လာမည့် ပထမအကြိမ်
ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် ဥပဒေကြမ်း ၁၃ ခုမျှ တင်ရန်
အစီအစဉ်ရှိကြောင်း ကြားသိရသည်။ ဗဟုသုတအလို့ငှာ ကြိုတင်သိရှိနိုင်ရန်
တင်ပြရမည်ဆိုပါလျှင် တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေး၊ အသေးစား
အလတ်စားလုပ်ငန်းများ ကာကွယ်ရေး၊ ဆက်သွယ်ရေးဥပဒေကြမ်း၊ ကုန်စည်နှင့်
ဝန်ဆောင်မှု(လုပ်ငန်း) အမှတ်တံဆိပ် ဥပဒေကြမ်း၊ အသင်းအဖွဲ့များ
ဖွဲ့စည်းခြင်း၊ အထူးစီးပွားရေးဇုန်၊ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ
တီထွင်မှု အမှတ်တံဆိပ်၊ စက်မှု ဒီဇိုင်းဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊
ဘက်စုံပို့ဆောင်ရေး၊ စားသုံးသူ ကာကွယ်ရေး၊ ယှဉ်ပြိုင်နိုင်မှု ဥပဒေတို့
ဖြစ်သည်။
ယင်းတို့အပြင် သမ္မတလက်မှတ်ရေးထိုးရန်
ပေးပို့ထားသော ဥပဒေကြမ်းများအနက် မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာမည့် ဥပဒေ
ကြမ်း ၈ ခုကို ဆွေးနွေးရန် ရှိပါမည်။ အကြမ်းအားဖြင့် မြန်မာနိုင်ငံသား
ရင်းနှီးမြှုပ်နှံမှု၊ ၂ဝ၁၃ အနည်းဆုံး အခကြေးငွေ၊ ကောက်ပဲ
သီးနှံရောင်းဝယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ငွေကြေးချေးငွေ
သက်သေခံလက်မှတ်များ ရောင်းဝယ်ရေး၊ ၁၉၄၅ ရွှေ့ပြောင်းပစ္စည်းဥပဒေ၊
ပစ္စည်းလွှဲပြောင်းမှုဥပဒေ၊ ဗဟိုဘဏ် ဥပဒေကြမ်းတို့ ဖြစ်ပါသည်။
ကော်မတီ၊ ကော်မရှင်တို့ ကြီးစိုး
ဥပဒေများ ဖောင်းပွလျက် ရှိသည်ဟူသော ဝေဖန်သံများ ကြားရသည်။ ၂ဝ၁၁ အစိုးရသစ် မတက်မီက ဥပဒေပေါင်း ၄ဝဝ ကျော်ကျော်ရှိသည်။ ယခု ၂ဝ၁၁ တွင် ၁၅ ခု ပြဋ္ဌာန်းသည်။ ယခင်ဥပဒေအချို့ကို ပြင်ဆင်ရုတ်သိမ်းခြင်းများလည်း ပါသည်။ အလားတူ ၂ဝ၁၂ တွင် ၂၄ ခု ရှိ သည်။ ၂ နှစ်အတွင်း ရုတ်သိမ်းခဲ့ သော ဥပဒေပေါင်း ၁၉ ခု ရှိသည်။ ထို့ကြောင့် အသားတင်ဥပဒေ ၂ဝ ထပ်ပေါ်သည်။
ဥပဒေများ ဖောင်းပွလျက် ရှိသည်ဟူသော ဝေဖန်သံများ ကြားရသည်။ ၂ဝ၁၁ အစိုးရသစ် မတက်မီက ဥပဒေပေါင်း ၄ဝဝ ကျော်ကျော်ရှိသည်။ ယခု ၂ဝ၁၁ တွင် ၁၅ ခု ပြဋ္ဌာန်းသည်။ ယခင်ဥပဒေအချို့ကို ပြင်ဆင်ရုတ်သိမ်းခြင်းများလည်း ပါသည်။ အလားတူ ၂ဝ၁၂ တွင် ၂၄ ခု ရှိ သည်။ ၂ နှစ်အတွင်း ရုတ်သိမ်းခဲ့ သော ဥပဒေပေါင်း ၁၉ ခု ရှိသည်။ ထို့ကြောင့် အသားတင်ဥပဒေ ၂ဝ ထပ်ပေါ်သည်။
ဥပဒေများ ဖောင်းပွသည်ဆိုခြင်းမှာ ဘာကို
ဆိုလိုသနည်း။ များခြင်းသက်သက်ကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ အနှစ်သာရ
