နိုင်ငံတော်သမ္မတ၏လက်ရှိကျင့်သုံးနေသည့်မူဝါဒများနှင့်မကိုက်ညီသည့် ပြည်ထောင်စုဝန်ကြီးများ ပြောင်း
လဲရန် အစီအစဉ်ရှိကြောင်း 
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက ''ကျွန်တော်တို့လည်း 
သတင်းတွေကြားတယ်။ ၀န်ကြီးတွေ လျော့ချမယ်ဆို တာထက်ဝန်ကြီးတွေ အလဲအလှယ် 
လုပ်မယ်ဆိုတဲ့ သတင်းက ပိုသေချာမယ် ထင်ပါတယ်။ တချို့ဝန်ကြီး တွေလဲမှာပေါ့။ 
သမ္မတကြီးလည်း ခဏခဏ ပြောနေတာပဲ။ ကျွန်တော်ထင်တာကတော့ လက်ရှိမူဝါဒနဲ့ 
မလိုက်နိုင်တဲ့ ဌာနတွေ၊ ၀န်ကြီးဌာနတွေ၊ လက်ရှိနိုင်ငံတော်သမ္မတကြီး 
ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့ လွဲချော်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အဲလို 
မျိုးတွေရယ်၊ နောက်တစ်ခုက ပြည်သူတွေ သိပ်ပြီးမလိုလားတဲ့ သူမျိုးတွေပေါ့။ 
qualified တော့ ရှိချင် ရှိမယ်။ သို့သော်လည်း မူဝါဒကျင့်သုံးတဲ့အခါမှာ 
လွဲချော်နေတာလေးတွေ ရှိချင် ရှိမယ်။ အဲဒါမျိုးလေးတွေပေါ့။ အဲဒါမျိုးလေးတွေ 
ဖြစ်ဖို့များပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထိုပြင်မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးအပြောင်းအလဲနှင့်ပတ်သက်သည့် ပြည်ထောင်စုအစိုး
ရအဖွဲ့၏တင်ပြချက်များ 
ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်းလည်းလွှတ်တော်ကိုယ်
စားလှယ်များက ခန့်မှန်းလျက်ရှိကြောင်း သိရသည်။
EMG 


No comments:
Post a Comment