Tuesday, June 5, 2012

ကချင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် ဘန်ကောက်တွင် ဆန္ဒထုတ်ဖော်

Ever November | 6/05/2012 08:02:00 PM | Best Blogger Tips
ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအတွက်ထိုင်းနိုင်ငံရောက်   ကချင်တိုင်းရင်းသား အဖွဲ့ အစည်းများကဘန်ကောက်မြို့မြန်မာသံရုံးရှေ့တွင်ဇွန်လ(၅)ရက်နေ့နံနက်(၁၀)နာရီခွဲမှစတင်ကာတစ်နာရီ
ကြာ   ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

“ သမ္မတဆီတင်တဲ့ စာကိုဖတ်တယ် နောက်ပြီးစစ်တပ်ဟာပြည်သူတွေကိုတိုက်ခိုက်ဖို့မဟုတ်ဘူး။   နိုင်ငံတော်ကိုကာကွယ်ဖို့ဖြစ်တယ်။အခုလိုတိုက်ပွဲတွေဆင်နေတာဟာပြည်သူများစွာဒုက္ခရောက်
ကြရတဲ့အတွက်ရပ်တန့် ပေးဖို့ တောင်းဆိုတာပါ” ကချင်အမျိုးသမီးအဖွဲ့(ထိုင်းနိုင်ငံ)ကပြောရေးဆိုခွင့်ရှိသူ   မဆိုင်းခေါင်က ပြောသည်။
 
ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများအပါအ၀င်လူ့အခွင့်အရေးချိုးဖောက်  မှုများရပ်တန့်ပေးရန်ကချင်တိုင်းရင်းသားလူမှုအဖွဲ့အစည်းများကသမ္မတဦးသိန်းစိန်ထံသို့ယနေ့ဇွန်လ(၅)
ရက်နေ့က   စာတင်ပြ   တောင်းဆို ခဲ့ကြောင်းသိရသည်။

“ပြည်တွင်းမှာရှိတဲ့ ကျမတို့ ကချင်တိုင်းရင်းသားတွေခံစားနေရတဲ့လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ စစ်ပွဲတွေကို ရပ်တန့်ခိုင်းစေချင်တယ်။တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းပြီးတော့မှကိုယ်ပိုင်အခွင့်   အရေးတွေ ရရှိ စေချင်ပါတယ်” မခေါင်ဆိုင်းပန်က ပြောသည်။


သမ္မထံသို့ တင်ပို့ခဲ့လိုက်သောစာအား နိုင်ငံပေါင်း (၂၀)ကျော်တွင်ရောက်ရှိနေသည့် ကချင်အဖွဲ့အစည်းများ အပါအ၀င် တခြားတိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူထု့အခြေပြုအဖွဲ့အစည်းများစုပေါင်းလက်မှတ်ထိုး တင်ပြ လိုက်ခြင်းဖြစ်သည်။ 

စစ်ပွဲများနေ့စဉ်ဖြစ်ပေါ်နေသဖြင့် လက်ရှိအချိန်တွင်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့သူ ပိုမိုများပြားလာခဲ့သလို ပြည်တွင်းဒုက္ခသည်ပေါင်း၇၅၀၀၀ခန့်ရှိပြီးဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများ
ထံမှလည်း   အကူအညီ မရရှိပဲ ဆိုးဝါးလှသောအခြေ  အနေနထိုင်နေရကြောင်းသမ္မတထံတင်သည့် စာထဲတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုဒုက္ခသည်များထံပေးပို့ခြင်းအား  ခွင့်ပြုရန်၊ အနှစ်သာရရှိသောနိုင်ငံရေးတွေ့ဆုံမှုကိုစတင်ရန်၊စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာလူ့အခွင့်အရေးချိုးဖောက်
မှု  များရပ်တန့်ပေးရန်စသည်အချက်များလည်း လိုအပ်လျက်ရှိကြောင်း  တောင်းဆိုထားသည်။

“အခုဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်ပေးဖို့နောက်ပြီးနိုင်ငံရေးအရစစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ တောင်းဆိုတာပါ” ဟု မဆိုင်းခေါင်က ဆက်ပြောသည်။

၁၉၉၄ ခုနှစ်တွင် အစိုးရနှင့်(၁၇)နှစ်အကြာအပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သောKIOသည် ၂၀၁၀ ရွေး   ကောက်ပွဲ အပြီး တက်လာသည့် သမ္မတသိန်းစိန် အစိုးရသစ်နှင့်နိုင်ငံရေးအခြေအနေတင်းမာခဲ့သဖြင့် ပြီးခဲ့သည့်  ၂၀၁၁ ခုနှစ် ဇွန်လတွင်အပစ်ရပ်စဲရေး ပျက်ပြယ်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယနေ့သမ္မတထံ ပေးပို့ခဲ့သောစာအား ကုလသမဂအထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းနှင့်  မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂလူ့အခွင့်အရေးကိုယ်စားလှယ်သောမတ်စ်အိုဟေးကွင်တားနားတို့ထံလည်းပေးပို့သွားမည်   ဖြစ်ကြောင်း သိရသည်။
ဖောင်ဖောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1