မဲ့ တာတွေ များသလား။ မလို အပိုတွေ ဘယ်တော့မှလည်း သုံးမှာ မဟုတ်တာတွေပါသလား။
ဒါတွေက ပြောရန် စောပါသေးသည်။ လက်ငင်းတွေ့နေရသည်ကို အားမရ၊ မထိရောက်၊
မပြည့်စုံ၊ အငြင်းဆက်ပွားဖွယ်၊ နောက်ဆက်တွဲ နည်းဥပဒေတွေ မျှော်ရ၊ စည်း
မျဉ်းစည်းကမ်းနှင့် အမိန့်ကြော်ငြာ စာများတွင် မည်သို့ဖြစ်သွားမည်
မသိနိုင်သောကိစ္စများ ဖြစ်သည်။
ဥပမာအားဖြင့် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေနည်းဥပဒေတွေ လွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် လုပ်ပိုင်ခွင့်များစွာ ပေးထားသော
ကိစ္စအား ပြန်လျှော့ပေးခြင်း မတွေ့ရ။ ရင်းနှီးမြှုပ်နှံရာတွင်
တွေ့ကြုံလာရမည့် အငြင်းအခုံများ၌ (က) နှစ်ဖက်စာချုပ် (ခ)နည်းဥပဒေနှင့်
စည်းမျဉ်းများအပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အဆုံးအဖြတ်တို့ဖြင့်
ဖြေရှင်းသွားရန် ဥပဒေ တွင် ဖော်ပြသည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဘီယာနှင့်
အရက်ချက်စက်ရုံတွေ၊ စီးကရက် ထုတ်လုပ်ရေး စက်ရုံတွေ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ (အထူး - ထိုင်း) ကို ဆယ်ခုမျှ
ချပေးလိုက်သည်။ မြန်မာနိုင်ငံသားတို့ ကောင်းစွာထုတ်လုပ်နိုင်သော
ကုန်စည်များလည်း ဖြစ်သည်။ ဇိမ်ခံကုန်၊ စာရိတ္တပျက်ယွင်းပြီး နောက်ဆက်တွဲ
ဆိုးကျိုးများသော ကုန်စည်များ ဖြစ်သည်။ အမျိုးသား အကျိုးစီးပွား
ကာကွယ်ရေးမူ တစ်ခုမျှ မရှိတော့ဘူးလားဟု မေးစရာ ဖြစ်သွားသည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မကြာမီက အသစ်ပြန်ဖွဲ့စည်း အစားထိုးသည်။
မထူးပါဘူးဟု ဝေဖန်ကြသည်။
ဒီမိုကရေစီခေါင်းဆောင်တစ်ဦး
တောင်ကိုရီးယားတွင် မေးခွန်းများ ဖြေသည်။ နိုင်ငံခြားရင်း
နှီးမြှုပ်နှံမှုဥပဒေမှာ ရှုပ်ထွေးနေသေး သည်။ အာမခံချက်လည်း နည်းသည်။
ထို့ကြောင့် လာရောက်သူ နည်းနေသေးသည်ဟု ဆိုသည်။ အစိုးရဘက်ကတော့ အနောက်
တိုင်းမှ မည်မျှလာပြီး အရှေ့ဘက်က မည်မျှလာသည်ဟု ဆိုနေသည်။ အချို့ကတော့
တီးခေါက်စုံစမ်းရုံပါဟု ဆိုသည်။
သဘောမလွယ်နှင့်
အကြမ်းဖက် နှိမ်နင်းခြင်း၊
လက်တုံ့ပြန်ခြင်းတို့ကို သူရောကိုယ်ပါ ပျက်စီးမည့် အပေးအယူအစား
ထိပ်တိုက်တိုးစိန်ခေါ်သည့် နည်း အဖြစ် နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒတို့တွင်
ဆိုသည်။ ကျွန်တော်တို့ဆီက သင်သာ သမ္မတ ဖြစ်လျှင် ဘာလုပ်မလဲဟူသော ခေါင်းစဉ်
