Friday, June 7, 2013

ချယ်လ်ဆီးတွင် အချိန် ကြာမြင့်စွာ နေထိုင် သွားလိုကြောင်း မော်ရင်ဟို ပြောဆို

Ever November | 6/07/2013 10:29:00 AM | Best Blogger Tips

ချယ်လ်ဆီး မန်နေဂျာဘဝ ဒုတိယမြောက် ဖြတ်သန်းမှုတွင် အချိန်ကာလ ကြာနိုင်သမျှ ကြာကြာ နေထိုင်သွားလိုကြောင်း ဟိုဆေး မော်ရင်ဟိုက ပြောကြားခဲ့သည်။

(၂၀၀၄)ခုနှစ်မှ (၂၀၀၇)ခုနှစ်ထိ ချယ်လ်ဆီးကို ကိုင်တွယ်ပြီး အောင်မြင်မှုများ ရယူပေးခဲ့ဖူးသော ပေါ်တူဂီသားသည် ယခုအခါ အသင်းသို့ တစ်ကျော့ပြန် ရောက်ရှိလာကာ (၄)နှစ် သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ချယ်လ်ဆီး ကစားသမားဟောင်း မိုက်ကယ်ဘောလက်အတွက် ရည်စူးကျင်းပသည့် အမှတ်တရ နှုတ်ဆက်ပွဲတွင် မော်ရင်ဟိုက ယခုတစ်ကြိမ် စတမ်းဖို့ဒ်ဘရစ်ဂ်ျ ဦးဆောင်သူ ဘဝကို ရှည်ရှည်ကြာကြာ ရှိစေလိုကြောင်း ဖွင့်ဟသွားသည်။ ချယ်လ်ဆီးသည် ယခုသီတင်းပတ် အစောပိုင်းက မော်ရင်ဟိုကို အတည်ပြု စာချုပ်ဖြစ်ခဲ့သည်။
မော်ရင်ဟိုက "ချယ်လ်ဆီးကို ပြန်လာရတာ ကျွန်တော် အရမ်းပျော်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော် ရှိနေချင်တဲ့ နေရာကို ကျွန်တော် ပြန်ရောက်လာတာပါ။ ချယ်လ်ဆီးမှာက တော်တော်များများ ကျွန်တော့်ကို လိုလားတယ်လေ"ဟု ဆိုသည်။ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်းက "ခုဆို ကျွန်တော့်လက်ထဲမှာ သိပ်ကို ငယ်ရွယ်နုပျိုတဲ့ အသင်းတစ်သင်း ရှိနေပြီ။ ငယ်ပေမယ့် ပါရမီ ပြည့်ဝတဲ့ ကစားသမားလေးတွေ ရှိတယ်။ သူတို့ကို ပိုတိုးတက်လာအောင် မွမ်းမံပေးဖို့ လိုပါတယ်။ ကစားသမားတွေမှာ တည်ငြိမ်မှု လိုအပ်တယ်။ ကျွန်တော်ကလည်း ချယ်လ်ဆီးကို တည်ငြိမ်တဲ့ အသင်းတစ်ခု ဖြစ်စေချင်တယ်။ ဒီအတွက် အသင်းမှာ အချိန်ကြာကြာလည်း နေချင်ပါတယ်"ဟုလည်း ဖွင့်ဟခဲ့သည်။

မော်ရင်ဟိုသည် ဘောလက် အမှတ်တရပွဲအတွက် ဂျာမနီသို့ ရောက်ရှိနေစဉ် ဘေယာလေဗာကူဆင် တိုက်စစ်မှူး အန်ဒရီ ရှာရဲလ်ကိုလည်း လေ့လာခွင့် ရခဲ့သည်။ ၎င်းကို ချယ်လ်ဆီးက ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဟု ယူဆရသည်။ မော်ရင်ဟိုက မိမိ ရီးယဲလ်မှ ထွက်ခွာရခြင်းသည် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ပြဿနာဖြစ်ခဲ့၍ဟု ဆိုခြင်းကိုလည်း ပယ်ချခဲ့သည်။ "သူက တစ်ရာသီ ဂိုး(၅၀)လောက် သွင်းပေးနေတဲ့ ကစားသမားပါ။ ကျွန်တော် ရီးယဲလ်က ထွက်လာတာ သူ့ကြောင့်ပါ ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ"ဟု ၎င်းက ပြောကြားသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1