“ကျောင်းသား၊ ကျောင်းသူတိုင်း ကျောင်းသားကဒ်ချိတ်ဆွဲပြီးမှ ဝင်ရောက်ခွင့်ပြုမည်”
“ကျောင်းတွင်းအတွင်း မည်သည့်ယာဉ်မှ မဝင်ရ”
“ကျောင်းသားကျောင်းသူများ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ရမည်”…
အထက်ပါ စာတမ်းများကတော့ ယနေ့ခေတ် တက္ကသိုလ်တက်နေသော
မည်သည့်တက္ကသိုလ်ကျောင်းသား ကျောင်းသူ မဆို နေ့စဉ်
ကျောင်းဝင်ပေါက်ရောက်တိုင်း မြင်တွေ့နေရသော စည်းကမ်းဆိုင်းဘုတ်များပင်
ဖြစ်သည်။ ထို့အပြင် ..
“ဤတက္ကသိုလ်ဝင်းအတွင်း မည်သူမဆို လုံခြုံရေးအရ စစ်ဆေးခံရမည်”
“ကျောင်းသားများ ဘောင်းဘီရှည်မဝတ်ရ”
“ကျောင်းသူများ ပန်းမပန်ရ၊ သနပ်ခါးမလိမ်းရ”
“စာသင်ချိန်အတွင်း စားသောက်ဆိုင်တန်းတွင် ရှိမနေစေရ”
“ကျောင်းသားနားနေဆောင် (RC) ကို မည်သည့်ကျောင်းသူမှ မလာရ”
“ကျောင်းသူနားနေဆောင်ကို မည်သည့်ကျောင်းသားမှမလာရ”
စသည့်စသည့် စည်းကမ်းဆိုင်းဘုတ်များကိုလည်း ကျောင်းဝင်းအနှံ့ နေရာမျိုးစုံတွင် လက်ညှိုးထိုးမလွဲ စိုက်ထူထားသည် ကို နေ့စဉ် အမြဲတွေ့ရှိနေရသည်။
“ကျောင်းသားများ ဘောင်းဘီရှည်မဝတ်ရ”
“ကျောင်းသူများ ပန်းမပန်ရ၊ သနပ်ခါးမလိမ်းရ”
“စာသင်ချိန်အတွင်း စားသောက်ဆိုင်တန်းတွင် ရှိမနေစေရ”
“ကျောင်းသားနားနေဆောင် (RC) ကို မည်သည့်ကျောင်းသူမှ မလာရ”
“ကျောင်းသူနားနေဆောင်ကို မည်သည့်ကျောင်းသားမှမလာရ”
စသည့်စသည့် စည်းကမ်းဆိုင်းဘုတ်များကိုလည်း ကျောင်းဝင်းအနှံ့ နေရာမျိုးစုံတွင် လက်ညှိုးထိုးမလွဲ စိုက်ထူထားသည် ကို နေ့စဉ် အမြဲတွေ့ရှိနေရသည်။
၎င်းစည်းကမ်းများသည် တက္ကသိုလ်တခုတည်းတွင် ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ
မြန်မာတနိုင်ငံလုံးရှိ တက္ကသိုလ်အား လုံးတွင် ထုတ်ပြန်ထားသော စည်းကမ်းများ
ဖြစ်သည်။ အဆိုပါစည်းကမ်းများသည် အနှစ်လေးဆယ် နှစ်ရှည်ပညာရေး
စီမံကိန်း၏ အတွင်းသရုပ်အဖြစ်လည်းကောင်း အစိုးရ၏ပညာရေးနှင့် ကျောင်းသားကျောင်းသူများအပေါ် ထားရှိသော မူဝါဒတရပ်အဖြစ်လည်းကောင်း ရှုမြင်သူနည်းလှပေသည်။ အပေါ်ယံအမြင်တွင် ကျောင်းသားကျောင်းသူများစည်းကမ်းပြည့်ဝ သေဝပ်စေရန်ချမှတ်ထားသောစည်း
စီမံကိန်း၏ အတွင်းသရုပ်အဖြစ်လည်းကောင်း အစိုးရ၏ပညာရေးနှင့် ကျောင်းသားကျောင်းသူများအပေါ် ထားရှိသော မူဝါဒတရပ်အဖြစ်လည်းကောင်း ရှုမြင်သူနည်းလှပေသည်။ အပေါ်ယံအမြင်တွင် ကျောင်းသားကျောင်းသူများစည်းကမ်းပြည့်ဝ သေဝပ်စေရန်ချမှတ်ထားသောစည်း
