'၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုနှင့် လွှတ်တော်တို့အကြား အကြံဉာဏ်များ ပေးပို့ခြင်း၊ အကူအညီတောင်းခံခြင်း အပါအ၀င် နိုင်ငံတည်ငြိမ်မှုကို မထိပါးစေသော ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများ ရရှိစေရေးအတွက် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်သွားကြရန် ကိစ္စ တို့ကို ယခုအခါ တရားဝင်ဆက်သွယ်ဆောင်ရွက်နိုင်ကြပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဇူလိုင် ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
လွှတ်တော်အတွင်း နိုင်ငံရေး
  အင်အားစုများနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုတို့ အပြန်အလှန် ယုံကြည်
  မှုတည်ဆောက် နိုင်ရေးအတွက် အမြင်
  ချင်းဖလှယ်သည့်အနေဖြင့် ပြည်သူ့
  လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့က '၈၈ မျိုး
  ဆက် နိုင်ငံရေးအင်အားစု ခေါင်းဆောင်
  များနှင့် ဇွန်လ ၁ ရက်နေ့ နံနက်တွင်
  ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော် ဥပဒေ
  ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေးကော်မရှင်ရုံးခွဲ၌ တွေ့ဆုံခဲ့ ကြသည်။ 
ထိုသို့တွေ့ဆုံအပြီးတွင် သူရ ဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း
  ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲဖြစ်
  မြောက်စေရန် အချိန်ယူ ကြိုးပမ်းစီစဉ်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
 ဦးခိုင်မောင်ရည်က မြန်မာတိုင်း(မ်)ကို ပြန်လည်ဖြေကြားခဲ့သည်။  
"ဒီတွေ့ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်က ပွင့်ပွင့်လင်းလင်း 
ပြောဆိုကြတာဖြစ်လို့ အပြန်အလှန် ယုံကြည်မှုရသွားစေပါတယ်။ နှစ်ဖက်စလုံးရဲ့ 
ပွင့်လင်းရိုးသား မှုတွေကိုလည်း တွေ့မြင်ရပါတယ်။ '၈၈ မျိုးဆက်တွေဘက်က 
ကိုကိုကြီး၊ မင်းကိုနိုင်၊ ကိုပြုံးချို၊ ဂျင်မီ၊ အံ့ဖွယ်ကျော်နဲ့ 
ကိုမြအေးတို့ ခြောက်ဦးပါ။ လွှတ်တော်ဘက်က သူရဦးရွှေမန်းရယ်၊ ရေးရာ ကော်မတီဥက္ကဋ္ဌ
 ငါးဦးရယ်၊ ကျွန်တော်ရယ် စုစုပေါင်း ခြောက်ဦးတို့ပါ။
  "မျိုးဆက်သစ်တွေဘက်က လွှတ်တော်နဲ့ ပတ်သက်ပြီး လွှတ်တော်က
  အတည်ပြုပြီးသား ဥပဒေတွေအတွက် နည်း ဥပဒေတွေ မပြဋ္ဌာန်းနိုင်သေးတဲ့ 
ကိစ္စကိုပြောတော့ ဥက္ကဋ္ဌကြီးက နည်း ဥပဒေတွေကို အစိုးရဘက်က မလုပ်နိုင်သေးတာ 
မှန်ပါတယ်။ လွှတ်တော်က ဒါကို တိုက်တွန်းသွားပါမယ်လို့ ဖြေပါတယ်။ ပြီးတော့ 
ငြိမ်းချမ်းမှုပျက်ပြားစေမယ့် ကိစ္စမျိုး၊ ဥပမာ လူစုလူဝေးနဲ့ လှုပ်
  ရှားမှုတွေရှိလာရင် အဆိုးဘက် ရောက်မသွားအောင် 
ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ နှစ်ဖက်စလုံး ကလည်း 
ဒီအချက်ကို လက်ခံကြပါတယ်။
  "မျိုးဆက်သစ်တွေအနေနဲ့ လွှတ်တော်ကို အကြံပေးလိုတဲ့ကိစ္စ၊ အကူအညီ
  တောင်းလိုတဲ့ကိစ္စတွေကို ကျွန်တော် (ဦးခိုင်မောင်ရည်)ကတစ်ဆင့်၊ ဒါမှမဟုတ် 
ရန်ကုန်မှာရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေထဲက ဦးအောင်သိန်း 
လင်းတို့၊ ဦးဌေးမြင့်တို့
  က တစ်ဆင့် ဆက်သွယ်ပြီး လွှတ်တော်
  ဥက္ကဋ္ဌကို တရားဝင်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သူရဦးရွှေမန်း က 
ပြောခဲ့ပါတယ်"ဟု ဦးခိုင်မောင်ရည်က ပြန်လည် ပြောကြားသည်။  
ထို့ပြင် ၎င်းက "ဒီတွေ့ဆုံပွဲဟာ သမိုင်းဝင်လည်းဖြစ်၊ အပြန်အလှန် 
ယုံကြည်မှုကို ရရှိစေတဲ့ပွဲလည်းဖြစ်ပါတယ်။ ဒီမိုကရေစီခေတ်မှာ 
လွှတ်တော်ပေါ်လာပြီး
  နောက်ပိုင်းမှာ အခုလို '၈၈ မျိုးဆက်တွေ နဲ့ တွေ့ဆုံခြင်းဟာ 
အကောင်းဆုံးလုပ်ရပ်တစ်ခုလို့ မြင်ပါတယ်" ဟုလည်း ဖြည့်စွက်
ပြောကြားခဲ့သည်။
 '၈၈ မျိုးဆက်ကျောင်းသားများဘက်မှ ဆွေးနွေးပြောဆိုချက်တို့သည် 
ပွင့်လင်းသည်နှင့်အမျှ စွမ်းဆောင်ရည်နှင့် နိုင်ငံရေးအကင်းပါးမှု
  များ ကြွယ်ဝသည်ကိုဖော်ပြခဲ့ကြောင်း အဆိုပါ
  တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ
 ရပ်များ  လေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတိုးနိုင်မန်းက 
မြန်မာတိုင်း(မ်)ကို ဖြေကြားခဲ့သည်။
 "ဒီတွေ့ဆုံပွဲဟာ အတော့ကို ကောင်းပါတယ်။
  ကိုကိုကြီးပြောသွားတဲ့အချက်တွေမှာ 'ခုချိန်ဟာ
  အနာဖေးတွေ ခွာချနေရမယ့်အချိန် မဟုတ်တော့ဘူး။ နိုင်ငံတော် တည်ဆောက်ရာမှာ 
နိုင်တဲ့နေရာ၊ ကျရာနေရာကနေ အတတ်နိုင်ဆုံး ၀ိုင်းဝန်းတည်ဆောက်ကြရမယ်လို့ 
ကျွန်တော်တို့ ခံယူထားတယ်'လို့ ပါပါတယ်။ ကိုမင်းကိုနိုင်ကလည်း 
'နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ရာမှာ တည်ငြိမ်မှုကို မထိ ခိုက်စေဘဲနဲ့ 
လွှတ်တော်နဲ့ မျိုးဆက်သစ်၊ နိုင်ငံတော်နဲ့ မျိုးဆက်သစ်၊ ပြည်သူ
  နဲ့ မျိုးဆက်သစ်တို့အကြား အပြန်အလှန် ယုံကြည်မှုနဲ့ 
လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်'လို့ ပြောသွားပါတယ်။ 
ကျန်တဲ့ ကိုမြအေး၊ ကိုအံ့ဖွယ်ကျော်၊ ကိုဂျင်မီနဲ့ ကိုပြုံးချို
  တို့ ဆွေးနွေးကြတာတွေလည်း အတော်ကောင်းပါတယ်။
  "သူတို့တွေရဲ့ အရည်အချင်းနဲ့ တွေးတော
  ဆင်ခြင်မှုစွမ်းရည်၊ နိုင်ငံရေးအကင်းပါးမှု
  စွမ်းရည်တွေကို ဖော်ထုတ်ပြနိုင်တဲ့ တွေ့ဆုံပွဲဖြစ်
  သလို နောင်ဆက်သွားကြရမယ့် နိုင်ငံတော်
  တည်ဆောက်ရေးလမ်းကြောင်းမှာ အနှောင့်
