ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ၀င်ရောက်လာသောအခါ အဓိက ဆွေးနွေးလိုသော အကြောင်းအရာမှာ ဥပဒေပြုရေးနှင့် ပတ်သက်သော်လည်း ယာယီအားဖြင့်မူ အဆိုတင်သွင်းပြောဆိုမှုများတွင် ခဲယဉ်းမှုများ ရှိနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။
၂၄ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်တွင် ကိုယ်စား 
လှယ်အဖြစ် တက်ရောက် ဆွေးနွေးမည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ 
နိုင်ငံသားများအတွက် ကောင်းမွန်သည့် ဒီမိုကရေစီနည်းလမ်းကျသော ဖွံ့ဖြိုးမှု 
များ ယူဆောင်လာနိုင်လိမ့်မည်ဟု ပြည်သူများက မျှော်လင့်ကြသည်။  
ထိုအခြေအနေတွင် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပြည်သူ့ကိုယ်စားပြု 
ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများနှင့် 
တရားဥပဒေရေးဆွဲနိုင်ရေးတို့အပြင် လတ်တလောအကျပ်အတည်း ဖြစ်နေသည့် 
စီးပွားရေးလောကနှင့် သက်ဆိုင်သည့် အဆိုများကို တင်သွင်းဆွေးနွေး 
နိုင်ဖွယ်ရှိကြောင်း သုံးသပ်ခန့်မှန်းသူများ လည်းရှိသည်။  
"တရားဥပဒေနဲ့ပတ်သက်ပြီး အခုမှ လွှတ်တော်ဝင်ခါစဆိုတော့ အဆိုတင် တဲ့အခါမှာ 
အခက်အခဲတွေ ရှိနိုင်သေးတယ်။ အခုတက်တဲ့ လွှတ်တော်မှာတော့ 
စီးပွားရေးကိစ္စရပ်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးနိုင်လိမ့်မယ်လို့
 ခန့် မှန်းရတယ်"ဟု ရန်ကုန်မြို့မှ နိုင်ငံရေး သုံးသပ်လေ့လာသူ 
စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။
"အဓိကကတော့ လက်ရှိ တုံ့ဆိုင်းနေ တဲ့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ရတယ်"ဟု ၎င်းကပြောသည်။
 မြန်မာနိုင်ငံတွင် လွှတ်တော်မရှိဘဲ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၅၀ 
နီးပါးမျှ ရှိခဲ့သောကြောင့် ဒီမိုကရေစီနည်းလမ်း တကျဖြင့် လွှတ်တော်အတွင်း 
ပြည်သူ လိုလားသည့် အဆိုများကို ထိရောက် စွာတင်သွင်းနိုင်ရန်နှင့် 
ဆွေးနွေးငြင်းခုံခြင်းမှာ အချိန်ပေးရဦးမည် ဖြစ်ကြောင်းလည်း 
၎င်းကဆက်လက်ပြောသည်။
 နိုင်ငံရေးလေ့လာနေသူ အချို့၏ ခန့် မှန်းသုံးသပ်ချက်များအရ 
မြန်မာနိုင်ငံ တွင်လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာ များကို 
စိတ်ပါဝင်စား သူ ဦးရေမှာ နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင် 
နှုန်းခန့်ပင်ရှိမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းပါတီမှ ကိုယ်စားလှယ် 
လောင်းများ ၀င်ရောက်လာပါက ရာခိုင် နှုန်း ၅၀ နှင့်  ၆၀ ကြားသို့ တိုးတက်လာ
  နိုင်မည်ဖြစ်ကြောင်း သုံးသပ် ခန့်မှန်းကြသည်။
 နိုင်ငံရေးနှင့် ပတ်သက်ပြီး အကောင်း မြင်စိတ်ရှိသူများက ဒေါ်အောင်ဆန်း 
စုကြည် လွှတ်တော်အတွင်း ၀င်ရောက် လာခြင်းကို အပြုသဘောဆောင်သည့် အမြင်ဖြင့် 
ကြည့်ရှုပြီး ၎င်းသည် လွှတ် တော်အတွင်းအပြင် နှစ်ခုစလုံးကို
  ကောင်းမွန်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်
  မည်ဟု အမြင်ရှိကြသည်။
 "ကျွန်မတို့ လွှတ်တော်ထဲမှာ လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီးတော့ 
အဆိုတင်သွင်းပြီးတော့မှပဲ လုပ်ရမှာပဲ။လုပ်ပိုင်ခွင့် ရှိသမျှတော့ 
ကျွန်မတို့လုပ်မယ်။ လုပ်ပိုင်ခွင့်ထက် ပိုပြီးလိုအပ်ရင်တော့ 
အဆိုတင်သွင်းပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည် က ဇူလိုင်လ
 ၃ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
 "ဥပဒေစိုးမိုးရေးဟာ အခြေခံကျတယ်လို့ အန်တီတို့ ထင်ပါတယ်။ ပြည်တွင်း 
ငြိမ်းချမ်းရေးဆိုလည်း ဥပဒေစိုးမိုးရေးနဲ့အများကြီး ဆိုင်ပါတယ်။ဒါကြောင့် 
ဥပဒေ စိုးမိုးရေးနဲ့ ဆက်စပ်နေတဲ့ကိစ္စတွေကို ဦးစားပေးပြီးလုပ်ပါမယ်"ဟု ၎င်း 
ကပြောသည်။  
"ဥပဒေတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဥပဒေပြုရေး၊ ပြုပုံပြုနည်းကို 
ကလည်း ပြုပြင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ဥပမာ ဥပဒေပြုနေတဲ့အချိန်အခါ မှာ 
ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့
  လိုပါတယ်။အခုဆိုလို့ရှိရင် ဥပဒေဖြစ်တဲ့ အခါကျမှ ဥပဒေကို 
ထုတ်ပြပြီးတော့မှပဲ အများပြည်သူတွေက လေ့လာပြီး ဒီ ဥပဒေမှာ ဘာရှိလဲ ဆိုတာကို
 သိရပါတယ်။ တကယ်ဆို ဒီဥပဒေမပြုခင် ဒီဟာ
  ကိုလွှတ်တော်မှာ ဥပဒေပြုဖို့အတွက် ဆွေးနွေးတဲ့အခါမှာတောင် ပွင့်လင်း
  မြင်သာမှုရှိဖို့ လိုပါတယ်။ ဒါမှ ပါဝင်
  ပတ်သက်မယ့် သူအားလုံးဟာ ဒီပြဋ္ဌာန်း
  မယ့်  ဥပဒေထဲမှာ ပါတဲ့အချက်အလက်
  တွေကို လေ့လာပြီးတော့ လိုရင်လိုသလို၊ ပိုရင်ပိုသလို ပြောဆိုနိုင် 
တဲ့အခါကျတော့ ဥပဒေမပြုခင်ကတည်းက အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်မယ်လို့ 
ထင်ပါတယ်။ တခြားဥပဒေတွေ ပြုပြင်တာတို့၊
  တချို့မသင့်တော်တဲ့ဥပဒေတွေ ဖယ်ရှားတာတို့လည်း လုပ်ရမှာပါ။ ဒါပေမယ့်
  ဘာပဲလုပ်လုပ် ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူကလည်း ပါဝင်ပတ်သက်နိုင်မယ်
  လို့ ကျွန်မထင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Myanmar Times 


No comments:
Post a Comment