ကမ်းများဟု ထင်ကောင်းထင်နိုင်သော်လည်း
နက်နဲစွာ တွေးဆကြည့်ပါက ကျောင်းသားထုတရပ်လုံးကို လွတ်လပ်စွာ
တွေးတောဆင်ခြင်နိုင်စွမ်းအား (creative thinking) ကို တင်းကြပ်စွာ ချုပ်
ကိုင်ထားပြီး အမိန့်နာခံသေဝပ်မှု (obedience) ရှိသွားစေရန်
ရည်ရွယ်ချက်ရှိရှိ တားမြစ်ထားမှန်း သိသာစေပါသည်။
တနည်းဆိုရသော် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ
မွေးထုတ်ပေးနိုင်သော ပညာရေးစနစ်မဟုတ် ဘဲ၊ နောက်လိုက်ကောင်းများ
မွေးထုတ်ပေးနေသော ပညာရေးတခုကို ရုပ်လုံးဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
အင်္ဂ လိပ်အစိုးရ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်အခါက ၎င်းတို့၏ ဗျူရိုကရေစီ
အုပ်ချုပ်ရေး ယန္တယားလည်ပတ်စေရန်အတွက် အင်္ဂ လိပ်အရာရှိများလက်အောက်တွင်
အမှုထမ်းနိုင်မည့် တိုင်းရင်းသား (ICS) အရာရှိများကို မွေးထုတ်ပေးသော
ကျွန်ပညာ ရေးစနစ်နှင့် များစွာထူးမခြားနားလှကြောင်း သုံးသပ်တွေ့ရှိရသည်။
ယနေ့ခေတ် အုပ်ချုပ်ရေးကဏ္ဍတွင် အုပ်ချုပ်သူလူတန်းစားအဖြစ် အင်္ဂလိပ်အရာရှိဆိုးများ မရှိသော်လည်း ထိုအင်္ဂလိပ်အရာရှိဆိုးများနေရာတွင် စစ်တပ်မှအငြိမ်းစားယူ၍ အရပ်ဖက်ပြောင်းလာသော အရာရှိများနှင့် စစ်တပ်မှတိုက်ရိုက်ခန့်အပ်ထားသော စစ်သားဆန်သည့် အရပ်ဖက်အရာရှိဆိုးများအစိုးရဌာနအသီးသီးတွင် အစားထိုးမင်းမူကြီးစိုးနေကြကြောင်း ပြည်သူတရပ်လုံး အသိပင်ဖြစ်သည်။ ၎င်းအရာရှိဆိုးများလက်အောက်တွင်မှ မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ဘွဲ့ရလာသော လူငယ်မောင်မယ်များက အင်္ဂလိပ်အစိုးရလက်ထက် မြန်မာ (ICS)
အရာရှိများကဲ့သို့ ဝင်ရောက်အမှု ထမ်းနေကြရပြီး စစ်အစိုးရတဖြစ်လဲ
ကြံ့ဖွံအစိုးရ၏ “အထက်ဖားအောက်ဖိ ဗျူရိုကရေစီယန္တယား” ကို လှုပ်ရှားလည်ပတ်
အောင် အကောင်အထည်ဖော်နေကြရပေသည်။
စစ်အစိုးရအနေဖြင့် ထိုသို့ အုပ်ချုပ်ရေးယန္တယား ဖြစ်ပေါ်လည်ပတ်လာစေရန်
ပညာရေးကဏ္ဍကို တဆင့်ချင်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြီးခဲ့သည့်
ဆယ်စုနှစ်နှစ်ခုအတွင်း (၁၉၈၈ မှ ၂ဝ၁ဝ ကာလ) ၎င်းတို့ အာဏာသိမ်းပြီး
သည့်အချိန်မှစ၍ လုပ်ဆောင်ချက်များကို ပြန်လေ့လာကြည့်ပါက
လယ်ပြင်မှာဆင်သွားသလို ထင်ရှားစွာ သိမြင်နိုင်ပါ သည်။
၁၉၈၈ အရေးတော်ပုံ မတိုင်ခင်ကာလက ရန်ကုန်မြို့ရှိ လှည်းတန်းလမ်းဆုံမှ
