Friday, June 7, 2013

ဆီးရီးယားအစိုးရ လိုလားသော တပ်ဖွဲ့များက ကွီဆာမြို့အား ပြန်လည်သိမ်းပိုက်

Ever November | 6/07/2013 10:27:00 AM | Best Blogger Tips

မဟာဗျူဟာမြောက် ကွီဆာမြို့ကို ဆီးရီးယား အစိုးရအား လိုလားသော တပ်ဖွဲ့က အပြည့်အ၀ ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း ဆီးရီးယား အစိုးရ ရုပ်မြင်သံကြားနှင့် ဆီးရီးယား သူပုန်များက ပြောကြားကြသည်။ လက်ဘနွန် နယ်စပ်အနီးရှိ အဆိုပါမြို့မှာ ဆီးရီးယား သူပုန်တပ်ဖွဲ့များနှင့် ဆီးရီးယား အစိုးရတပ်ဖွဲ့များက ကျောထောက်နောက်ခံ ပြုထားသည့် လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ နှစ်ပတ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ၏ ဗဟိုချက်ဖြစ်သည်။ ယင်းတိုက်ပွဲတွင် ဆီးရီးယားသူပုန် အများအပြား သေဆုံးခဲ့ပြီး အများအပြား လက်နက်ချခဲ့ကြရကြောင်း ဆီးရီးယား အစိုးရရုပ်မြင်သံကြားက ကြေညာသည်။ ၄င်းတို့အနေဖြင့် လွန်ခဲ့သည့် ညက ပြင်းပြင်းထန်ထန် ချေမှုန်းခံရပြီးနောက် ယင်းမြို့မှ ဆုတ်ခွာခဲ့ကြောင်း ဆီးရီးယား သူပုန်အဖွဲ့က ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1