Friday, August 3, 2012

"စိုးမြတ်သူဇာကို အားကျတဲ့ အေးမြတ်သူ"

Ever November | 8/03/2012 10:35:00 PM | Best Blogger Tips

ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ ‘အာဝါ ဟ ဝိဝါဟ’ ဇာတ်ကားမှာ အေးမြတ် သူက ရဲအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ တို့နဲ့အတူ ပါဝင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကား ထဲမှာ အေးမြတ်သူ က စိတ်ဆိုးလွယ်ပြီး ပေါက်ကွဲတတ်တဲ့ ကောင်မလေး
နေရာက ပါဝင် သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်ကားထဲမှာ အေးမြတ်သူက ဝါရင့် သရုပ်ဆောင်တွေ နဲ့ ရိုက်ကူးနေတာ ဖြစ်တဲ့အတွက် ဝါရင့်သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ စိုးမြတ်သူဇာ ရဲ့ သရုပ်ဆောင်ပိုင်း တွေကိုလည်း အရင်ကတည်းက အားကျ နှစ်သက်ခဲ့ပြီးတော့ အခုလို အတူတွဲပြီး သရုပ်ဆောင်တဲ့ အခါ မှာလည်း ဇာတ်ကား ရိုက်ကူးရင်းနဲ့ သရုပ်ဆောင် ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာ သင်ယူဖြစ် တယ် လို့ အေးမြတ်သူ ကပြောပါတယ်။
”စိုးမြတ်သူဇာ (မကြီးစိုး) ရဲ့အသံက သြဇာအာဏာ တအားပြည့်တယ်။ အသံပါဝါ ကလည်း တအားကောင်းတယ်။ သူ့ရဲ့ သရုပ်ဆောင်ပိုင်းတွေမှာ ဆိုရင်လည်း မျက်လုံး အကြည့်ပေါ့။ သူ့ကို တအားလည်း အားကျပြီးတော့ ကြိုက်လည်း ကြိုက်တယ်။ ပြီးတော့ သူ့ရဲ့ လက်ရှိ ရောက်နေတဲ့ အသက် အရွယ်မှာ ဆိုရင် သူ ဟာ တော်တော် လှတဲ့ မိန်းမ တစ်ယောက်ပေါ့။ ကိုယ်သာဆိုရင် သူ့လိုမျိုး အသက်အရွယ် ရောက်ရင် သူ့လိုမျိုး လှဖို့ မဖြစ်နိုင်ဘူး။ အရပ်အမောင်း လှခြင်းပေါ့။ အိုက်တင် ဆိုလည်း မျက်နှာ အနေအထား ကအစ၊ မျက်နှာပေး၊ မျက်လုံးကအစ သရုပ်ဆောင်တဲ့ အခါမှာ အိုက်တင်တွေက လျှံထွက် မနေဘူး။ တအား သဘာဝ ကျတယ် ။ နောက်ပြီးတော့ ထွန်းအိန္ဒြာဗို တို့၊ မကြီးစိုးတို့ က သရုပ်ဆောင်တဲ့ အခါမှာ တအား သဘာဝ ကျတယ်။ အိုက်တင်ကိုက အိုဗာ ဖြစ်မနေဘဲ မျက်လုံး ပိုင်းက ဆိုရင်လည်း မျက်လုံးနဲ့ တစ်ချက် ကြည့်လိုက်တာနဲ့ ဘာကို ကြည့်တယ် ဆိုတဲ့ အိုက်တင်က အဲဒီလိုမျိုး ပါဝါ တအားကောင်းတယ်။ ပြီးတော့ အသံ ပါဝါပေါ့နော်။ အေးမြတ်သူ ဆိုရင် အသံ ပါဝါက စကားပြောရင် လောပြီး မြန်တဲ့ အကျင့်ရှိတယ်။ သူတို့ကျတော့ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ စကား တစ်လုံးချင်းစီကို ဘယ်လိုပဲ ပြောပြော အသံကြီး က အော်ပြီးတော့ ကျယ်နေတာမျိုး မဟုတ်ဘဲ နဲ့ အသံကိုက အရှိန်အဝါ တစ်ခု ပါနေတာပေါ့နော်။ အဲဒီလိုမျိုးလေးတွေ ကို သတိထားဖြစ်တယ်။ အိုက်တင် ဆိုရင်လည်း သူဘယ်လို အိုက်တင်လေး လုပ်လိုက်လဲ၊ ဘယ်နေရာ ဘယ်လိုသရုပ်ဆောင်လိုက်လဲ ဆိုတာကို ကြည့်တယ်။ မျက်နှာ အနေအထား၊ အမူအရာက အစ လေ့လာ သင်ယူ ဖြစ်တယ်” လို့ ပြောပါတယ်။ အေးမြတ်သူက ဇာတ်ကား ရိုက်တဲ့အခါ မှာလည်း ဇာတ်ကို သေချာ ဖတ်ပြီးတော့ အပြင်မှာ ကိုယ်တိုင် သီးသန့်လေ့လာ တာမျိုးတွေ မရှိဘဲ နဲ့ ပတ်ဝန်းကျင် မှာ ဖြစ်နေတဲ့ သဘော တရားတွေ ကိုပဲ သွားရင်းလာရင်း နဲ့ လေ့လာ ဖြစ်တယ်လို့ ပြောပြီး ဇာတ်ကားရိုက် များလာတဲ့ အတွက် လည်း ကိုယ်ရိုက်တဲ့ ဇာတ်ကားတွေ နဲ့ ပတ်သက် ပြီးတော့ အတွေ့ အကြုံ ကပဲ သင်သွားတယ် လို့ အေးမြတ်သူ က ပြောပါတယ်။
လွင်လွင်ထွန်း
popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1