Monday, June 3, 2013

မြန်မာတစ်ဦး မလေးရဲစခန်း၌ သေနတ်လု၊ သေကြောင်းကြံဖို့ကြိုးစားသော်လည်း မအောင်မြင်

Ever November | 6/03/2013 08:39:00 AM | Best Blogger Tips

အသက် ၃၃နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မေလ ၂၇)က မလေးရှားနိုင်ငံ ပီနန်မြို့ ဘူးကစ် မာတာဂျမ်အရပ်က ရဲစခန်းထဲကို သွားရောက်ပြီး အမှုဖွင့်ဖို့တိုင်ကြားမယ်ပြောပြီး ရဲသား ဆီက ပစ္စတိုသေနတ်ကို လုယူခဲ့တယ်လို့ The New Straits Times သတင်းစာက ရေးသားလိုက်ပါတယ်။
သူ့ကို ခြိမ်းခြောက်မှုတွေရှိတယ်လို့ တိုင်တန်းခဲ့တာကြောင့် ရဲအဖွဲ့က ကင်းလှည့်ပြီး စစ်ဆေးတဲ့အခါ ဘာတစ်ခုမှ သံသယဖြစ်ဖွယ် မတွေ့ရကြောင်း ရဲစခန်းထဲရှိနေတဲ့ မြန်မာအမျိုးသားကို အကြောင်းကြားတဲ့အခါမှာ သေနတ်ကိုလုပြီး ၃ ချက်တိတိ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

မကြာခင်မှာပဲ ရဲစခန်းရှေ့ထွက်လာပြီး သူ့ကိုယ်သူ ပစ်သတ်ဖို့ ကြိုးစားပေမယ့် သေနတ်က Jam ဖြစ်တာကြောင့် ရဲတွေက သေနတ်ကိုပြန်လုခဲ့ရပြီး ဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။
 
KaMaYut Media

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1