Tuesday, June 5, 2012

Google မှ အသေးစား စီးပွားရေး လုပ်ငန်းများ ဝန်ဆောင်မှု စတင်

Ever November | 6/05/2012 09:04:00 PM | Best Blogger Tips
ဒေါ်လာ ဘီလီယံ ၂၀ တန် ဒေသတွင်း စီးပွားရေး လုပ်ငန်းများကို ဆက်စပ်နိုင်မည့် မဟာ ဗျူဟာသစ် တစ်ခုကို Google ကုမ္ပဏီမှ စတင်လိုက်ပြီ ဖြစ်ကာ၎င်းတို့ အနေဖြင့် အသေးစား စီးပွားရေး လုပ်ငန်းများ အတွက် ကြော်ညာ ဝန်ဆောင်မှု ပေးနိုင်မည့် စနစ်သစ်ကို အစောနိုင်ဆုံး အဖြစ် လာမည့် လတွင် စတင်နိုင်ရန် လျာထားကာ ယင်းကို တစ်ချိန်က Business Bulider ဟု အမည်ပေးထားကြောင်း သိရသည်။

ယခုလို လုပ်ဆောင်မှုမှ တစ်ဆင့် အငယ်စား စီးပွားရေး လုပ်ငန်းများ အတွက် ဝန်ဆောင်မှုများစွာကို ပေးအပ်သွားမည် ဖြစ် ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှု အရ Google+ကို အသုံးပြုပြီး  Google ကို သုံးစွဲနေသူများ အနေဖြင့်  ဒေသခံ စီးပွားရေး လုပ်ငန်းများနှင့် ဆက်စပ်စေနိုင်မည် ဖြစ်ကာ ယခုအချိန်တွင် အဆိုပါ စီးပွားရေး လုပ်ငန်းများမှာ ကိုယ်ပိုင် အထူးဝက်ဘ် စာမျက်နှာများကို ဆိုက်တွင် ရရှိနေပြီ ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Google ၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးမှ ပြောရာ၌ ဒေသတွင်းတွင် မိမိတို့၏ ဦးတည်ချက်မှာ တစ်ခုတည်းဖြင့် အားလုံးသုံးနိုင်သည့် နည်းစနစ် အစား ပျော့ပြောင်း ပြုပြင်လွယ်သည့် ဖြေရှင်းချက်များဖြင့် ဝက်ဘ်ကို အသုံးချပြီး ဒေသတွင်း စီးပွားရေး လုပ်ငန်းများ အကြား အသုံးတည့်စေမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
The Wall Street Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1