ဆောင်ချက်တွေ မရှိတာဘဲ။ ပိုအရေးကြီးတာက အာဏာနဲ့ ချမ်းသာမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းက မြန်မာနိုင်ငံကို ရက်ရက်စက်စက် အုပ်ချုပ်ခဲ့တဲ့လူတွေ လက်ထဲမှာပဲ ရှိနေသေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် -
ဒါဟာ အားလုံးပါဝင်မှုနဲ့ သက်ဆိုင်ပါတယ်။ တကယ်လို့ ပြည်သူတွေက ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ဟာ သူတို့နဲ့သက်ဆိုင်တယ်လို့ ခံယူတယ်ဆိုရင် လုံးဝနောက်ပြန်လှည့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည် သူတွေက ဒီပြုပြင်ပြောင်းလဲမှုဟာ သူတို့နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ခံစားရရင်တော့ နောက်ပြန် လှည့်နိုင်တဲ့ အန္တရာယ်ဟာ ကြီးမားလွန်းပါတယ်။

ဇင်မာအောင် -
လူငယ်မျိုးဆက်တွေပါ ဒီပြောင်းလဲမှုမှာ ပါဝင်လာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နိုင်ငံရေးအသိ တိုးတက်မှသာ ပြုပြင်ပြောင်လဲရေးလုပ်ငန်း နောက်ပြန်မလှည့်နိုင်မှာ ဖြစ်ပါတယ်။

ကိုကို (စက်မှု) -
လူတော်တော်များများဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ပြည်သူအများစု ကြုံတွေ့နေ ရတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ စိတ်နေစိတ်ထားတွေနဲ့ လုပ်ဆောင်နိုင်မှု ပမာဏတွေအပေါ် အကျိုး သက်ရောက်မှု မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

မီဒီယာနှင့် သတင်းအချက်အလက်
အောင်ဇော် -
ကျွန်တော်မေးချင်တာက တစ်နေ့နေ့မှာ ဒီပြန်ကြားရေးဝန်ကြီးဌာနဟာ ဆက်ရှိနေဦးမလား၊ ဒါမှ မဟုတ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာတဲ့အချိန်မှာ ဖျက်သိမ်းလိုက်မလားဆိုတာ သိချင်ပါ တယ်။ လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့ သတင်းရေးလို့ မရတဲ့ အကြာင်းအရာတွေ အများကြီး ရှိနေပါတယ်။ ဥပမာ အရင်က ထိပ်တန်းခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ၊ အကျင့် ပျက် ခြစားမှုတွေကို ရေးသားလို့ မရပါဘူး။ အဲဒါတွေ ရေးသားမိရင် ဘာတွေဖြစ်လာမလဲ။

ဦးစိုးသိန်း (သမ္မတရုံး ပြည်ထောင်စုဝန်ကြီး) -
ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ မီဒီယာဟာ ပိုမို တိုးတက်လာပါပြီ။ အမေရိကန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ယှဉ်ကြည့်လိုက်ပါ။ ကျွန်တော်တို့ဟာ တစ်ဆင့်ချင်းဆီ တက်လှမ်းရမှာ ဖြစ်ပါတယ်။ တကယ်လိုအပ်တဲ့အရာက မီဒီယာတွေရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့နဲ့ ပြန် လည် ချိန်ကြည့်ဖို့ ပါပဲ။ အရင်အခြေအနေနဲ့ ပြန်ကြည့်လိုက်ရင်တော့ လက်ရှိမှာ စာနယ်ဇင်းလောကဟာ ပိုမို ကောင်းမွန်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မတို့နိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ မရသေးပါဘူး။ ပွင့်လင်းမြင်သာမှု ကို ကြောက်ရွံ့နေ တာတွေ ရှိပါသေးတယ်။ ပွင့်လင်းမြင်သာမှုကို ကြောက်နေလို့ မဖြစ်ပါဘူး။ ဒါကို ရင်ဆိုင်မှသာ ရင့်ကျက်တဲ့ ဒီမိုကရေစီကို ရရှိမှာပါ။ ကျွန်မတို့အတွက် မလိုအပ်တဲ့အရာက ဆင်ဆာ တည်းဖြတ်တဲ့ ၀န်ကြီးဌာနကို မလိုအပ်ပါဘူး။ ပြည်သူ သန်း ၆၀ သိသင့်တဲ့ သတင်းအချက် အလက်တွေ ပေးအပ်တဲ့ ၀န်ကြီးဌာနဆိုရင်တော့ လက်ခံပါတယ်။