သင်ရိုးညွှန်းတမ်းများဖြင့် ဖွင့်လှစ်သည့် နိုင်ငံရေးသင်တန်း (ကျောင်း)
များတွင်တော့ လေ့လာမိသလောက် သင်ကြားသည်ကို မတွေ့ရပါ။
ကြေးစင်တောင်ကို အကြမ်းဖက်ပြီး
ဆက်လက်ထုတ်လုပ် နိုင်ပါသလား။သူတို့လည်း မထုတ်လုပ်နိုင်၊ အလုပ်သမားတို့လည်း
အလုပ် အကိုင်မဲ့၊ တောင်သူလယ်သမားတို့လည်း မြေမဲ့ယာမဲ့၊
မီးလောင်ခံရသူများစွာခံရ၊ သေသူသေ၊ ပြေးသူပြေး၊ မိသားစုနှင့် တကွဲ
တပြားဖြစ်၊ အစိုးရလည်း ပုံရိပ်ပျက်၊ အလားတူ ဖြစ်ရပ်များ ဖြစ်ပေါ်စရာတွေက
တအုံနွေးနွေး ရှိနေသည်။
အလုပ်ရှင်နှင့် အလုပ်သမား ပဋိပက္ခတွေ၊
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးတွေတွင် ပြဋ္ဌာန်းပြီး သောဥပဒေ (၂ဝ၁၁/၂ဝ၁၂) တို့အရ
အစိုးရ ဖွဲ့စည်းသော ဗဟိုနှင့် ဒေသဆိုင်ရာ ကော်မတီတွေ အဖွဲ့အစည်းတွေက
အဓိကကျလျက် ရှိသည်။ ဒီမိုကရေစီ တောင်းဆို လှုပ်ရှားမှုများမှ ပေါ်ပေါက်သည့်
နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုကူညီ အစိုးရမဟုတ်သော
အဖွဲ့အစည်းများ ပါ ဝင်ဖွဲ့စည်းစေသော်လည်း ဝန်ကြီး၊ အစိုးရအရာရှိများက
အဆုံးအဖြတ်ပြုသူ - Decision Maker များဖြစ်လျက် ရှိသည်။
သဘောကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဥပဒေတို့၊ အနိမ့်ဆုံး လုပ်ခဥပဒေတို့တွင် ခေတ်ဟောင်း၊ စနစ်ဟောင်း၊ မူဟောင်း
လူဟောင်း တို့ဖြင့် သွားနေဦးမည့် ပုံစံရှိသည်။ ဥပဒေတွေကိုကား
တက်သုတ်ရိုက် ပြဋ္ဌာန်းလျက်ရှိသည်။ အစာကား မကြေဟု ဆိုရ မည်။ ကျားဖမ်းမယ်၊
ဆင်ဖမ်းမယ် နှင့် ထွက်လာသော ဒီမိုကရေစီဝါဒီ တို့သည်လည်း အစိုးရ ကော်မတီ၊
ကော်မရှင်၊ အဖွဲ့ဝင် များ ဖြစ်သည်တွင် သဘောလွယ်၊ အားပျော့သွား
ခြင်းများကိုလည်း အပြစ်တစ်ခု အဖြစ် မြင်ရသည်။
အခြေခံအချက်အလက်များ
ဥပဒေ၊ နည်းဥပဒေ၊ မူ ဝါဒ၊ ကော်မတီ၊
ကော်မရှင်၊ အဖွဲ့တို့ ဖောင်းပွခြင်းသာမက အခြေခံ အဆောက်အအုံ Basic
Structure အားကောင်းရန် ဦးစွာတည် ဆောက်ပြင်ဆင်ထားမှု မရှိသည် ကို တွေ့ရသည်။
ဤအချက်ကို ဒေါ်အောင်ဆန်းစုကြည် တောင်ကို ရီးယား၊ ဂျပန်တို့ကို မေလအတွင်းက
ရောက်ရှိစဉ် ထည့်ပြောသွားသေးသည်။ လျှပ်စစ်၊ လမ်းပန်း၊ အင်တာနက်ကွန်ရက်
ချိတ်ဆက် မှု အစရှိသည်တို့ကို ဆိုလိုသည်။ ထို့ထက်ပို၍ လိုအပ်သော
အခြေခံအဆောက်အအုံ ပြင်ဆင်ရေးမှာ ကမ္ဘာတွင် အမြင့်မား ဆုံးသော မြေဈေး၊
စားဝတ်နေရေး စားရိတ်ကြီးမြင့်မှုကြောင့် ဖြစ်ပေါ်နေသော လုပ်ခမြင့်မားမှု၊
