Monday, June 3, 2013

၃၁.၅.၂၀၁၀ မှ ၆.၆.၂၀၁၃ ရက်အထိ ၇ရက်သား၊သမီးများအတွက် အထူးဟောစာတမ်း

Ever November | 6/03/2013 08:31:00 AM | Best Blogger Tips
တနင်္ဂနွေ
အတွေးများ၊စိတ်ကူးယဉ်မှုများ၊ရည်ရွယ်ချက်များဖြင့်သာရှိနေလိမ့်မည်။အကောင်အထည်ဖော်နိုင်မှု အားနည်းနေ လိမ့်မည် ။စွန့်စားမှု၊စူးစမ်းမှုများမပြုလျှင်ကောင်းဦးမည် ။ရည်ရွယ်ချက်မရှိဘဲသွားရသောခရီးများရောက်ဖြစ်မည် ။အကြီးအကဲနှင့်သင်၏အသိုင်းအ၀ိုင်းတို့၏အပြစ်တင်၊အထင်လွဲခံရမည်။အလုပ်အကိုင်ထစ်ငေါ့ပြီးမှအောင်မြင်မည်။ စာမေးပွဲ၊အင်တာဗျူးတို့အောင်မြင်မည်။ထီထိုးပါ။ထီပေါက်မည်။အချစ်ရေးအဆင်ပြေမည်။
အကျိုးပးဂဏန်း.....၁၊၃၊၆
အထူးဟော.......အထစ်အငေါ့အတိုက်အခံများမည်။
ယတြာ....လမ်းပေါ်တနင်္ဂနွေနံနက်တွင်ငွေ၁၀၀ကျပ်ပံ့သကူပြုပါ။
 
တနင်္လာ
သင်၏စိတ်ကူးယဉ်မှုများအကောင်အထည်ဖော်ဖြစ်မည်။ပူပင်တွေးတောနေမှုများပျောက်ကွယ်မည်။ စိုးရိမ်စရာများ အားလုံး ၀မ်းသာစရာများနှင့်ကြုံတွေ့လိမ့်မည်။မရောက်ဘူးသောခရီးများရောက်မည်။ငယ်ပေါင်းများ၊လူခင်၊အဟောင်းမိတ်ဆွေများပြန် ဆုံတွေ့ကြမည်။မိတ်ဆွေသစ်တွေတွေ့မည်။လူချစ်လူခင်များမည်။စာမေးပွဲထူးချွန်စွာအောင်မြင် မည်။ဂုဏ်ထူးပါမည် ။အင်တာဗျူးအောင်မြင်မည်။လုပ်ငန်းသစ်၊နေရာသစ်ရမည်။အိမ်ပြောင်းရွှေ့မှုဖြစ်မည်။အိမ်ထောင်ကျမည်။အချစ်ရေးကောင်း မည်။ထီပေါက်မည်။အနောက်တောင်ခရီးမသွားသင့်ပါ။
 အကျိုးပေးဂဏန်း၂၊၄၊၈
အထူးဟော......ကံကောင်းချမ်းသာမည်။
ယတြာ.....အရှေ့ရပ်ရှိသံဃာကိုဆွမ်းလှူပါ။
 
အင်္ဂါ
စိတ်လေနေမည်။ထွေရာလေးပါးအလုပ်ရှုပ်မည်။အရာရာမှာကိုယ်ကဦးဆောင် ရသလိုဖြစ်နေမည်။သင်သံ သယဖြစ်နေသူမှာ သင်ထင် သလို မဟုတ်မှန်းသိရမည်။ပစ္စည်းပျောက်မည်။ လူလိမ်၊ငွေလိမ်ခံရမည်။ရွှေ၊စက်၊မြေထွက်မည်။အသစ်ပြန်ဝင်မည်။အချစ် သစ်တွေ့ မည် ။အချစ်ဟောင်းသို့မဟုတ်အိမ်ထောင်ဖက်၏အပြစ်တင်၊အထင်လွဲခံရမည်။စပ်တူရှယ်ယာ ရမည်။ငွေကြေးကိစ္စ္စရှုပ်မည်။ခြေ၊လက်တို့ခိုက်မိတတ်သည်။ပညာရေးကောင်းသည်။
 
အကျိုးပေးဂဏန်း၃၊၆၊၉
အထူးဟော.......အိမ်ထောင်ရေးအနှောက်အယှက်ဖြစ်မည်။
ယတြာ........အင်္ဂါနေ့နံနက်တွင်သံဃာတော်သက်စေ့ဆွမ်းလောင်းပါ။
 
