Tuesday, June 5, 2012

ဝက်စ်ဟမ်း အသင်းမှ ထွက်ခွာတော့မည့် ရောဘက်ဂရင်း

Ever November | 6/05/2012 09:11:00 PM | Best Blogger Tips
ဝက်စ်ဟမ်း အသင်းရဲ့ ဂိုးသမား ရောဘက်ဂရင်းဟာ အသင်းမှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ၀က်စ်ဟမ်း အသင်းရဲ့ ဥက္ကဋ္ဌ ဒေးဗစ်ဂိုးလ်ကရောဘက်ဂရင်း ထွက်ခွာမယ့် အကြောင်း
ကို အတည်ပြု ပြောကြား သွားခဲ့တာ ဖြစ်ပြီး အသင်း အနေနဲ့ ရောဘက်ဂရင်းကို တားဆီးတော့မှာ မဟုတ်ကြောင်းလည်း ထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။

ရောဘက်ဂရင်းဟာ ၀က်စ်ဟမ်း အသင်းနဲ့ ယခုလ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။ ရောဘက်ဂရင်းဟာ ၀က်စ်ဟမ်း အသင်းကို ၂၀၀၆ ခုနှစ် နော့ဝစ် အသင်းကနေ ပြောင်းရွေ့ ရောက်ရှိလာတာ ဖြစ်ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၂၄၁ ပွဲ အထိ ပါဝင် ကစားပေးထားခဲ့တာလည်း ဖြစ်ပါတယ်။ ရောဘက်ဂရင်း အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြီးမှာ ၀က်စ်ဟမ်း အသင်းကို ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကူညီစွမ်းဆောင် ပေးထားနိုင်ခဲ့တဲ့ ဂိုးသမား တစ်ဦး ဖြစ်တာကြောင့် အသင်း ဥက္ကဋ္ဌ ဒေးဗစ်ဂိုးလ် အတွက်တော့ ရောဘက်ဂရင်း ထွက်ခွာမှု အပေါ် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဒေးဗစ်ဂိုးလ်ဟာ ၀က်စ်ဟမ်း အသင်း အနေနဲ့ ပရီးမီးယားလိဂ်မှာ ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဂိုးသမား ရောဘက်ဂရင်းကို စာချုပ် ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဘက်ဂရင်းဟာ ၀က်စ်ဟမ်း အသင်းမှ ထွက်ခွာဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဂရင်းကို ပရီးမီးယားလိဂ် ကလပ် ၀က်စ်ဘရွန်း အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ရောဘက်ဂရင်းဟာ ယူရို ပြိုင်ပွဲဝင်မယ့် အင်္ဂလန် အသင်း လူစာရင်းမှာလည်း ရွေးချယ်ခြင်း ခံထားရတာ ဖြစ်ပြီး ယခင်က အင်္ဂလန် အသင်း အတွက် ၁၂ ပွဲ ပါဝင် ကစားပေးခဲ့ဖူးကြောင်း သိရှိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1