လုပ်ခ တိုးသထက်တိုး ကာ တောင်း ဆိုနေရမှုတို့ ဖြစ်သည်။ ဒါတွေသည် နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုအတွက်ရော၊ အလုပ်နှင့် အလုပ်သမား ပဋိပက္ခများ၏
အကြောင်းရင်း ခံရော၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေးပြဿနာတွင်ပါ လည်နေသည့်
အကြောင်းရင်းခံပြဿနာများဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြီးကြီးနှင့်
ရေရှည်လုပ်ကိုင်မည့်သူများ မလာရောက်နိုင်မှု၊ လုပ်ခ
အမြဲတိုးတောင်းနေမှုတို့သည် ဥပဒေ အား နည်းချက်အပြင် ယှဉ်တွဲသွားရမည့် ဥပဒေ၊
မူဝါဒတို့ လိုအပ်မှု၊ အခြားသော ဥပဒေမူဝါဒတို့နှင့် ရှေ့နောက်မညီ
ဖြစ်မှုတို့ကို ပြသ ပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အနိမ့်ဆုံး
လုပ်ခ ဥပဒေတို့တွင် ကော်မတီ၊ ကော်မရှင်တို့ လုပ်ပိုင်ခွင့်
များလွန်းခြင်းသည် အား နည်းချက် ဖြစ်ပါသည်။ ယင်း ဥပဒေများနှင့်
ယှဉ်တွဲသွားရမည့် ဥပဒေ၊ မူဝါဒတို့မှာ မြေဈေး၊ စားဝတ် နေရေးစားရိတ်
စသည်တို့ ကျဆင်းနေရေး ဖြစ်သည်။
မြေဈေးကျဆင်းရန် အခွန်ကောက်ခံမှု-
Taxation ဖြင့် ပြုလုပ် နိုင်သလို၊ မလိုက ထိုမြေပိုင်ဆိုင်သူတို့လက်မှ
ပြန်လည်သိမ်းယူကာ ကုန်ထုတ်ဝန်ဆောင်လုပ်ငန်းများအတွက် အဓိက
ပေါများစေခြင်းဖြင့်လည်း ပြုလုပ်နိုင်ပါသည်။ (မြေဈေးလည်းကျ ပြည်သူ့မူဝါဒ-
Messenger ဆောင်းပါးများ)။ စားဝတ်နေရေးစရိတ် ကျဆင်းရန် ဒေါ်လာဆွဲတင်မူဝါဒ၊
ပို့ကုန်အားပေး တိုးတက်ရေးမူဝါဒ၊ အခွန်လျှော့ချ လူမှုတာဝန် ထမ်းစေသော မူဝါဒ
စသည်များနှင့် ယင်းတို့ကို ထောက်ကူတည်ဆောက်ပေး သည့် ဥပဒေများ လျှော့ချ
သွားရန်လိုပါသည်။ တစ်ဖက်တွင် အခြေခံအဆောက်အအုံ ခိုင်ခံ့ရေး၊ စီးပွားရေးကို
အပြည့်အဝ ထောက်ကူနိုင်ရေး အရေးယူဆောင် ရွက်မှု- Measures များ လိုပါသည်။
သဘာဝဓာတ်ငွေ့က ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ထက် သုံးလေးဆမျှ သက်သာကြောင်း သိကြပါ
သည်။ သို့သော် ပြည်တွင်းစားသုံးသူ၊ ထုတ်လုပ်သူတို့
အသင့်သုံးစွဲနိုင်သောအဆင့်ကို ရောက်ရန် ဖက်စပ်နိုင်ငံခြား ကုမ္ပဏီများထံ မှ
ပြန်တောင်းနေရသော အကျပ်အတည်း ရှိပါသည်။ ယင်းကို ညှိနှိုင်းဖြေရှင်းရပါမည်။
စွမ်းအင်၊ လမ်းပန်း၊ အီလက်ထရွန်နစ် ဆက်သွယ်ရေး၊ ဘဏ်နှင့်အာမခံ လုပ်ငန်းများ
အစရှိသော စီးပွားရေး အခြေခံ အဆောက်အအုံများက စီးပွားရေးကို ထောက် ကူ
ပြုနိုင်မည့် ဥပဒေမူကြမ်းများ လိုအပ်လျက်
ရှိပါသေးကြောင်း။
ဦးကြည်မြင့် (လသာ)
moethihaaung blog
No comments:
Post a Comment