ဗုဒ္ဓဟူး
မရောက်ဖူးသောခရီးဝေးများရောက်မည်။အပေါင်းအသင်းများနှင့်ခရီးထွက်ဖြစ်မည်။ပညာရေးအောင်မြင်မည်။စီးပွားရေးအောင်မြင် မည်။အချစ်ရေးကောင်းမည်။ချစ်သူများလာမည်။အလုပ်အကိုင်သစ်များလုပ်ဖြစ်မည်။ရှယ်ယာလုပ်ငန်းများ အဆင်ပြေ မည်။လုပ်ဖြစ်မည်။ဝမ်းဗိုက်၊အစာအိမ်ရောဂါဖြစ်တတ်သည်။ဂရုစိုက်ပါ။စက်ပစည်းများ၊ကား၊ယာဉ်၊မြေ၊အိမ်တို့ပြောင်းလဲဝင်ထွက်မည်။
 
အကျိုးပေးဂဏန်း၂၊၄။၆
အထူးဟော.....အောင်မြင်မှုတွေရမည်။
ယတြာ......ဗုဒ္ဓဟူးနေ့နံနက်တွင်မြတ်စွာဘုရားကိုရွှေသင်္ကန်းကပ်လှူပါ။
 
ကြာသပတေး
 
စိတ်ဓာတ်နှင့်စာရိတ္တတို့ပြုပြင်မှု၊ပြောင်းလဲမှုများပြုလုပ်လာမည်။ကြိုးစားမှုနှင့်တိုးတက်မှုတွေရှိလာမည်။ဘက်စုံထူးချွန်သူဖြစ် လာမည်။ခရီးယာယီများမည်။သူတပါးလေးစားလာအောင်နေလာမည်။လုပ်ငန်း၊ရာထူးတိုးတက်မည်။မိဘ၊သားချင်းတို့၏အချစ်ရေး ၊အိမ်ထောင်ရေးမှာကန့်ကွက်မှုတွေရှိလာမည်။မရောက်ဖူးသောခရီးတွေရောက်မည်။အိမ်ပြင်၊အိမ်ပြောင်းတို့ဖြစ်မည်။စက်၊ယာဉ် တို့ဝင်၊ထွက်မည်။ရုတ်တရက်ခိုက်မိမည်။သူတပါးအရှုပ်ကိုယ့်အရှုပ်ဖြစ်တတ်သည်။ဂရုစိုက်ပါ။
 
အကျိုးပေးဂဏန်း ၅၊၀၊၉
အထူးဟော......အဆင်ပြေအောင်မြင်မည်။
ယတြာ.....ကြာသပတေးနံနက်တွင်ကြာသပတေးနံဘုရားကိုမုန့်ဆွမ်းလှူပါ။
 
သောကြာ
 
ပြီးခဲ့သောရက်များကစိတ်တိုင်းမကျသော်လည်းယခုရက်ပိုင်းအတွင်းအဆင်ပြေအောင်မြင်မှုများဖြစ်လာမည်။စူးစမ်းမှု ၊စမ်းသပ်မှုများအောင်မြင်မည်။ကွက်ကျော်မြင်အကဲခတ်ကောင်းမှုများကြောင့်ထူးချွန်စွာအောင်မြင်မည်။အချစ်ရေးမှာ အပြောင်းအလဲရှိသည်။ခရီးဝေး၊ယာယီတွေရောက်မည်။ကြိုးစားမှုများအဆင်ပြေအောင်မြင်မည်။ကျန်းမာရေးအနည်းငယ်ချုချာမည် ။ထီပေါက်ကိန်းရှိသည်။ထီထိုးပါ။အိမ်ထောင်ရေးကံကောင်းမည်။အလုပ်အကိုင်၊စီးပွားရေးအဆင်ပြေမည်။အကူအညီပေးသူပေါ်မည်။
 
အကျိုးပေးဂဏန်း၆၊၈၊၁
အထူးဟော.....ကံကောင်းမည်။
ယတြာ......သစ်သီး၉မျိုးကိုသောကြာနံဘုရားအားလှူပါ။
 
စနေ
 
ဝမ်းသာရမှာလား၊၀မ်းနည်းရမှာလားဝေခွဲမရသောကာလမှဝမ်းသာစရာတွေကြုံလာပါမည် ။မျှော်လင့်ချက်တွေအောင်မြင်လာမည်။ထီပေါက် ကိန်းရှိသည်။ထီထိုးပါ။မြောက်အရပ်ကဆိုင်ကိုမထိုးပါနှင့် ။အရှေ့ရပ်၊တောင်အရပ်ကဆိုင်ကိုထိုးပါ။အချစ်ရေးကောင်းသည်။လက်ထပ်ဖြစ်မည်ကိုယ်ပိုင်အလုပ်၊၀န်ထမ်း အလုပ်တို့အဆင်ပြေမည်။ကျန်းမာရေးကောင်းမည်။စက်၊ရွှေ၊မြေတို့ဝင်မည်။စီးပွားတက်မည်။ကျော်ကြားမည်။စာမေးပွဲ မုချအောင်မြင်မည်။
 
အကျိုးပေးဂဏန်း၇၊၀၊၂
အထူးဟော......အောင်မြင်မည်။
ယတြာ.......အိမ်ဘုရားကိုရေသက်စေ့လှူပါ။

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1