ဂူဝါဟာတီ - အိန္ဒိယနိုင်ငံ အရှေ့မြောက် ပိုင်းတွင် လွန်ခဲ့သည့် သီတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံ ခြင်းများ ဖြစ်ပွားရာ အနည်းဆုံး လူ ၇၉ ဦးသေဆုံးပြီး လူပေါင်း ၂ ဒသမ ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာပိုင်များက ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
 ဗြဟ္မပုတြမြစ်ရေသည် တာရိုးကျိုး၍ လျှံတက်မှုကြောင့် ဘူတန်နှင့် ဘင်္ဂလား 
  ဒေ့ရှ်နိုင်ငံများနှင့် ထိစပ်နေသည့် အာသံ
  ပြည်နယ်တွင် ရေကြီးခြင်းကို အဆိုးဆုံး
  ခံရချိန်၌ အရုနာချာပရာဒေ့ရှ်၊ မဏိပူရ
  နှင့် မက်ဂဟာလာယာ ပြည်နယ်များ
  တွင်လည်း ရေဘေးကို ကြုံခဲ့ရသည်။  
ပြည်နယ်အတွင်းရှိ ခရိုင် ၂၇ ခုအနက်
  ၂၆ ခုသည် မိုးကြီးမှုကြောင့် ရုတ်တရက်
  ရေဘေးနှင့်ကြုံခဲ့ရသဖြင့် ထောင်ပေါင်း
  များစွာသော ချည့်နဲ့နဲ့ အိမ်လေးများ
  သည် ရေစီးနှင့်မျောပါသွားကာ လမ်းမကြီးများ ပိတ်ဆို့သွားပြီး နေရာများစွာ
  တို့၌ ရွှံ့နွံများ ဖုံးသွားခဲ့ရသည်ဟု အာသံပြည်နယ် အစိုးရကပြောသည်။
 "အာသံ ပြည်နယ်သားတွေဟာ အပျက်အစီးများတဲ့ အဆိုးဆုံး ရေကြီးမှု
  တွေထဲက တစ်ခုကို ခံစားနေကြရတာပါ" ဟု ရေဘေးသင့် နေရာဒေသသို့ ရဟတ်
  ယာဉ်ဖြင့်သွားရောက် ကြည့်ရှုအပြီး၌ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောကြား
  ခဲ့သည်။  
"ရေဘေးကြုံတဲ့သူတွေကို သက်သာ
  ရာရဖို့နဲ့ ကူညီထောက်ပံ့သွားဖို့ 
  ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ဟာ တတ်နိုင်သမျှ ကြိုးစား နေကြပါပြီ" ဟု ၎င်းက ဖြည့်စွက်ပြောသည်။  
အာသံပြည်နယ် အစိုးရကလည်း အိမ်ခြေပေါင်းများစွာ ပျက်စီးခဲ့ရသည့်
  အတွက် ခန့်မှန်းခြေ လူဦးရေ ၂ ဒသမ ၂
  သန်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ကြရကာ ယင်းတို့
  အနက် လူ ၅၀၀,၀၀၀ ကျော်အား ကယ်
  ဆယ်ရေးစခန်းများတွင် နေထိုင်နိုင်ရန် စီစဉ်ပေးထားရသည်ဟု ဆိုသည်။
 "ရေကြီးတာတွေနဲ့ မြေပြိုတာတွေက နေ ရှောင်ပြေးရင်းနဲ့ အဖြစ်အပျက်မတူ 
တဲ့နေရာတွေမှာ လှေမှောက်ပြီး ရေနစ် သေဆုံးသူ ဦးရေဟာ အခုအထိတော့ ၇၉ 
ဦးရှိသွားပါပြီ" ဟု ပြည်နယ်အစိုးရ ၏ ထုတ်ပြန်ချက်တွင် ပြောသည်။
 "အိုးအိမ် စွန့်လာရသူတွေအတွက် 
  မရှိသုံး ယာယီတဲတွေ လုပ်ပေးထားပါ
  တယ်။ တစ်ချိန်တည်းမှာပဲ တခြားသူတွေ
  အတွက်လည်း အမြင့်ပိုင်းနေရာတွေမှာ
  နေကြဖို့နဲ့ မိုးရေကာဖျင်တဲတွေမှာ
  နေကြဖို့ ညွှန်ကြားထားပါတယ်" ဟု အာသံပြည်နယ် ကျန်းမာရေးဝန်ကြီး ဟီမန်တာ ဘီစ၀ါဆာမာက အေအက်ဖ်ပီ
  သတင်းဌာနကို ပြောသည်။  
ကျားများ၊ ဦးချိုတစ်ခုတည်းပါသည့် ကြံ့များနှင့် ဆင်များဖြင့် 
နာမည်ကြီးလှသော ကာဇီရန်ဂါ အမျိုးသားဥယျာဉ်၏ ၇၀ ရာခိုင်နှုန်း ကျော် သည်လည်း 
ရေနစ် မြုပ်သွားခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ 
"တိရစ္ဆာန်တွေကို ရေဘေး
  လွတ်ရာရွှေ့ဖို့ ကြိုးစားနေပါတယ်" ဟု
  ဥယျာဉ်ကြီးကြပ်ရေးမှူးက အေအက်ဖ်ပီ
  ကို ပြောသည်။  
အရုနာချာပရာဒေ့ရှ်၊ မဏိပူရနှင့် မက်ဂဟာလာယာ ပြည်နယ်များ၌လည်း 
မုတ်သုံမိုးကြီးမှုကြောင့် ရေကြီးရေလျှံ ခြင်းများဖြစ်သော် လည်း သေဆုံးသည့် 
သတင်းများထွက်ပေါ်လာခြင်းမရှိပေ။  
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်က ရေကြီးခြင်း နှင့် မြေပြိုခြင်းများကြောင့် သေဆုံးသူ
  ဦးရေသည် ၁၀၈ ဦးမှ ၁၂၃ ဦးအထိ
  ရှိကြောင်း အာဏာပိုင်များက ပြောဆို
  ကာ ယခုအခါ ရေများကျဆင်းသွားပြီ
  ဖြစ်သည်ဟု ဆိုကြသည်။  
"ဗြဟ္မပုတြမြစ်ရဲ့ ကမ်းနှစ်ဖက်စလုံးက ခရိုင်ငါးခုမှာ ရေလျှံတဲ့ဒဏ် 
ခံစားရတဲ့ လူပေါင်း ၉၀၀,၀၀၀ လောက်ရှိပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် အမျိုးသားသဘာဝ 
ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်စောင့် ရှောက်ရေး အဖွဲ့ခေါင်းဆောင်က 
  အေအက်ဖ်ပီကို ပြောသည်။
 "ရေဘေးဒဏ် ခံရသူတွေအတွက် ကူညီထောက်ပံ့ရေးတွေ ဆောင်ရွက်
  ထားပါပြီ" ဟု ၎င်းက ဆိုသည်။  
အာရှတိုက်တစ်ဖက်ခြမ်းတွင် ဇွန်လ မှ စက်တင်ဘာလအထိ ၀င်ရောက်လေ့ ရှိသည့် 
မုတ်သုံမိုးသည် ဒေသတွင်းရှိ လယ်သမားများ အတွက် အရေးပါလှ သော်လည်း 
ရေကြီးခြင်းများကြောင့် နှစ်စဉ် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံး
  မှုများ ကြုံတွေ့ရသည်။ 
Myanmar Times 


No comments:
Post a Comment