Friday, June 7, 2013

မော်စကိုရှိ မြေအောက် ရထားဘူတာရုံ၌ မီးလောင်၊ ခရီးသည် ၃၀ ကျော် ဒဏ်ရာရ

Ever November | 6/07/2013 10:36:00 AM | Best Blogger Tips

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြေအောက် မီးရဌားဘူတာရုံတစ်ရုံတွင် ဇွန် ၅ ရက်က မီးလောင်မှု ဖြစ်ပွားရာ လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် အခြေအနေဆိုင်ရာ ၀န်ကြီးဌာနက ပြောကြားသည်။ ဆိုကိုလ်နီချက်စကာရာ မြေအောက် မီးရထားလိုင်း ပြေးဆွဲသည့် ဘူတာရုံတစ်ရုံတွင် မီးလောင်မှုကြောင့် ထွက်ပေါ်လာသော မီးခိုးလုံးများကြောင်း အသက်ရှူကျပ်သည့် ဝေဒနာကို ခံစားကြရသည့် ခရီးသည် ၄၅၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြောကြားသည်။ ကရင်မလင် အစိုးရအဖွဲ့ရုံး တည်ရှိရာနေရာမှ မဝေးကွာသော အုတ်ဟော်နီရပ်ဒ်မြေအောက်ရထားဘူတာရုံ၏ ဥမင်လမ်း၌ ခရီးသည်များဖြင့် စည်ကားနေချိန်အတွင်း အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1