အင်းစိန်မြို့နယ်အထိ ပြည်လမ်းတလျှောက် သည် တက္ကသိုလ်အများစုတည်ရှိသည့်
တက္ကသိုလ်နယ်မြေဖြစ်ပြီး ထိုတက္ကသိုလ်နယ်မြေသည် တက္ကသိုလ်ပေါင်းစုံမှ မြန်
မာနိုင်ငံဒေသအသီးသီးရှိ အနာဂတ်ခေါင်းဆောင် ပညာတတ်လူငယ်များ စုစည်းညီညွတ်စွာ
လှုပ်ရှားရှင်သန်ခဲ့ရာ ဘူမိ နက်သန် ဖြစ်ခဲ့သည်။ ထို့ကြောင့်
ပညာရေးကဏ္ဍဖြစ်စေ၊ နိုင်ငံတော်အတွင်း အခြေနေအကြောင်းတစုံတရာပေါ် ပေါက်
လျှင်ဖြစ်စေ၊ အစိုးရက မှားယွင်းသောပေါ်လစီများ ချမှတ်လျှင်ဖြစ်စေ
အုပ်ချုပ်သူလူတန်းစား အစိုးရနှင့် အနာဂတ် ခေါင်း ဆောင်လူငယ်တို့အကြား
ခေတ်အဆက်ဆက် ပဋိပက္ခဖြစ်ပွားရာ နေရာတခုဖြစ်ခဲ့သည်။
အဆိုပါ အင်အားစုနှစ်ခု (တနည်းအားဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ)
တို့အကြား စုစည်းညီညွတ်မှု အင်အားချိန်ခွင်လျှာ ညီမျှနေသဖြင့် အုပ်ချုပ်သူ
အစိုးရဘက်မှ အလျှော့ပေးလိုက်လျောခဲ့ရသည့် ဖြစ်စဉ်များလဲ ရှိခဲ့ပေသည်။ ၁၉၈၈
ခုနှစ် စစ် အာဏာသိမ်းပြီး နဝတ စစ်အစိုးရတက်ခါစ အချိန်မှစ၍ ထိုသို့
စုစည်းညီညွတ်နေသော အင်အားစုတခုဖြစ်သော ပညာ တတ်လူတန်းစား ကျောင်းသားများကို
ရည်ရွယ်ချက်ရှိစွာ ဖြိုခွဲသည့်လုပ်ရပ်များကို စနစ်တကျဆောင်ရွက်ခဲ့သည်။
တက္ကသိုလ်ကျောင်းများကို အနယ်နယ်အရပ်ရပ်တွင် တည်ဆောက်ဖွင့်လှစ်၍
ကျောင်းသားအင်အားစု၏ စုစည်းညီညွတ် မှုကို ဖြိုခွဲခြင်း၊
သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာအဆင့်မီ ခေတ်နဲ့လျှော်ညီစွာ
ပြုပြင်ခြင်းမရှိဘဲ အမိန့်နာခံတတ်စေရန် သင်ကြားခြင်း၊ တချိန်က
လက်နက်နိုင်ငံတော်တည်ထောင်ခဲ့သည့် သမိုင်းများ၊
ရှင်ဘုရင်ဘုန်းတော်ဘွဲ့များ၊ ရှေးရိုးစွဲအယူ အဆ အတိတ်နိမိတ်များစသည့်
သင်ရိုးများကိုသာ ပြဋ္ဌာန်းခြင်းများကို ပြုလုပ်ခဲ့ပြီး လူငယ်ထုအတွင်း
အမိန့်နာခံတတ်မှု၊ သစ္စာစောင့်သိမှုနှင့် အားကြီးသူနိုင်စတမ်းစိတ်ဓာတ်များ
ရိုက်သွင်းခဲ့ပြီး မြန်မာ့ပညာရေးနှင့် အနာဂတ်ခေါင်းဆောင်များ၏ စိတ်ဓာတ်ကို
ရိုက်ချိုးဖျက်ဆီးခဲ့သည်။
အခြားတဖက်တွင် ဖြိုခွင်းဖျက်ဆီးလိုက်သော အနာဂတ်ခေါင်းဆောင်
လူငယ်အင်အားစုနေရာတွင် အရံသင့် အစားထိုး နိုင်ရန်အတွက်လည်းကောင်း၊
ဗျူရိုကရေစီ ပညာရေးစနစ် (Bureaucracy Education System) မှ
မွေးထုတ်ပေးလိုက် သော နောက်လိုက်ကောင်း ဗျူရိုကရက်များကို
