Friday, August 3, 2012

အချိုရည်နှင့်အားဖြည့်အချိုရည်များအား တစ်ပတ်(၂)ဗူးသာ သောက်သုံးသင့်

Ever November | 8/03/2012 09:59:00 PM | Best Blogger Tips
အချိုရည်နှင့် အားဖြည့်အချိုရည်များအား အလွန်အကျွံသောက်သုံးခြင်းဖြင့်အရိုးပါး ရောဂါ ၊ဆီးလမ်းကြောင်းကျောက်တည် သည့်  ရောဂါ၊ဆီးချိုနှင့်အဝလွန်ရောဂါများပါဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်များထံကသိရှိရသည်။
 
အချိုရည်သောက်သုံးလျှင် တစ်ပတ်လျှင် အချိုရည် (၂)ပုလင်းခန့်သာ သောက်သုံးသင့်ကြောင်း သိရှိရသည်။
 
“အချိုရည်ရဲ့ ကျန်းမာရေးအန္တရာယ်တွေဟာ နေ့ခြင်းညခြင်းပေါ်ပေါက်လာမှာ မဟုတ်ပေမယ့် နောင် စွဲစွဲလမ်းလမ်းသောက်ပါများရင် မလိုလားအပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် ဆင်ဆင်ခြင်ခြင် သောက်သုံးဖို့လိုပါတယ်’’ဟုအလုံမြို့နယ် မှဒေါက်တာ မြင့်ဦးက ပြောသည်။
 
သောက်သုံးရာတွင် ခွက်ထဲထည့်သွင်း သောက်သုံးခြင်းထက် ပိုက်ဖြင့်စုပ်ယူသောက်သုံး ခြင်းသည် သွားများအားအက်ဆစ် မစားနိုင်အောင်ကာကွယ်ပေးနိုင်ကြောင်း ၊ သောက်သုံး ပြီးပါက သွားများပျက်ဆီးမှုမှ ကာကွယ်နိုင်ရန် ပလုတ်ကျင်းသင့်ကြောင်း ဆရာဝန်များက အကြံပြုပြောသည်။

ခွန်အားပြည့် အချိုရည်တွင် ကဖင်းဓါတ်အလွန်အကျွံထည့်သွင်းထားခြင်းကြောင့် ကိုယ်တွင်း ရေဓါတ်ခမ်းခြောက်လာခြင်း၊   သောက်သုံးသူ၏ပါးစပ်ထဲမှ အပေါ်ယံ ကြွေသွားလွှာများအား ပျက်စီးနိုင်ပြီး သွားပိုးစားခြင်း၊ အက်ဆစ်ဓါတ်သည် အစာအိမ်အား ပိုမိုဆိုးရွားနိုင်စေခြင်း၊  သကြားနှင့်အက်ဆစ်ဓါတ်များပါဝင်မှုကြောင့် အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ အရိုးပါးရောဂါများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။

“ပူပြင်းတဲ့ခြောက်သွေ့တဲ့ နွေရာသီမှာ ရေငတ်တယ်ပြီး အချိုရည်ပုလင်းတွေကို အလွန်အကျွံသောက်မယ့်အစား   ရေကိုပဲများများသောက်ပြီး အရည်ရွှမ်းတဲ့ လတ်လတ် ဆတ်ဆတ်သစ်သီးဝလံတွေကို ပိုမိုစားပေးသင့်ပါတယ်  ဟု”ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ ဆရာဝန်တစ်ဦးကပြောသည်။

ဒိုင်းမွန်းဘိလပ်ရည်စက်ရုံအား ပြည်သူပိုင်သိမ်းပြီးနောက် အစိုးရမှကြီးကြပ်ထုတ်လုပ်ခဲပြီး နောက်ပိုင်းတွင် လွယ်ဟိန်းကုမ္ပဏီမှ လက်ပြောင်းယူခဲ့ကြောင်း၊ထို့နောက် MGS,Zero အစရှိသည့်ကုမ္ပဏီများမှ ယခုအခါပုဂ္ဂလိကအချိုရည်စက်ရုံများ အပြိုင်အဆိုင်ပေါ်ပေါက်လာကြောင်း သိရှိရသည်။

အချိုရည်ဈေးကွက်အတွင်းတွင် Pepsi , Cola, Orange, Sprite, Lemon, Lychee, Sparkling, Sevev Up, Power၊ကျွဲရိုင်း၊လစ်ပို၊ပင်မှည့်၊မာလကာ၊ စတော်ဘယ်ရီ၊ စပျစ၊်ဘယ်ရီသီး၊ စသည့် အချိုရည်ဗူးနှင့် ပုလင်းများအား မြန်မာ၊ တရုတ်၊ထိုင်းနှင့် အိန္ဒိယနှင့်အခြားနိုင်ငံများက အင်္ဂလိပ်နာမည်မျိုးစုံဖြင့် အချိုရည်နှင့် အားဖြည့်အချိုရည်များ ထုတ်လုပ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
ယမင်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1