Tuesday, June 5, 2012

မီတာငါးထောင် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သည့် မိုဖာရက်စ်

Ever November | 6/05/2012 08:25:00 PM | Best Blogger Tips
ဗြိတိန် တာဝေး အပြေးသမား မိုဖာရက်စ်ဟာ ဒိုင်းမွန်းလိဂ် အပြေး ပြိုင်ပွဲရဲ့ မီတာ ငါးထောင် ပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့မီတာငါးထောင် အပြေး ချန်ပီယံ တစ်ဦးဖြစ်တဲ့ မိုဖာရက်စ်ဟာ အမေရိကန် နိုင်ငံ အော်ရီဂွန်မှာ ပြုလုပ်ခဲ့တဲ့ ဒိုင်းမွန်းလိဂ် အပြေး ပြိုင်ပွဲရဲ့ မီတာ ငါးထောင် ပြိုင်ပွဲမှာ ၁၂ မိနစ် ၅၆.၉၈ စက္ကန့်နဲ့ ထိပ်ဆုံးမှ ပန်းဝင်ကာ အနိုင်ရ ဗိုလ်စွဲခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ စံချိန်ဟာ ယခုနှစ် အတွင်း မီတာ ငါးထောင် ပြိုင်ပွဲမှာ အမြန်ဆုံး စံချိန်တစ်ခု ဖြစ်ခဲ့ပြီး မိုဖာရက်စ်ဟာ လာမယ့် လန်ဒန် အိုလံပစ် ပြိုင်ပွဲမှာ မီတာ တစ်သောင်း ပြိုင်ပွဲကို အောင်မြင်မှု ရဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် မိုဖာရက်စ်ဟာ ဒိုင်မွန်းလိဂ် ပြိုင်ပွဲမှာ လက်ရှိ အိုလံပစ် တာဝေး အပြေး ချန်ပီယံ အီသီရိုးပီးယား နိုင်ငံသား ဘက်ကလီကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပြီး ဘက်ကလီကတော့ စတုတ္ထ နေရာမှသာ ပန်းဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဖာရက်စ်က လာမယ့် အိုလံပစ် ပြိုင်ပွဲမှာ အောင်မြင်မှု ရဖို့ မျှော်လင့်နေတာ ဖြစ်ပြီး မီတာ တစ်သောင်း ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ အိုလံပစ် ချန်ပီယံ ဘက်ကလီဟာ မကြာသေးမီကမှ ခြေသလုံး ကြွတ်သား ဒဏ်ရာက ပြန်လည် သက်သာလာခဲ့တာ ဖြစ်ပြီး ဒိုင်းမွန်လိဂ် ပြိုင်ပွဲမှာလည်း ရလဒ်တွေ ညံဖြင်းခဲ့တာလည်း ဖြစ်ပါတယ်။ မိုဖာရက်စ်ဟာ မီတာ တစ်သောင်း ပြိုင်ပွဲမှာ တစ်ကြိမ်မှ ဗိုလ်စွဲခဲ့ဖူးခြင်း မရှိခဲ့ပေမယ့် တောင်ကိုရီးယား နိုင်ငံ ဒဲလ်ဂူးမှာ ပြုလုပ်ခဲ့တဲ့ မီတာ ငါးထောင် ကမ္ဘာ့ ချန်ပီယံရှစ် အပြေး ပြိုင်ပွဲမှာ အနိုင် ရရှိထားတဲ့ ကမ္ဘာ့ ချန်ပီယံ တစ်ဦးဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1