Monday, June 3, 2013

ဂျပန်ရှိ ပင်လယ်စာ စက်ရုံ၌ အဆိပ်သင့်မှုဖြစ်ပွား

Ever November | 6/03/2013 08:28:00 AM | Best Blogger Tips

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း နာဂါစကီပြည်နယ်ရှိ ပင်လယ်စာ ထုတ်လုပ်သော စက်ရုံ၌ မေ ၃၀ ရက်က ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားရာ လူတစ်ဦး သေဆုံး၍ နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေ ဖြစ်ပေါ်နေကြောင်း ဒေသဆိုင်ရာ သတင်းများတွင် ဖော်ပြသည်။ မေ ၃၀ ရက် နံနက် ၉ နာရီခွဲခန့်က နာဂါစကီပြည်နယ် ဆာဆီဘိုမြို့ရှိ ပင်လယ်စာ ထုတ်လုပ်သော စက်ရုံတွင် အလုပ်သမားများက ငါးအကြေးခွံများ သိုလှောင်ရာ မြေအောက်ကန်နှင့် ရေမြောင်းများကို သန့်ရှင်းရေးပြုလုပ်စဉ် ဓာတ်ငွေ့အဆိပ်သင့်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ဆာဆီဘိုမြို့ မီးသတ်ဌာနမှ ပြောကြားသည်။ အဆိုပါစက်ရုံမှ အကြောင်းကြားချက် ရရှိသည်နှင့် မီးသတ်ဌာနမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ အဆိပ်သင့်သူ သုံးဦးအား ဆေးရုံသို့ လျင်မြန်စွာ ပို့ဆောင်ပေးလိုက်ကြောင်း၊ သို့ရာတွင် အသက် (၄၀)အရွယ်ရှိ လူတစ်ဦး သေဆုံးကြောင်း အတည်ပြု ပြောကြားသည်။ နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း တာဝန်ရှိပုဂ္ဂိုလ်က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ အခင်းဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးစဉ် ဟိုက်ဒရိုဂျင်ဆာလ်ဖိတ်ကို တွေ့ရှိရကြောင်း၊ ဖြစ်ပျက်မှု အသေးစိတ်ကို ဒေသခံ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1