အုပ်ချုပ်ရန်အတွက်လည်းကောင်း၊ စစ်အစိုးရတရပ်လုံး (Military Government
Institution) ကို အင်အားကောင်းအောင် နိုင်ငံတော်တခု (State) အတွင်း
အခြားနိုင်ငံတော် (State) တခု သွပ်သွင်းတည်ဆောက်သည့် နည်းလမ်းဖြင့်
တည်ဆောက်ခဲ့ကြသည်။
ထင်ရှားသော လုပ်ဆောင်ချက်များမှာ အရပ်ဖက် ဆေးတက္ကသိုလ်များ၊
နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ် များ ရှိပြီးသားဖြစ်သော်လည်း
စစ်ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ တပ်မတော်သူနာပြုတက္ကသိုလ်များ
ထပ်မံတည်ဆောက်ပြီး စစ်တပ်အဖွဲ့အစည်းကြီး (Military Institution) တခုလုံး
အင်အားကောင်းအောင် ဖန်တီးခဲ့သည်။ ထိုသို့ဖန်တီးခြင်းဖြင့်
ယခင်ကတက္ကသိုလ်ဘွဲ့ရပြီးမှ စစ်တပ်တွင် အမှုထမ်းခဲ့သော “ကျောင်းသားဆန်သော
စစ်အရာရှိ များ” နေရာတွင် တက္ကသိုလ်ဝင်တန်းအောင်ပြီး အတွေးအခေါ်နုနယ်သေးသော
လူငယ်လူရွယ်များကို စစ်တပ်အတွင်း တိုက်ရိုက်သွပ်သွင်း၍ “စစ်သားဆန်သော
အရာရှိများ” အဖြစ် အစားထိုး၍ အထက်အောက်အမိန့်နာခံတတ်မှု သစ္စာ
စောင့်သိကျိုးနွံမှုတို့ ပိုမိုခိုင်မာလာပြီး ဗျူရိုကရက်စစ်အုပ်ချုပ်ရေး
ယန္တရားတွင်အားကိုးရသော အရာရှိများနှင့် လှုပ်ရှား လည်ပတ်စေခဲ့သည်။
အရပ်ဘက်တက္ကသိုလ်များမှ ဘွဲ့ရရှိလာသော လူငယ်မောင်မယ်များမှာ မည်မျှပင်
တော်နေတတ် နေသည်ဖြစ်စေ စစ်တပ်မှခန့်အပ်ထားသော အငြိမ်းစားစစ်အရာရှိများ၊
အရပ်ဖက်ပြောင်းလဲတာဝန်ထမ်းဆောင်နေသော စစ်အရာရှိများ၏ လက်အောက်တွင်
စစ်တပ်ပုံစံအုပ်ချုပ်ခံအဖြစ် လည်ပတ်အမှုထမ်းနေရင်း ၎င်းတို့ကိုယ်တိုင် မသိလိုက်
ပါဘဲ “ဗျူရိုကရေစီစစ်အုပ်ချုပ်ရေးယန္တယား” ၏ အုပ်တချပ်၊ သဲတပွင့်အနေနှင့်
အသုံးချခံနေကြရရှာသည်။
၁၉၈၈ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံကို ခေတ်အဆက်ဆက် အုပ်ချုပ်လာသော
အစိုးရသည် နဝတ၊ နအဖ၊ ကြံ့ဖွတ်အစိုးရ အဖြစ်မည်မျှပင်
အမည်ပြောင်းလဲခဲ့သော်လည်း ပညာရေးစနစ်အပေါ် ဖွံ့ဖြိုးတိုးတက်လောစေရန်
စိတ်ရင်းစေတနာအမှန် တကယ်မရှိဘဲ စစ်အုပ်ချုပ်ရေး အခြေခံခိုင်မာလာစေရန်သာ
ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားပါ သည်။ ယနေ့ခေတ် ပညာရေး၏
ယိုပေါက်များဖြစ်သော နိုင်ငံတကာအဆင့်မမီတော့သော သင်ရိုးများ၊ အမှန်တကယ်
တတ်မြောက်စေခြင်းမရှိသော သင်ကြားရေးနည်းစနစ်များ၊ ငွေပေးအတန်းအောင်နေသော
အကျင့်ဆိုးများကို ပြုပြင်ခြင်း မရှိဘဲ စည်းမျဉ်းစည်းကမ်းများသာ