ဦးစိုးသိန်း -
ပွင့်လင်းမြင်သာမှုကို ကျွန်တော် မကြောက်ပါဘူး။ ပြည်သူတိုင်း Freedom from Fear ဆိုတဲ့ စာအုပ်ကို ဖတ်သင့်ပါတယ်။

ဒီမိုကရေစီနိုင်ငံရှိ စစ်တပ်၏ အခန်းကဏ္ဍ
Nick Goring -
စစ်တပ်အနေနဲ့ လွှတ်တော်အပေါ်မှာထားရှိတဲ့ ချုပ်ကိုင်မှုတွေနဲ့ ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်ဖို့ ကြိုးစားနေတာတွေဟာ ဒီမိုကရေစီနည်းလမ်း မကျပါဘူး။ ဒါတွေကို ရပ်တန့်ဖို့ အဆင်သင့်ဖြစ်ပြီလား။

ဦးစိုးသိန်း -
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အရာအားလုံးကို စစ်တပ်ကနေ ချုပ်ကိုင်ထားပါတယ်။ ကျွန်တော့် အမြင်ကတော့ အားလုံးဟာ တဖြည်းဖြည်း ပြောင်းလဲလာပါပြီ။ ဘယ်လိုမျိုး တဖြည်းဖြည်း ပြောင်းလဲလာလဲ ဆိုတာတော့ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူနဲ့ပဲ သက်ဆိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် -
ကျွန်မအနေနဲ့ စစ်တပ်ကို ပရော်ဖက်ရှင်နယ်ကျပြီး ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်း ဖြစ်စေချင်ပါတယ်။ စစ်ခေါင်းဆောင်တွေကိုလည်း ပြည်သူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံ့ကောင်းကျိုးအတွက် လက်တွဲ လုပ်ဆောင်စေချင်ပါ တယ်။ ဒါမှသာ စစ်တပ်ကို ပြည်သူတွေက လေးစားချစ်ခင်မှာ ဖြစ်ပါတယ်။

Nick Goring -
ဒေါ်အောင်ဆန်းစုကြည် သင့်အနေနဲ့ သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက် အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ မျှော်လင့်ဖူးပါသလား။

ဒေါ်အောင်ဆန်းစုကြည် -
ဥပဒေပြင်ဆင်ဖို့အတွက် ထိုင်ပြီးမျှော်လင့်နေမယ့်အစား ဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးစားနေပါ တယ်။

တရားဥပဒေစိုးမိုးမှု
ဒေါ်အောင်ဆန်းစုကြည် -
တရားဥပဒေစိုးမိုးမှု ရရှိမှုအတွက် လွတ်လပ်တဲ့ တရားစီရင်မှု မဏ္ဍိုင်ရှိဖို့ လိုပါတယ်။

ဦးစိုးသိန်း -
တရားဥပဒေစိုးမိုးမှု အားနည်းရတာဟာ လုပ်နိုင်စွမ်းနဲ့ ထိန်းသိမ်းမှု အားနည်းလို့ ဖြစ်တာပါ။

အမျိုးသားရင်ကြားစေ့ရေး
နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ -
တိုင်းရင်းသား ရင်ကြားစေ့ရေးအတွက် ဖက်ဒရယ် စနစ်က အဖြေလား။

ဦးစိုးသိန်း - တိုင်းရင်းသား ရင်ကြားစေ့ရေး ရဖို့အတွက် ကျွန်တော်တို့ အတက်နိုင်ဆုံး ကြိုးစားနေပါတယ်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1