Friday, August 3, 2012

ရန်ကုန်လိုင်းကဒ်အပေါ် ဒေသခံများ အကြိုက်တွေ့ခြင်းကို အခွင့်ကောင်းယူ၍ ဖုန်းဆိုင်အချို့ မတရားအမြတ်တင်လျက်ရှိ

Ever November | 8/03/2012 09:05:00 PM | Best Blogger Tips

မြန်မာ့ဆက်သွယ်ရေးမှ ငွေ ကျပ်နှစ်သိန်းဖြင့် ငှားရမ်းသုံးစွဲခွင့် ချပေးထားသော ဖုန်းလိုင်းကတ် များအနက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများ ပိုမို ကြိုက်နှစ်သက်ကြသည့် ရန်ကုန် လိုင်းကတ်များအား ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့၌ မတရား အမြတ်တင် ရောင်းချလျက်ရှိ ကြောင်း စုံစမ်းသိရှိရသည်။
““ဖုန်းဆိုင်မှာ နှစ်သိန်းတန် ဖုန်းသွားဝယ်တာ ၀ယ်တာက စမ်းချောင်းမှာဝယ်တာ။ အဲ့ဒီ ရောက်တော့ ဆိုင်ကမေးတယ်။ နယ်ကတ်ယူမှာလား။ ရန်ကုန်ကဒ် ယူမှာလားတဲ့ ကျွန်မကလည်း ဖုန်းဆက်လို့ရရင်ပြီးရောဆိုပြီးပဲ ၀ယ်တာလေ။ ဘာကတ်ညာကတ် နားမှ မလည်တာ။ သူကတော့ ပြောတယ်။ နယ်ကတ်လည်း တစ်နိုင်ငံလုံး ပြောလို့ရတာပဲတဲ့။ ဈေးကို မေးကြည့်တော့ နယ်ကတ် က နှစ်သိန်းငါးထောင် ရန်ကုန် ကတ်က နှစ်သိန်းသုံးသောင်းခုနစ် ထောင်တောင်။ ဖုန်းဝယ်တဲ့ သူ တွေပြော တာကတော့ ရန်ကုန် မှာဆို ရန်ကုန်ကတ်ဝယ်တာ ပိုကောင်းတယ်တဲ့။ ဒါပေမဲ့ ၀ယ်ယူသူတွေ စိတ်ဝင်စားတာကို အခွင့်ကောင်းယူပြီး ဒီလိုသုံး သောင်းကျော်ကြီး အမြတ်တင် တာကတော့ မတရားဘူး””ဟု စမ်းချောင်းမြို့နယ် ပဒုမ္မာ ကွင်းအနီးရှိ ဖုန်းဆိုင်တစ်ဆိုင်၌ ဖုန်းဝယ်ခဲ့သူတစ်ဦးမှ ပြောကြား သွားခဲ့သည်။
မကြာသေးမီ ကာလအတွင်း ကျပ်နှစ်သိန်းတန်ဖုန်းများ ချထား ပေးစဉ်က ကိုယ်စားလှယ်ရောင်းချ သူဆိုင်များအနေဖြင့် မတရား အမြတ်တင်ခဲ့သည့်အတွက် ပြည်သူ များ၏ သက်သာမှုကို ရှေးရှု၍ မြန်မာဆက်သွယ်ရေးမှ ကျပ်နှစ် သိန်းထက်ပိုမိုအမြတ်တင်ခြင်းအား တားမြစ်ခဲ့ပြီး အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းမှလည်း ယင်းသို့ အမြတ်တင်ပါက နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ခွဲဝေရေး စာချုပ် ချုပ်ဆိုဆောင်ရွက်သွားမည်ဖြစ် ကြောင်း အတိအလင်း ပြောကြား သွားခဲ့ပြီးဖြစ်သည်။ ထိုသို့ တာဝန် ရှိသူများနှင့် တာဝန်ရှိအဖွဲ့အစည်း များမှ ပြည်သူများ ချောင်ချိသက် သာစွာ တယ်လီဖုန်း ငှားရမ်းသုံးစွဲ နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါ သော်လည်း ရန်ကုန်မြို့တွင်းရှိ ဖုန်းဆိုင်အများစု အနေဖြင့် ရန်ကုန်လိုင်းကတ်အား ဒေသခံ များ နှစ်သက်ကြခြင်းကို အခွင့် ကောင်းယူကာ မတရားအမြတ် တင်လျက်ရှိပြီး အမည်ပေါက်ဝယ် ယူရာ ငှားရမ်းစာချုပ်၌လည်း မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ် ထားသော ဖုန်းတန်ဖိုးငွေနေရာ၌ ကျပ်နှစ်သိန်းဟုသာ ရေးသား ထားပြီး ပိုမိုတောင်းခံသော အမြတ်ငွေများအား ဖော်ပြခြင်း မရှိကြောင်း လေ့လာသိရှိရသည်။
လေလှိုင်းစစ်သည်
Hot News Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1