တမျိုးပြီးတမျိုး ထုတ်ပြန်၍ တက္ကသိုလ်ဝင်းကို အကျဉ်းထောင်အဖြစ် ပြောင်းလဲနေ
ခြင်းကို ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူတို့ကိုယ်တိုင် သိမြင်နားလည်ကြဖို့
လိုပါသည်။
စာရွက်ပေါ်မှာသာရှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုနည်းသော
မူလတန်းအခမဲ့ပညာရေးစနစ်၊ အမှန် တကယ် တတ်မြောက်ခြင်းမရှိဘဲ အချိန်မတန်ခင်
အလုပ်သမားဖြစ်သွားရသော ကျောင်းသားကျောင်သူများ၊ တက္ကသိုလ် ဝင်းနား
တခေါ်စာပင်မဝေးသော အရက်ဆိုင်များအတွင်း မူးရစ်နေကြသော ကျောင်းသားများ၊
အနယ်နယ်အရပ်ရပ်မှ မိဘမျက်ကွယ်တွင် ကျောင်းလာတက်ရင်း အရှက်တကွဲအကျိုးနည်း
ဖြစ်နေကြသော အဆောင်နေ ကျောင်းသူများ၊ ရပ် ကွက်အတွင်း ဆိုးသွမ်းလူငယ်များ၊
ကားစပယ်ယာများနှင့် မကြာခဏ ရိုက်ပွဲဖြစ်နေကြသော ကျောင်းသားများ၊ တက္က
သိုလ်ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားနေသော (Day Club) များ၊
(show) ပွဲများ စသည်တို့သည် မတော် တဆဖြစ်ပျက်နေခြင်းမဟုတ်ဘဲ တမင်တကာ
ကြံရွယ်ကျုံးသွင်းလုပ်ဆောင်နေမှု တမင်တကာ ပြုပြင်မှုမရှိခြင်းတို့ကြောင့်
ဖြစ်နေကြရကြောင်းကို ကျောင်းသားထုတရပ်လုံး သတိပြုမိဖို့ လိုပါသည်။
ပညာရေးစနစ် ယိုယွင်းမှု၏ ပြယုဂ်အဖြစ် ယနေ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ အခက်အခဲများကို အနည်း
ငယ်တင်ပြလိုပါသည်။ ဗမာ့တက္ကသိုလ်ပညာရေးကို အဝေးသင်တက္ကသိုလ် ပညာရေးနှင့် နေ့သင်တန်း တက္ကသိုလ်ပညာ
ရေးအဖြစ် နှစ်မျိုးခွဲခြားထားပြီး နေ့သင်တန်း (Day) မှာ အထူးသဖြင့် ငွေကြေးအတန်အသင့်သုံးစွဲနိုင်သော အထက်တန်း
လွှာနှင့် အလယ်အလတ် လူတန်းစားများ၏ သားသမီးများ တက်ရောက်သင်ကြားကြပြီး အဝေးသင်တက္ကသိုလ် (U.D.E) မှာတော့ အခြေခံလူတန်းစားများနှင့် ဝန်ထမ်းသားသမီးများ၊ အလုပ်တဘက်နှင့် ကျောင်းတက်နေရသော ကျောင်းသား
ကျောင်းသူများ တက်ရောက်ကြပါသည်။ နေ့သင်တန်း (Day) တွင်တက်ရောက်နေကြသော ကျောင်းသားကျောင်းသူ အများစုမှာ ဓါတ်ခွဲခန်းကြေး၊ ကျောင်းဝင်ကြေးများကို ကျောင်းအပ်တိုင်း မပျက်မကွက် ပေးသွင်းနေရသော်လည်း လက် တွေ့တွင် မပြည့်စုံသော စက်ပစ္စည်းဓါတ်ခွဲခန်း ကိရိယာများကို သာသုံးစွဲနေကြရသည်။
ငယ်တင်ပြလိုပါသည်။ ဗမာ့တက္ကသိုလ်ပညာရေးကို အဝေးသင်တက္ကသိုလ် ပညာရေးနှင့် နေ့သင်တန်း တက္ကသိုလ်ပညာ
