စစ်တကောင်း(ဘင်္ဂလားဒေ့ရှ်)-ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းတွင်သုံးရက်ကြာမိုးသည်းထန်စွာရွာသွန်း
မှုကြောင့်ရုတ်တရက် ရေကြီးမှုများနှင့်ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီးနောက် မြေပြိုမှု
များဖြစ်ပွားခဲ့ရာ 
သေဆုံးသူပေါင်း၁၁၄ဦးရှိနေပြီ
ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒေလီစတားသတင်း
စာက ဇွန်လ ၂၉
ရက် နေ့တွင် ဖော်ပြခဲ့သည်။ 
မြေပြိုမှုများ ဖြစ်ပွားနေသော စစ်တကောင်း တောင်ကုန်းဒေသတွင်
  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ    ဆောင်ရွက်ရန် စစ်တပ်များချထား
  ကြောင်း အစွန်အဖျားနေရာများ၌ 
  သေဆုံးသူဦးရေ ပိုမိုများပြားလာမှုကို သတိပေးပြောကြားသူ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးဆီရာဂျူးလ် ဟက်ခန် က
  ဆိုသည်။  
ခန်၏ပြောကြားချက်အရ စစ်တကောင်း ဆိပ်ကမ်းမြို့တစ်ဝိုက်နှင့်  ၎င်းအနီးရှိ
  ဘင်ဒါဘန်နှင့် ကောက်စ်ဘဇားခရိုင်
  များတွင် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွား ခြင်းကြောင့် အနည်းဆုံးသေဆုံးသူ ၉၄ ဦးရှိပြီဟု သိရသည်။  
မြေပြိုသည့်နေရာများမှ အလောင်း ၃၆ လောင်း တွေ့ရှိထားသည်ဟု ဘင်ဒါဘန်အုပ်ချုပ်ရေးမှူး တာရီကူးလ် အစ္စလာမ်က ပြောသည်။
 မိုးသည်းထန် စွာရွာသွန်းပြီး ရေကြီးသည့်အတွက်   
ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီး ကယ်ဆယ်ရေးများ မသွား 
ရောက်နိုင်ခဲ့ဟုဆိုသည်။
 ဒုက္ခသည်အများစုမှာ ၎င်းတို့နေရာ များသို့ ရွှံ့ညွန်များပါသည့် လှိုင်းလုံးကြီးများ ရိုက်ခတ်ချိန်တွင် အိပ်မောကျ
  နေကြကြောင်းနှင့် မိသားစုတစ်စုတွင် ပျောက်ဆုံးသူ ၁၂ ဦးရှိကြောင်း 
  ဘင်ဒါဘန်ရဲအရာရှိချုပ် ဆိုင်ဖူအာမက်
  ကဆိုသည်။
 ကောက်စ်ဘဇားခရိုင်တွင် ရွှံ့ညွန်တုံး များပြိုကျပြီး အဆောက်အအုံများ
  ပျက်စီးကာ အနည်းဆုံး သေဆုံးသူ ၃၇ ဦးရှိပြီဖြစ်ကြောင်း ၎င်းဒေသမှ တာဝန်ရှိသူများက ပြောသည်။
 ထောင်ပေါင်းများစွာသော ဆင်းရဲ သားများသည် တောင်ခြေတွင် တဲအိမ် 
လေးများဖြင့် နေထိုင်ကြပြီး ၎င်းမိသားစုများသည် မုတ်သုံရာသီကာလတွင် 
အာဏာပိုင်များထုတ်ပြန်သည့် သတိပေး
  ချက်များကို ဂရုမစိုက်ဘဲ နေမြဲအတိုင်း
  နေကြသူများဖြစ်ကြောင်း သိရသည်။  
စစ်တကောင်း ဆိပ်ကမ်းမြို့တွင် ဇွန်လ ၂၇ ရက်နေ့တွင် ၁၂ နာရီတာ
  ကာလအတွင်း၌ပင် မိုးရေချိန် ၄၀ စင်တီမီတာ (၁၆ လက်မ) ရွာသွန်းခဲ့ပြီး 
  ကယ်ဆယ်ရေးသမားများကလည်း မြေပြိုသည့်နေရာများသို့ ဆက်တိုက်
  သွားရောက်ကူညီခဲ့သည်။  
ဇွန်လ ၂၈ ရက်ညနေ ငါးနာရီထိ သေဆုံးသူများမှာ  ကောက်စ်ဘဇား
  ဒေသတွင် ၄၆ ဦး၊ စစ်တကောင်းဒေသ
  တွင် ၃၂ ဦး၊ ဘန်ဒါဘန်ဒေသတွင် 
  ၃၆ ဦး စုစုပေါင်း ၁၁၄ ဦးရှိနေပြီ
  ဖြစ်ကြောင်း အစားအသောက်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ၀န်ကြီးဌာနမှ အတွင်းရေးမှူး ၀ါဇက်
  အလီကပြောသည်။  
ချာကာရီယာ ယူပါဇီလာ ဒေသတွင်
  ဇွန်လ ၂၆ ရက်နေ့၌ ကြီးမားလှသည့်
  ရေလုံးကြီးများက ပေ ၂၀၀ အမြင့်
  ရှိသည့် ရေကာတာကို ဖျက်ဆီးခဲ့ပြီး
  နောက် သောင်တင်နေသူပေါင်း ၁,၅၀၀ နီးပါးနှင့် အိမ်ခြေ ၃၀၀ ပျက်စီးခဲ့
  ကြောင်းသိရသည်။
Myanmar Times 


No comments:
Post a Comment