Friday, June 7, 2013

မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှု အဆုံးသတ်ရန် ပါကစ္စတန် ၀န်ကြီးချုပ်သစ် တောင်းဆို

Ever November | 6/07/2013 10:17:00 AM | Best Blogger Tips

ပါကစ္စတန်ဝန်ကြီးချုပ်သစ် န၀ပ်ရှရစ်ဖ်သည် ၀န်ကြီးချုပ်အဖြစ် ပြန်လည် ရွေးချယ်ခံရပြီးနောက် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာ၌ အမေရိကန်နိုင်ငံက မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ မိမိတို့အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်စိုးမှုကို လေးစားသကဲ့သို့ မိမိတို့၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်စိုးမှုကိုလည်း လေးစားသင့်ကြောင်း၊ မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်နေမှုများကို အဆုံးသတ်ရမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။ ပါကစ္စတန်၌ တာလီဘန်တို့၏ တိုက်ခိုက်နေမှုနှင့် အကြီးအကျယ် ထိခိုက် ပျက်စီးနေသည့် နိုင်ငံ၏ စီးပွားရေး အခြေအနေ အပါအ၀င် အခက်အခဲ အများအပြားနှင့် ရင်ဆိုင်နေရသည်။ န၀ပ်ရှရစ်ဖ်က အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဖြစ်ကြောင်း၊အလုပ်လက်မဲ့နှုန်းနှင့်လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများကိုလည်း လျှော့ချ
သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1