ရေးအဖြစ် နှစ်မျိုးခွဲခြားထားပြီး နေ့သင်တန်း (Day) မှာ အထူးသဖြင့် ငွေကြေးအတန်အသင့်သုံးစွဲနိုင်သော အထက်တန်း
လွှာနှင့် အလယ်အလတ် လူတန်းစားများ၏ သားသမီးများ တက်ရောက်သင်ကြားကြပြီး အဝေးသင်တက္ကသိုလ် (U.D.E) မှာတော့ အခြေခံလူတန်းစားများနှင့် ဝန်ထမ်းသားသမီးများ၊ အလုပ်တဘက်နှင့် ကျောင်းတက်နေရသော ကျောင်းသား
ကျောင်းသူများ တက်ရောက်ကြပါသည်။ နေ့သင်တန်း (Day) တွင်တက်ရောက်နေကြသော ကျောင်းသားကျောင်းသူ အများစုမှာ ဓါတ်ခွဲခန်းကြေး၊ ကျောင်းဝင်ကြေးများကို ကျောင်းအပ်တိုင်း မပျက်မကွက် ပေးသွင်းနေရသော်လည်း လက် တွေ့တွင် မပြည့်စုံသော စက်ပစ္စည်းဓါတ်ခွဲခန်း ကိရိယာများကို သာသုံးစွဲနေကြရသည်။
အခြားတဖက်တွင် မြင့်မားလာသော ကုန်ဈေးနှုန်းနှင့်အပြိုင် ဈေးတက်လာသော
ကျူရှင်ခများ၊ စာအုပ်စာတမ်း စာရေး ကိရိယာဖိုးနှင့် ဖယ်ရီကားခကိုလဲ
လစဉ်မှန်မှန် ကြိုးစားပေးဆောင်နေကြရသည်။ ပြင်ပ စားသောက်ဆိုင်များ၏
ဈေးနှုန်း ထက်ကြီးမြင့်နေသော ကျောင်းစားသောက်ဆိုင်များ၏ တဖက်တလမ်းမှ
နှိပ်စက်မှုဒါဏ်ကိုလည်း ခံနေကြရသည်။ ထို့ပြင် ကျောင်းခေါ်ချိန်(၇၅%)
မပြည့်မှု၊ ကျောင်းစည်းကမ်းများဖောက်ဖျက်မှု စသည့်ပြစ်ချက်များကြောင့်
ကျောင်းထုတ် ကျောင်းနားခံနေရသော ကျောင်းသားကျောင်းသူများကလည်း
ဒုနှင့်ဒေးပင်။
မပီပြင်သော သင်ကြားရေးစနစ်များကြောင့် အမှန်တကယ် ပညာတတ်မြောက်ခြင်း
မရှိသော်လည်း “မအောင်မနေရ ပညာရေးစနစ်” အရ စာမေးပွဲကျရှုံးသော ဘာသာရပ်များအား
ပြန်လည်ဖြေဆိုကြရပြီး ဘွဲ့ရသွားသော ကျောင်းသား ကျောင်းသူများကလည်း
မရေမတွက်နိုင်အောင် များပြားလှသည်။ တက္ကသိုလ်ဆရာ၊ ဆရာမများသည်လည်း အနှစ်မရှိ
သော ပညာရေးစနစ်၏ ရိုက်ခတ်မှုဒဏ်ကို ခံနေကြရသည်။ သတ်မှတ်ကာလ
အပိုင်းအခြားအတွင်း သင်ကြားမှုပြီးစီးရ မည်ဟု ပညာရေးဝန်ကြီးဌာနမှ
ချမှတ်ပေးထားသော သင်ခန်းစားများသင်ကြားပြီးမြောက်၍ အထက်လူကြီးများ၊ ပါမော
က္ခများ ငြိုငြင်ခံရမှုမရှိစေရန်တပည့်များနားလည်သည်ဖြစ်စေ၊နားမလည်သည်ဖြစ်စေ
တတ်သုတ်ရိုက် သင်ကြားနေကြရ ပြီး ပညာရေးနှင့် ကျောင်းသားကျောင်းသူများ
အရေးကိစ္စများတွင်တော့ ခပ်လျှိုလျှိုနေတတ်သော အမူအကျင့်မှာ ယနေ့
တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အလေ့အထတခု ဖြစ်လာနေသည်။
ထိုသို့ အာမခံချက်မရှိသော ပညာရေးစနစ်ကြောင့်