  အယှက်တွေ၊ မတည်ငြိမ်မှုတွေကို ရှောင်လွှဲပြီး အတူသွားနိုင်ကြမယ်လို့ ကျွန်တော်ယူဆပါတယ်"ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
 လွှတ်တော်နှင့် '၈၈ မျိုးဆက်သစ်တို့အကြား
  အပြန်အလှန် ယုံကြည်မှုကိုအတိုင်းအတာ
  တစ်ခုအထိ ရရှိစေခဲ့သော အဆိုပါဆွေးနွေး ပွဲ၏
  ရလဒ်များ၊ အထူးသဖြင့် သူရဦးရွှေမန်း၏ အပြုသဘောဆောင်သော တံခါးဖွင့်ကမ်းလှမ်းမှုများကြောင့် '၈၈ မျိုးဆက်သစ်တို့ ဘက်မှ လွှတ်တော်
  ထံသို့ အကြံပြုတောင်းဆိုချက်အချို့ကို ယခု
  စတုတ္ထပုံမှန်အစည်းအဝေး အစောပိုင်းကာလ
  မှာပင် စတင်ပေးပို့ တော့မည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည်ထံမှ ကြားသိရသည်။
 "ဒီတွေ့ဆုံပွဲလေးဟာ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ အကျိုးကျေးဇူး တွေရတယ်လို့
  လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက ပြောသွားပါတယ်။ ကျွန်တော့သူငယ်ချင်းတွေဖြစ်တဲ့၊
  ကာလတစ်ခုမှာ ကျွန်တော်တို့နဲ့တန်းတူ
  တိုင်းပြည်ချစ်စိတ်နဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုး
  စွန့်ပြီး ဆောင်ရွက်ကြသူတွေဖြစ်တဲ့ '၈၈ မျိုးဆက်
  သစ်တွေကို အခုလို လွှတ်တော်နဲ့ နိုင်ငံတော်က
  အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်လာတာ
  မျိုးအထိ ဖြစ်လာတဲ့အတွက် ဒီတွေ့ဆုံပွဲဖြစ်လာအောင် ကျွန်တော် အချိန်ယူကြိုးပမ်းခဲ့ရကျိုး
  နပ်ပါတယ်။
  "အခုဆိုရင် ကျွန်တော်တို့နဲ့အတူ လွှတ်ပေးသင့်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း
  ကို လွှတ်တော်ကတစ်ဆင့် ဆောင်ရွက် ပေးနိုင်ဖို့
  အတွက် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကတစ်ဆင့် ဒီညနေပိုင်းမှာ ကျွန်တော့ဆီကို ရောက်လာပါ
  ပြီ။ ဒါကို လွှတ်တော် ပုံမှန်အစည်းအဝေးက တစ်ဆင့်မဟုတ်ဘဲ ဥက္ကဋ္ဌထံ တိုက်ရိုက်သီးသန့်
  တင်ပြသွားဖို့ စီစဉ်ထားပါတယ်။
  "ပြီးတော့ ပြည်ပမှာ ရောက်နေကြတဲ့ နိုင်ငံရေး
  အင်အားစု အသီးသီးတွေက မြန်မာပြည်ကို ပြန်ဝင်လာဖို့ ကြိုးစားနေကြသူတွေရဲ့ အခက်အခဲ
  တွေကို လည်း တင်ပြတောင်းဆိုသွားဖို့ ရှိပါတယ်။ နိုင်ငံတော်သမ္မတက သူတို့ကို ပြန်လာကြ
  ဖို့ ဖိတ်ခေါ်ထားတာမှန်ပေမယ့် တကယ့်လက်
  တွေ့မှာ ပြန်လာချင်သူတွေက ပြည်ဝင်ခွင့်ဗီဇာ ခက်ခဲနေတာ၊ မရသေးတာတွေ ရှိပါတယ်။ အဲဒီ
  ကိစ္စတွေအပြင် လောလောဆယ် နိုင်ငံတစ်ဝန်းမှာ ကြုံတွေ့နေရတဲ့ လယ်ယာမြေအငြင်းပွားမှုတွေလည်း ပါနိုင်ပါတယ်"ဟု ၎င်းက ဇူလိုင်လ
  ၂ ရက်နေ့ ညနေပိုင်းတွင် ဖြည့်စွက်ပြောကြားခဲ့သည်။
Myanmar Times 


No comments:
Post a Comment