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအများစုမှာ တက္ကသိုလ်ပညာရေး
သင်ကြားရင်းတဖက်မှလည်း အခြားပညာရပ်သင်တန်းများကို ငွေကုန်ကြေးကျခံကာ
သင်ယူနေကြရသည်။ ယခုခေတ် တက္ကသိုလ်ကျောင်းသားကျောင်းသူအများစုမှာ
မိမိတို့သင်ကြားနေကြရသော ပညာရေးစနစ်အပေါ် ယုံကြည်မှုလုံးဝကင်း မဲ့နေကြပြီး
ဤပညာရေးစနစ်အရ ရရှိလာမည့်ဘွဲ့ကို အဆောင်အယောင်ဂုဏ်တခု၊ ပြယုဂ်တခုအဖြစ်သာ
သတ်မှတ်ထား ကြသည်။ တက္ကသိုလ်များမှ ရရှိလာသောဘွဲ့မှာ ဘဝရပ်တည်ရေးအတွက်
အလုပ်တနေရာစာမျှလောက်ကိုပင် အာခံချက် မရှိခြင်းကြောင့် ပညာရေးစနစ်နှင့်
ဘွဲ့အပေါ်တန်ဖိုးမထားခြင်းမှာ များစွာထူးခြားလှသော အကြောင်းအရာတခုတော့
မဟုတ်ပေ။
ထို့ကြောင့် ဘွဲ့ရရှိပြီးပါကသင်တန်း တခုခုတတ်၍ နိုင်ငံခြားထွက်
အလုပ်လုပ်ကြခြင်း ဓလေ့မှာ လူငယ်များအကြား ခေတ် ပေါ်ယဉ်ကျေးမှုအဖြစ်
မြန်မာနိုင်ငံတွင် အဆမတန် ကြီးထွားလာနေခြင်းဖြစ်ပြီး
မြန်မာ့လူ့ဘောင်အတွင်းတွင် အခြားဖွံ့ဖြိုး ဆဲနိုင်ငံများထက်ပို၍
ဦးနှောက်ယိုစီးမှုပြဿနာကို ပိုမိုရင်ဆိုင်လာနေကြရခြင်း ဖြစ်သည်။
ကျောင်းသားလူငယ်ထုအတွင်း မိမိတို့သင်ကြားနေကြရသောပညာရေးစနစ်အပေါ်အယုံအကြည်မရှိတော့ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အကြီး မားဆုံးသော
ပြဿနာတခုပင် ဖြစ်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်ကာလက ရန်ကုန်တက္ကသိုလ်သည်
အရှေ့တောင် အာရှတွင် ထိပ်တန်းတက္ကသိုလ်ကြီးတခု ဖြစ်ခဲ့ခြင်းသည် ယနေ့ခေတ်
လူငယ်ကျောင်းသားများအတွက် ယုံတမ်းပုံပြင် တခုအဖြစ်သာ အတိတ်ကာလတွင်
ကုန်လွန်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနေခြင်း၊ အခြားနိုင်ငံများနှင့်ယှဉ်လျင် နည်းပညာကွာဟချက် ကြီးမားနေခြင်း၊ နိုင်ငံတော်၏ သာမန် အခြေအနေလေးအတွင်းပင် ပြည်သူတိုင်း ရှင်သန်ရပ်တည်ရေး ခက်ခဲနေခြင်း
အရင်းခံပြဿနာဇစ်မြစ်သည် အမှန် စင်စစ်အားဖြင့် စနစ်တကျဖြိုခွင်းခံထားရသော
ပညာရေးစနစ်ကြောင့်ဖြစ်ကြောင်းကို ကျောင်းသားကျောင်းသူတိုင်း သ
ဘောပေါက်နားလည်ကာ အဖက်ဖက်က ပျက်စီးယိုယွင်းနေသော မိမိတို့ပညာရေးစနစ်ကို
မိမိတို့ကိုယ်တိုင် ပြုပြင်ပြောင်း လဲ၍ ဒီမိုကရေစီ ပညာရေးနစ်ဆီသို့ဦးတည်ချီတတ်ကြဖို့အချိန်တန်ပြီဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်
naytthit.netဗကသများအဖွဲ့ချုပ်
No comments:
Post a Comment